Thursday, June 27, 2019

ရခိုင်အရေးစုံစမ်းမှုပြုလုပ်နိုင်ရေး အကြိုကြားနာမှု ဌာနကို အိုင်စီစီဖွဲ့စည်း

 နိုင်ငံတကာရာဇ၀တ်မှု ခုံရုံး (ICC) သည် ရခိုင်ပြည်နယ်  အရေးနှင့်ပတ်သက်၍ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ကို စုံစမ်းစစ် ဆေးမှုပြုလုပ်နိုင်ရေး ဆုံးဖြတ်ပေး ရန် အကြိုကြားနာမှုဌာနကို အ သစ်ဖွဲ့စည်း တာဝန်ပေးအပ် ကြောင်း ယမန်နေ့တွင် ထုတ်ပြန် သည်။ မြန်မာအစိုးရက မြန်မာနိုင်ငံ သည် အိုင်စီစီအဖွဲ့ဝင်နိုင်ငံမ ဟုတ်၍ ယင်းခုံရုံး၏ တရားစီရင်မှု ကို လက်ခံမည်မဟုတ်ကြောင်း ပြတ်သားစွာ ငြင်းပယ်ထားသော် လည်း အိုင်စီစီအဖွဲ့ဝင်နိုင်ငံဖြစ် သည့် ဘင်္ဂလားဒေ့ရှ်သို့ ရာဇ၀တ် မှု ကျူးလွန်ခံရသူများ ထွက်ပြေး တိမ်းရှောင်မှုဖြစ်ပေါ်သဖြင့် ရောမ ပဋိညာဉ်အရ စုံစမ်းစစ်ဆေးမှု  များ စီရင်ပိုင်ခွင့်ရှိကြောင်း တရား စွဲရှေ့နေက ဇွန်လ ၁၂ ရက်တွင် ဥက္ကဋ္ဌရုံးထံ စာချွန်လွှာပေးပို့ထား သည်။



ထို့အတွက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့၏ အခြေအနေ နှင့်ပတ်သက်၍ Pre-Trial Chamber III (အကြိုကြားနာမှု ဌာန အမှတ်-၃) ကို ချက်ချင်းဖွဲ့ စည်းဆောင်ရွက်စေရန် ဇွန်လ ၂၆ ရက်တွင် အိုင်စီစီကထုတ်ပြန် ခဲ့သည်။ အဆိုပါ Pre-Trial Chamber III ကို ချက်နိုင်ငံသား ရောဘတ်ဖရီမာ၊ ဒိုမီနီကန်နိုင်ငံ သူ အိုဂါဟာရဲရားကာဘူချီယာနှင့် ထရီနီဒက်နှင့်တိုဘာဂိုးနိုင်ငံသား  ဂျီအော့ဖရေးဟန်ဒါဆန်စသည့် အိုင်စီစီတရားသူကြီးအဖွဲ့ဝင်သုံး ဦးတို့ကို တာဝန်ပေးအပ်သည်။

သို့သော် မြန်မာအစိုးရသည်  အိုင်စီစီအဖွဲ့ဝင်မဟုတ်၍ ၎င်းတို့ ၏ တရားစီရင်မှုကိုလက်ခံမည် မ ဟုတ်ကြောင်းနှင့် ယင်းခုံရုံးက မည်သို့ပင် ဆုံးဖြတ်စေကာမူ အ စိုးရ၏ ယခင်ဆုံးဖြတ်ချက်ကို ပြောင်းလဲမည်မဟုတ်ကြောင်း  နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည် ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦး စီးဌာနညွှန်ကြားရေး မှူးချုပ် ဦးချမ်းအေးက ယမန်နေ့ တွင်ပြောသည်။ အိုင်စီစီသည် ၂၀၁၈ စက် တင်ဘာတွင် ကနဦးစုံစမ်းစစ် ဆေးရေး အဖွဲ့ဖြင့်ဆောင်ရွက်စေ  ခဲ့ပြီး ယခုနှစ်မတ်လတွင်လည်း အိုင်စီစီအဖွဲ့ဝင် ခုနှစ်ဦးက ကန ဦးစစ်ဆေးခြင်း အစီရင်ခံစာအ တွက် အချက်အလက်များ စု ဆောင်းရန် ဘင်္ဂလားဒေ့ရှ်သို့သွား ရောက်ခဲ့သည်။

No comments:

Post a Comment