Thursday, June 27, 2019

အယူခံဝင်ထားစဉ် သမ္မတဟောင်း လူလာကို လွှတ်ပေးရေး ဘရာဇီးတရားရုံးချုပ် ပယ်ချ

 အကျင့်ပျက် ခြစားမှုအတွက် ပြစ်မှုထင်ရှား တွေ့ရှိချက်များအပေါ် ဘရာဇီး သမ္မတဟောင်း လူးဝစ်အင်နာစီ ယိုလူလာဒါဆေးလ်ဗား၏ အယူ ခံနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် ချရန် ဘရာဇီးတရားရုံးချုပ်က နောက်ဆုတ်ခဲ့သည်။ ဆုံးဖြတ်ချက်ထွက်ပေါ်ချိန် အထိ လူလာကို လွှတ်ပေးရေး အဆိုပြုချက်တစ်ရပ်ကို တရားရုံး ချုပ်တရားသူကြီးများက ပယ်ချ သည်။ယခုအခါ ယင်းဆုံးဖြတ်ချက်ကို အနည်းဆုံး ဩဂုတ်အထိ ရွှေ့ဆိုင်းထားသည်။ လူလာ (၇၃)နှစ်သည် သီး ခြားပြစ်မှုနှစ်ခုအတွက် ထောင် ဒဏ် ၂၅ နှစ် ကျခံနေရသည်။



လူလာကို အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့သော တရားသူကြီး ဆာဂျီယိုမိုရိုသည် ဘက်လိုက်မှု ကင်းစွာ ဆုံးဖြတ်ခြင်းမရှိဘဲ နိုင်ငံရေး အကျိုးအမြတ်အတွက် လူလာကို အပြစ်ရှိသည်ဟု ဆုံး ဖြတ်ခဲ့ကြောင်း လူလာ၏ ရှေ့နေ များက ပြောကြားသည်။

လူလာသည် ၂၀၀၃ မှ ၂၀၁၀ အထိ ဘရာဇီးနိုင်ငံကို ဦးဆောင်ပြီး ရာထူးစွန့်လွှတ်ချိန် တွင် လူထုထောက်ခံမှု ၈၇ ရာခိုင် နှုန်းရရှိသည်။

ရုံးတင်စစ်ဆေးရန် ကျန်ရှိ သော အမှုခြောက်မှုအပါအဝင် စွဲချက်အားလုံးကို လူလာက ငြင်း ဆိုထားပြီး ယင်းစွဲချက်အားလုံး သည် မိမိကို ထပ်မံ၍ သမ္မတရွေးကောက်ပွဲဝင်ခြင်းမှ တားဆီး ရန် ပုံဖော်ထားကာ နိုင်ငံရေး ပယောဂများ ပါဝင်သည်ဟု ပြော ကြားသည်။

လူလာသည် ယမန်နှစ်က သမ္မတရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် ကြိုးစားသော်လည်း တရားသူကြီး မိုရို၏ ဖမ်းဝရမ်း ကြောင့် ရွေးကောက်ပွဲမှ ထွက်ခဲ့ရ သည်။ သမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဘိုလ်ဆိုနာရို အ နိုင်ရရှိပြီးနောက် ၎င်းက မိုရိုကို တရားရေးဝန်ကြီးအဖြစ် ခန့်အပ် ခဲ့သည်။

No comments:

Post a Comment