Thursday, June 27, 2019

ဇနီးဟောင်းနှင့်တူသော ဆီလီကွန်ရုပ်ဝယ်ယူလိုသူ အသဲကွဲနေသည့်အမျိုးသား

ဇနီးကထားခဲ့မှုကြောင့် အသည်း ကွဲဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားနေရတဲ့ အမျိုးသားက သူ၏ ဇနီးနှင့်တူသော ဆီလီကွန်ရုပ်ကို ဝယ်ယူလိုနေကြောင်း သိရသည်။ အသည်းကွဲတယ်ဆိုတာ လျှို့ဝှက် ထား ရမဲ့ကိစ္စမဟုတ်ပါဘူး။ နှစ် ပေါင်းများစွာ အတူတူနေလာတဲ့ လူတစ်ယောက် မရှိတော့တဲ့အခါ ခံစားရတဲ့ဝေဒနာက အရမ်းပင် နက်ရှိုင်းပြီး ထိခိုက်နာကျင်စေ ကြောင်း ၄င်း၏ သတင်းကိုကြား ရသူများက ကိုယ်ချင်းစာစိတ် ဖြင့် ပြောသည်။ အမည်မဖော် လိုသူ အဆိုပါ အမျိုးသားသည် ပြီးခဲ့သည့်ရက်ပိုင်းက လက်ဇူရီ ဈေးရောင်းစင်တာကို ဆက်သွား ကာ အမျိုးသမီး ဆီလီကွန်ရုပ် တစ်ခုဝယ်ယူလိုကြောင်း၊ ယင်း ဆီလီကွန်ရုပ်က သူ့ထံမှ ထွက် ခွာသွားသူ ဇနီးဟောင်းနှင့်တူရန် လိုအပ်ကြောင်း၊ မှာယူသော ဆီ လီကွန်ရုပ်အား သူ၏ ဇနီးနှင့် တူညီရန် တစ်ယောက်ယောက်က ကူညီပေးနိုင်လိမ့်မည်ဟု မျှော် လင့်ကြောင်း ပြောခဲ့သည်။



အဆိုပါ အမျိုးသားနှင့် ၄င်း ၏ဇနီးသည် ၃၅ နှစ်နီးပါး အတူ တကွနေခဲ့ကြပြီး တစ်နေ့တွင် သူ ၏ ဇနီးက သူ့ကို မချစ်တဲ့အကြောင်း ပြောပြီး သူ့ကို ထားခဲခြင်းဖြစ် သည်။

"သူမ မရှိတော့တဲ့နောက် ကျွန်တော်အားလုံးကို မေ့ပစ်နိုင် ဖို့၊ နေ့ရက်တွေကို ပုံမှန်အတိုင်း သွားနိုင်ဖို့ကြိုးစားပါတယ်။ ဒါပေ မယ့် တစ်ခုခုကို ယူသွားသလို၊ တစ်ခုခုကို ဆုံးရှုံးလိုက်ရသလိုခံ စားရပြီး သူမအကြောင်းကိုလည်း မတွေးဘဲနဲ့ မနေနိုင်ပါဘူး" ဟု ၄င်းက ပြောသည်။

လက်ဇူရီကုမ္ပဏီသို့ ၄င်းရေး သောမတ်ဆေ့ခ်ျတွင် "ကျွန်တော့မှာ ပုံမှန်မဟုတ်တဲ့တောင်းဆိုမှု မျိုး တောင်းဆိုစရာရှိပါတယ်။ ကျွန်တော်ရဲ့ တောင်းဆိုမှုကို လက်ခံပြီး ကူညီပေးမယ်လို့လည်း မျှော်လင့်ပါတယ်။ ကျွန်တော့် တောင်းဆိုမှုကိုတော့ ကျေးဇူးပြု ပြီး မရယ်ကြပါနဲ့။ ကျွန်တော်က အားကုန်နေတဲ့ ဘတ္တရီတစ်လုံးလိုဖြစ်နေလို့ပါ" ဟုရေးခဲ့သည်။

၎င်းသည် အမျိုးသမီးဆီလီကွန် ရုပ်ထုတ်လုပ်ရောင်းချသော ကုမ္ပ ဏီများစွာကို သွားခဲ့သော်လည်း သူ့ မိန်းမနှင့် ခန္ဓာကိုယ်အချိုးအစား၊ အသားအရေ၊ မျက်လုံးနှင့် ဆံပင်အရောင်စသည်တို့ကို တူညီအောင် ဖန်တီးဖို့ မလွယ်ကူ ကြောင်း ပြောကာ ငြင်းပယ်ခဲ့ကြသည့်အတွက် လက်ဇူရီ စင်တာသို့ ရောက်လာရခြင်းဖြစ်သည် ဟုဆိုသည်။

No comments:

Post a Comment