Thursday, June 27, 2019

အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)၌ ပြန်လည်ပြင်ဆင် ပြီးစီးသွားသည့် ဗိုလ်ချုပ်အောင်ဆန်း စီးနင်းခဲ့သော မော်တော်ကား၊ ဗိုလ်ချုပ်ပုံပါ ငွေစက္ကူနှင့် တံဆိပ်ခေါင်းများကို ပြသထားမည်

Image may contain: one or more people, car and outdoorဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)တွင်ပြုလုပ် မည့်(၇၂)နှစ်မြောက် အာဇာနည် နေ့အခမ်းအနားအထူးပြပွဲတွင် ပြန်လည်ပြင်ဆင်ပြီးစီး သွားပြီဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းစီးနင်းခဲ့ သော မော်တော်ကားနှင့် ဗိုလ်ချုပ်ပုံပါသော ငွေစက္ကူ၊ တံဆိပ်ခေါင်းများကို ပြသထား မည်ဖြစ်ကြောင်း သိရသည်။ြ ပပွဲကို ဇူလိုင် ၁၉ ရက်မှ ဇူလိုင် ၂၁ ရက်အထိ ဗိုလ်ချုပ်အောင် ဆန်းပြတိုက်(ရန်ကုန်)တွင် အခမဲ့ ပြသထားမည်ဖြစ်သည်။


''ဗိုလ်ချုပ်ရဲ့ရှားပါးတဲ့ ဗိုလ်ချုပ်ရဲ့ပုံပါတဲ့ ငွေစက္ကူတွေပိုက်ဆံ ခေါ်တာပေါ့။ အဲဒါတွေ ထည့်သွင်း ပြသမယ်။ ဗိုလ်ချုပ်ပုံပါတဲ့တံဆိပ် ခေါင်းတွေ ထည့်ပြီးပြမယ်။အဲဒီလို မျိုးပြသဖို့ အကြမ်းဖျင်းစီစဉ် ထားပါတယ်။ ဒီနှစ်ကထူးခြားဖြစ်စဉ်ကတော့ အပေါ်ထပ်တက် ခွင့်ပေါ့။တစ်ကြိမ်ကို လူ ၅ဝ နဲ့တက်ခွင့်ပြုပါ မယ်။ မနှစ်တစ်နှစ်တော့ မတက်ရဘူးပေါ့။ ဒီနှစ်ကပြင်ပြီးသွားပြီဆို တော့ အပေါ်တက်ခွင့်ပေး ပါမယ်''ဟု အမျိုးသားပြတိုက်(ရန်ကုန်)မှ လက်ထောက် ညွှန်ကြားရေး မှူးနှင့် ဗိုလ်ချုပ်အောင်ဆန်းပြ တိုက်(ရန်ကုန်)တာဝန်ခံ ဦးခင်မောင်စိုးက ဒီမိုကရေစီတူဒေးသို့ ဇွန် ၂၅ ရက် တွင် ပြောသည်။

