Thursday, June 27, 2019

နေပြည်တော် ဒုတိယမြို့တော်ဝန်ခန့်အပ်၊ နေပြည်တော်စည်ပင်ဘဏ်ဥက္ကဋ္ဌ ဦးရဲမင်းဦးကိုတာဝန်ပေး

နိုင်ငံတော်သမ္မတ ရုံးခွင့်ပြုချက်ဖြင့် အုပ်ချုပ်ရေး မြို့တော် နေပြည်တော်၏ ဒုတိယ  မြို့တော်ဝန်အဖြစ် နေပြည်တော်  စည်ပင်ဘဏ်ဥက္ကဋ္ဌ  ဦးရဲမင်းဦးကို ဇွန်လ ၂၅ ရက်စွဲဖြင့် ခန့်အပ် သည်။ ‘‘ဟုတ်ပါတယ်ခင်ဗျ။ သူသ တင်းလာပို့တဲ့ အချိန်မှာ မူတည်ပါ တယ်။ မြို့တော်ဝန်ကို သတင်း လာပို့တဲ့အချိန်က စပြီးတာဝန် ထမ်းဆောင်ရမှာပါ’’ ဟု နေပြည် တော် စည်ပင်သာယာရေးကော် မတီ အမြဲတမ်းအတွင်းဝန် ဦးမျိုး အောင်က အတည်ပြုပြောကြား သည်။



ဒုမြို့တော်ဝန်အဖြစ် ခန့် အပ်သော်လည်း ဦးရဲမင်းဦးသည် လက်ရှိတာဝန်ယူနေသည့် နေ ပြည်တော် စည်ပင်ဘဏ်ဥက္ကဋ္ဌ အဖြစ်လည်း ဆက်လက်တာဝန် ယူမည်ဖြစ်ကြောင်း ၎င်းကအ တည်ပြုသည်။

ပျဉ်းမနားဒေသခံတစ်ဦးဖြစ် သူ ကိုကျော်သူရက အခြား တိုင်း နှင့် ပြည်နယ်အချို့တွင် ဆောင် ရွက်နေသကဲ့သို့ လူမှုကွန်ရက်မှ တစ်ဆင့် ပြည်သူ့အသံ နား ထောင်ကာ လုပ်နိုင်သည့်ကိစ္စများ ကို ချက်ချင်းဆောင်ရွက်ပေးသည့် ပုံစံမျိုး ဒုမြို့တော်ဝန်ဦးရဲမင်းဦးက လုပ်ဆောင်ပေးစေလိုကြောင်း တောင်းဆိုသည်။

‘‘နေပြည်တော်ဆိုတာ နိုင်ငံ ရဲ့ အုပ်ချုပ်ရေးမြို့တော် ဖြစ်တဲ့ အတွက်ကြောင့် ဒီစည်ပင်သာ ယာရေးကော်မတီအောက်မှာ ရှိ တဲ့ လုပ်ငန်းတွေကို တစ်နိုင်ငံလုံး က အတုယူလေးစားရတဲ့၊ စံထား ရတဲ့မြို့အနေနဲ့ ဖြစ်ချင်တယ်’’ ဟု ၎င်းက ဆိုသည်။

အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးမောင်မောင်ဆွေက ‘‘ကျွန်တော်တို့ ပါတီအတွင်းက လူတစ်ယောက်ရေရှည် လက်တွဲ လုပ်ခဲ့သူက ဒုတိယမြို့တော်ဝန် ဖြစ်ခဲ့တဲ့အတွက် မြို့တော်ဝန်ရဲ့  လုပ်ငန်းတွေမှာ လိုအပ်ချက်တွေ ကို ကိုယ်စားလက်ခွဲတစ်ယောက် အနေနဲ့ အများကြီး ကူညီနိုင်ပါ လိမ့်မယ်’’ ဟု ပြောသည်။

ဒီချုပ်အစိုးရ ငါးနှစ်သက် တမ်း တစ်နှစ်ခွဲသာကျန်ချိန်တွင် နေပြည်တော်၌ ဒုတိယမြို့တော် ၀န် ခန့်အပ်မှုသည် အချိန်ကာလ အပေါ် မမူတည်ဘဲ ပြုပြင်ပြောင်း လဲစရာရှိသည့် ကဏ္ဍများကို ပြု ပြင်ပြောင်းလဲရန်လိုအပ်၍ ဖြစ် ပြီး  နေပြည်တော် စည်ပင်သာယာ ရေးကော်မတီလုပ်ငန်းများကို ပိုမိုထိန်းကျောင်းလာမည် ဖြစ် ကြောင်း ၎င်းက သုံးသပ်သည်။

မဇ္ဈိမ သတင်းဌာန၏ နေ ပြည်တော်အခြေစိုက် သတင်း ထောက် ကိုမင်းမင်းက သတင်း ရယူနိုင်ခွင့်နှင့်ပတ်သက်၍ အ သစ်ခန့်အပ်ခံရသည့် ဒုမြို့တော် ဝန်ကို သတင်းစကားပါးသည်။

‘‘သူတို့မီဒီယာကို ကြောက် တာလား၊ မီဒီယာရဲ့ သဘောသ ဘာဝကို နားမလည်တာလား တော့ မပြောတတ်ဘူး။ လူထု တွေ့ဆုံပွဲ လုပ်တာတောင် မီဒီ ယာကို သတင်းယူခွင့်မပြုဘူး’’ ဟု ၎င်းကပြောသည်။ ဒုမြို့တော်ဝန်အဖြစ်ခန့်အပ် ခံရသည့် ဦးရဲမင်းဦးသည် AGB ပုဂ္ဂလိကဘဏ်တွင် အကြံပေးအ ဖြစ်လည်း တာဝန်ယူခဲ့ဖူးပြီး အ မျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ၏ စီးပွားရေးကော်မတီနှင့် ပြန် ကြားရေး ကော်မတီတွင် ပါဝင်သူ  တစ်ဦးလည်း ဖြစ်သည်။

No comments:

Post a Comment