Thursday, June 27, 2019

မြန်မာ - ထိုင်းနယ်စပ် ထိုင်းနိုင်ငံ ချင်းဒွိုင်ရှိ လိုဏ်ဂူအတွင်းမှ စိတ်ကြွဆေးပြား (၅.၄)သန်းနှင့် အိုက်စ် (၁၈၅)ကီလိုကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ

မြန်မာနိုင်ငံနှင့်နယ်စပ် ထိုင်းနိုင်ငံ၊ ချင်းမိုင် နှင့် ချင်းရိုင်းအကြား ချင်းဒွိုင်ရှိ လိုဏ်ဂူအတွင်းဝှက်ထားသည့် စိတ်ကြွဆေးပြား (၅.၄)သန်းနှင့် အိုက်စ် (၁၈၅) ကီလိုကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။ အဆိုပါ မူးယစ်ဆေးများကို ထိုင်းစစ်တပ်နှင့် နယ်စပ်ရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့က မူးယစ်ဆေးသယ်ပို့ရာ လမ်းကြောင်းများကို ရှာဖွေဖေါ်ထုတ်ရာမှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။



အိမ်နီးချင်းနိုင်ငံဘက်မှ သယ်ဆောင်လာပြီး ထိုင်းနိုင်ငံအတွင်း ဆက်လက်သယ်ပို့မည့်မူးယစ်ဆေးများအား တောထဲတွင် ဝှက်ထားကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့ဖြင့် ပိုက်စိပ်တိုက်ရှာဖွေခဲ့ကြရာမှ သစ်တောအတွင်းရှိ လိုဏ်ဂူအတွင်းပိုင်းတွင် အိတ်ပေါင်း (၅၄)အိတ်ဖြင့် ထည့်ထားသည့် စိတ်ကြွဆေးပြား (၅.၄)သန်းနှင့် အိတ်ပေါင်း (၁၀)အိတ်တွင် ထည့်ထားသည့် အိုက်စ် (၁၈၅)ကီလိုတို့ကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံတွင်းသို့ မြန်မာနှင့် လာအိုနယ်စပ်များမှနေ၍ မူးယစ်ဆေး သယ်ပို့နေသည့် လမ်းကြောင်းများကို ပြောင်းလဲ အသုံးပြုလာကြသည်ဟု သတင်းစာရှင်းလင်းပွဲတွင် ရဲတပ်ဖွဲ့က ပြောကြားထားသည်။

No comments:

Post a Comment