အပေါ်ထပ်ပြကွက်များမှာ ဘုရားခန်း၊ အိပ်ခန်း၊စာဖတ်ခန်း၊ ကလေးများအိပ်ခန်း၊ အထူးအစည်းအဝေးခန်းတို့ပါဝင်ပြီး အောက်ထပ်ပြကွက်များမှာ ဧည့်ခန်း၊ ထမင်းစားခန်းနှင့် အပန်းဖြေနား နေခန်းတို့ပါဝင်ကြောင်း သိရသည်။ ယခုနှစ်ထူးခြားမှုအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည် ၁၉၄၉ ခုနှစ်တွင် နေထိုင်ခဲ့စဉ်ကပုံစံအတိုင်း ဧည့်ခန်းကို ပြန်လည်ခင်းကျင်းပြသမည်ဖြစ် ကြောင်း သိရသည်။ ''နဂိုမူလကစိုက်ခဲ့တဲ့ သလဲပင်ကို အသစ်ပြန်လည်စိုက်ပျိုးပြီး တော့ ကြည့်ရှုစရာ ပြကွက်အနေနဲ့ ပြန်လည်ပြီး ဆောင်ရွက်ပေးခဲ့ ပါတယ်။ ဒီနှစ်မှာလည်း မိုးမစို အောင် စည်ပင်သာယာရေးကော် မတီကအမိုးတွေ ဆောင်ရွက်ပေး ထားပါတယ်။ ထီးတွေ၊အိတ်တွေ၊ ဖုန်းတွေအပြင်မှာ ထားခဲ့ရမှာဖြစ်တဲ့အတွက် အပြင်မှာရှိသူတွေကို အပ်လို့ရပေမယ့် မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ အလှည့်ကျဝင် ရောက်ကြည့်ရှုပြီး ကျန်တဲ့သူတွေ ကပစ္စည်းတွေကို ကိုင်ပေးထားမှ စိတ်ချရမှာဖြစ်ပါတယ်''ဟု ၎င်းင်းက ဆက်လက် ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း စီးနင်းခဲ့သော မော်တော်ကားကို ၂ဝ၁၈ ခုနှစ် စက်တင်ဘာ ၃ရက်က စတင်ကာ ဦးဇော်ထူး (ထူးမော်တော်ယာဉ်ဆားဗစ်)က တာဝန်ယူပြီး နဂိုမူလပုံစံအတိုင်း ပြုပြင်မွမ်းမံ ခြင်းများဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ၂ဝ၁၉ ခုနှစ် ဧပြီလ ၂၇ ရက်တွင် မူလကားပြကွက်အ နေဖြင့် ပြန်လည်ခင်းကျင်းပြသထားကြောင်းသိရသည်။ ''လက်ရှိမှာ အဲဒီ့ကားက စက်နှိုးလို့ရတယ်။ မောင်းလို့လည်းရတယ်။ နဂိုပုံစံအတိုင်းပြင်ဆင်ပြသထားပါတယ်''ဟု ဦးခင်မောင်စိုးက ဆက်လက်ပြောသည်။ (၇၂)နှစ်မြောက်အာဇာနည် နေ့အခမ်းအနားအထူးပြပွဲအတွက် ပြုပြင်မွမ်းမံမှုများပြုလုပ်ရန် ဇွန် ၂၁ ရက်မှ ဇူလိုင် ၁၈ ရက်အထိ ပိတ်ထားကြောင်းနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို လှေကား ကြံ့ခိုင်ရေး၊ နေအိမ်ပြတိုက်အတွင်းအပြင် ကြံ့ခိုင်ရေးလုပ်ငန်းများအပါအဝင် လုပ်ငန်းစဉ်ကိုးခု ပြုလုပ်၍ ပြင်ဆင်ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မနှစ်က အာဇာနည်နေ့အထူးပြပွဲသို့ အပေါ်တက်ခွင့်မရသ ဖြင့် လူဦးရေနှစ်သောင်းခန့်လာ ရောက်ကြကြောင်းနှင့် ယခုနှစ်တွင် လူဦးရေသုံးသောင်းကျော်ခန့် လာရောက်မည် ခန့်မှန်းထားကြောင်း လုံခြုံရေးကို ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံ ရေးပေးမည်ဖြစ်ပြီး ဗုံးရှာတပ်ဖွဲ့များမှလည်း လုံခြုံရေးများကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လုံခြုံရေးအတွက် CCTV များ တပ်ဆင်ထားမည်ဖြစ်ကြောင်း၊ ဗိုလ်ချုပ် အောင်ဆန်းပြတိုက်(ရန်ကုန်)အတွင်းသို့ လုံခြုံရေးအရ ထီး၊ဓား၊ မီးခြစ်၊ ဖုန်း၊ သံတုတ်၊နဖူးစည်း အစရှိသော ယူဆောင်ခွင့်မရသော ပစ္စည်းအမျိုးအစား ၁ဝ မျိုးသတ်မှတ်ကာ လုံခြုံရေးကော်မတီမှယူ ဆောင်ခွင့်မပေးကြောင်း၊ ဒရုန်းများလွှတ်တင်ခွင့်မရှိကြောင်း သိ ရသည်။

No comments:

Post a Comment