Thursday, June 27, 2019

ရန်ကုန်မြို့မှ ညောင်တုန်းတံတား (ဗိုလ်မြတ်ထွန်း)အထိ ကွန်ကရစ်လမ်း ခင်းမည်

ပုသိမ်-ရန်ကုန်ကားလမ်း ကို ရန်ကုန်မြို့အထွက်မှ ညောင် တုန်းတံတားအထိ ကွန်ကရစ် လမ်းခင်းရန် တိုင်းတာစစ်ဆေး ခြင်း ဆောင်ရွက်နေကြောင်း ဧရာဝတီတိုင်းမှ လျှပ်စစ်စွမ်း အင်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး က ပြောသည်။ ပုသိမ်-ရန်ကုန်ကားလမ်း သည် ၁၁၃ မိုင်ရှည်လျားသော် လည်း ၂၄ မိုင်ကျော်ကို တစ်ပေ အထူရှိ ကွန်ကရစ်လမ်းခင်းမည် ဟု ၀န်ကြီးကပြောသည်။ အဆိုပါ လမ်းကို ပေ ၃၀ အကျယ်ခင်း မည်ဖြစ်ပြီး ဂ၀ံကျောက်များအသုံး ပြု၍ လမ်းပခုံးတစ်ဖက် သုံးပေစီ ပါဝင်မည်ဖြစ်ကြောင်း ၎င်းကရှင်း ပြသည်။



အဆိုပါလမ်းကို ရန်ကုန်မှ ပုသိမ်အထိ ADB ချေးငွေဖြင့် ခင်းရန် ပြည်ထောင်စုလွှတ်တော် က သဘောတူပြီးဖြစ်သည်။ သို့ သော် ကြန့်ကြာမှုများရှိနေ၍ ယခု ကဲ့သို့စီစဉ်ရခြင်းဖြစ်ကြောင်း ၀န် ကြီးဦးဝင်းဌေးက ပြောသည်။

‘‘ပြည်ထောင်စုက စီစဉ်တာ ပါ။ ဘတ်ဂျက်ကလည်း လွှတ် တော်က အတည်ပြုပြီးမှ ဆောင် ရွက်ရတာဆိုတော့ ရတဲ့ဘတ် ဂျက်ပေါ်မူတည်ပြီး စဖို့စီစဉ်ထား ပါတယ်’’ ဟု ၎င်းကပြောသည်။ ထိုလမ်းခင်းရန် လမ်းနယ် အတွင်းပါဝင်သော အိမ်နှင့် ဆိုင် များ၊သစ်ပင်ကြီး၊ ငယ်များ၊ လျှပ် စစ်မီးတိုင်များ ဖယ်ရှားရှင်းလင်း ခြင်းဆောင်ရွက်မည်ဟု ၎င်းက ပြောသည်။ ထို့အပြင် ဒေသခံ များပါဝင်သော လမ်းပြုပြင်ရေး ကော်မတီ ဖွဲ့စည်းရန် စီစဉ်ထား ကြောင်း သိရသည်။

No comments:

Post a Comment