Thursday, June 27, 2019

နို့မှုန့်တိုက်ကျွေးသည့် ကလေးနှင့် မိခင်နို့ တစ်မျိုးကိုသာ တိုက်ကျွေးသည့် ကလေး သေဆုံးမှုနှုန်း နှိုင်းယှဉ်ပါက နို့မှုန့်တိုက်ကျွေးသည့် ကလေး သေဆုံးနှုန်းမှာ ၁၄ ဆပိုနေ

မြန်မာနိုင်ငံတွင် နို့မှုန့်တိုက်ကျွေးသည့် ကလေး သေဆုံးမှုနှင့် မိခင်နို့ တစ်မျိုးတည်းကိုသာ တိုက်ကျွေးသည့် ကလေး သေဆုံးမှုနှုန်းကို နှိုင်းယှဉ်ပါက နို့မှုန့်တိုက်ကျွေးသည့် ကလေး သေဆုံးမှုနှုန်းမှာ ခြောက်ဆမှ ၁၄ ဆပို၍ သေဆုံးနေသည်ကို သုတေသန ပြုလုပ်ချက်များအရ တွေ့ရှိရကြောင်း LEARN စီမံချက်၏ အာဟာရဆိုင်ရာ အကြံပေး ဦးစောဒင်အောင်က ပြောကြားသည်။

“မိခင်နို့ တစ်မျိုးတည်းသာ တိုက်တဲ့ ကလေးရဲ့ ကြီးထွားအောင်မြင်မှုနဲ့ နို့မတိုက်တဲ့ ကလေးက အရမ်းကို ကွာခြားသွားပါတယ်။ နို့မှုန့်တိုက်တဲ့ ကလေးရဲ့ သေနှုန်းနဲ့ မိခင်နို့ တစ်မျိုးတည်းကိုသာ တိုက်တဲ့ ကလေးရဲ့ သေနှုန်း နှစ်ခုကို ယှဉ်လိုက်တဲ့အခါမှာ နို့မှုန့်တိုက်တဲ့ ကလေးက ခြောက်ဆကနေ ၁၄ ဆ ပိုပြီးတော့ သေတာကို သုတေသနအရ တွေ့ရပါတယ်”ဟု ゞင်းက ပြောကြားသည်။

မွေးစမှ အသက် ခြောက်လအထိ မိခင်နို့ တစ်မျိုးကိုသာ တိုက်ကျွေးခြင်းဖြင့် ငါးနှစ်အောက် ကလေး သေဆုံးမှုကို ၁၃ ရာခိုင်နှုန်းခန့် လျော့ချနိုင်ကြောင်း သိရသည်။
“ မွေးစကနေ အသက် ခြောက်လအထိ မိခင်နို့ တစ်မျိုးတည်း တိုက်ကျွေးရမယ်။ ခြောက်လပြည့်ရင် ဖြည့်စွက်စာ ကျွေးရမယ်။ ကလေး တစ်ယောက်အတွက် အကောင်းဆုံးက အသက် ခြောက်လအထိ မိခင်နို့ထဲမှာ အာဟာရ ရာခိုင်နှုန်း ၂၀ဝ ပါဝင်တဲ့အတွက် ခြောက်လအထိ မိခင်နို့ တစ်မျိုးတည်း တိုက်ဖို့ လိုပါတယ်။ မိခင်နို့ကို မီးဖွားပြီး တစ်နာရီအတွင်း (စောနိုင်သမျှ စောစော) တိုက်ရမယ်။ အသက် ခြောက်လပြည့်မှ စပြီးတော့ အာဟာရကြွယ်ဝတဲ့ အစာမျိုးစုံ ဖြည့်စွက်ကျွေးရင်း မိခင်နို့ကို အသက် နှစ်နှစ်ခန့်အထိ တိုက်ကျွေးရပါ့မယ်”ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမျိုးသား အာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲ၏ ညွှန်ကြားရေးမှူး ဒေါက်တာမေခင်သန်းက ပြောကြားသည်။

မွေးမိခင်အနေဖြင့် တီဘီဆေးများ သောက်သုံးနေရပါကလည်း ကလေးအား မိခင်နို့ကို တိုက်ကျွေးနိုင်ပြီး ကင်ဆာရောဂါ၊ မူးယစ်ဆေးဝါး သုံးစွဲနေပါက ကလေးငယ်အား နို့တိုက်ကျွေး၍ မရကြောင်းနှင့် တိုက်ကျွေးပါက ကလေးအတွက် အန္တရာယ်ဖြစ်နိုင်ကြောင်း အမျိုးသား အာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲ သိရသည်။

No comments:

Post a Comment