Thursday, June 27, 2019

ဦးဝီရသူကို တရားရုံးစစ်ဆေး ဆုံးဖြတ်ပြီးမှ သံဃဝိနိစ္ဆယအဖွဲ့ဖြင့် စစ်ဆေးရန် မဟနဆုံးဖြတ်

ဦးဝီရသူအပေါ် တရားရုံးက စစ်ဆေးဆုံးဖြတ်ပြီးမှ သံဃဝိနိစ္ဆယအဖွဲ့ဖြင့် စစ်ဆေးဆုံးဖြတ် မည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဇွန်လ၂၅ရက်တွင် ထုတ်ပြန်သည်။ ဦးဝီရသူနှင့် ပတ်သက်ပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (ဒုတိယအဖွဲ့ခွဲ) က ဇွန်လ ၁၉ ရက်၌ ပြုလုပ်သည့်အစည်းအဝေးတွင်အထက်ပါအတိုင်း ဆုံးဖြတ်ခဲ့ကြောင်း ထုတ်ပြန်သည်။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ပြစ်မှုကျူးလွန်သောရဟန်း၊ သာမဏေများကို ဝိနည်းတရားတော်ဖြင့် အရေးယူခြင်းကိစ္စနှင့် ပတ်သက်၍ ညွှန်ကြားလွှာအမှတ် (၁၅) တွင် ညွှန်ကြားထားသည့်အတိုင်း စစ်ဆေးဆုံးဖြတ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။



ပြစ်မှုဆိုင်ရာ ဥပဒေတစ်စုံ တစ်ရာ ကျူးလွန်သော ရဟန်း သာမဏေများကို ရှေးဦးစွာ ပြစ် မှုဆိုင်ရာ ဥပဒေပုဒ်မအရ အပြစ် ဒဏ်ချမှတ်ခြင်းခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ ပြည်သူ့တရား ရုံး၏ ဆုံးဖြတ်ချက်ကို ရရှိပြီးမှသာ လျှင် သက်ဆိုင်ရာ သံဃနာယက အဖွဲ့က ဝိနည်းတရားတော်နှင့်အ ညီ လိုအပ်သလို စစ်ဆေးဆုံးဖြတ် ရမည်ဟု ဆိုသည်။

ထို့အပြင် နိုင်ငံတော်က တရားလိုပြုလုပ်စွဲဆိုရမည့် ဥပ ဒေပုဒ်မတစ်ခုခုနှင့် သက်ဆိုင်နေ ပါက တရားရုံးများ၌ စစ်ဆေးဆုံး ဖြတ်ဆောင်ရွက်မှု ပြီးပြတ်မှသာ ဤလုပ်ထုံးလုပ်နည်းအရ ဖွဲ့စည်း သည့် သံဃဝိနိစ္ဆယအဖွဲ့ဖြင့် စစ် ဆေးဆုံးဖြတ်ရမည်ဟု ထုတ်ပြန် သည်။ ဆရာတော်ကြီးများ၏ ဓမ္မ စက်ဖြင့်အရေးယူခြင်းကိုသာ ခံ ယူမည်ဖြစ်ပြီး ဆရာတော်ကြီး များ၏ ဓမ္မစက်ကိုကျော်လွန်သည့် အာဏာစက်ဖြင့် မည်သည့်အရေး ယူမှုကိုမျှ ဆရာတော်ကြီးများ၏ ရှေ့မှောက်၌ လက်ခံမည်မဟုတ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ထံ ဦးဝီရသူ က မေလ ၃၁ ရက် ရက်စွဲဖြင့် လျှောက်ထားခဲ့ကြောင်း ထုတ်ပြန် ချက်တွင်ပါရှိသည်။ အဆိုပါ လျှောက်ထားစာကို ရန်ကုန်တိုင်း ဒေသကြီး သံဃနာယကအဖွဲ့က ဇွန်လ ၁၁ ရက်တွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သို့ ပေး ပို့ခဲ့သည်ဟု ဆိုသည်။

‘‘ဆရာတော်ကြီးများထံမှ အဆုံးအမခံယူပြီး နောက်ပိုင်းမှ  ဘုရားတပည့်တော်ကိုယ်တိုင် သွားရောက်ရင်ဆိုင်မည် ဖြစ်ပါ သည်ဘုရား။ ထို့အတွက် အာ ဏာပိုင်များ ယုံကြည်စိတ်ချရလေ  အောင် မြို့နယ်အဆင့်၊ ခရိုင်အ ဆင့် ရဲအရာရှိနှစ်ဦးကို ဘုရားတ ပည့်တော်၏ ကားပေါ်တင်ခေါ်  သွားပါမည်ဘုရား။ လူသူပရိ သတ် ရှင်းလင်းသည့် အချိန် ရောက်မှ ၎င်းရဲအရာရှိများ၏ အ စီအစဉ်ဖြင့် လိုက်ပါသွားမည်ဖြစ် ပါသည် ဘုရား’’ ဟု ဦးဝီရသူက ရန်ကုန်တိုင်းဒေသကြီး သံဃနာ ယကအဖွဲ့ထံ လျှောက်ထားသည့် စာတွင် ပါရှိသည်။

ထို့အပြင် ဆရာတော်ကြီး များ ထပ်မံအကြောင်းကြား၍လာ သည့်အခါ၌ ဆရာတော်ကြီးများ ၏ ဓမ္မစက်ဖြင့်အရေးယူခြင်းကို သာ လက်ခံမည်ဖြစ်ပြီး ဆရာ တော်ကြီးများ၏ ဓမ္မစက်ကိုကျော် လွန်၍ အာဏာစက်ဖြင့် မည် သည့်အရေးယူမှုကိုမျှ ဆရာတော် ကြီးများ ရှေ့မှောက်တွင်  လက်ခံ မည်မဟုတ်ကြောင်း ဦးဝီရသူက ဆိုသည်။

ဦးဝီရသူအပေါ် မဟနအဖွဲ့ ၏ ဆုံးဖြတ်မှုအပေါ် ကြိုဆို ကြောင်း မန္တလေးမြို့ မြဝတီမင်း ကြီး ကျောင်းတိုက် ဆရာတော်အ ရှင် အရိယဝံသာဘိဝံသက မိန့် ကြားသည်။

‘‘ပြစ်မှုကျူးလွန်တဲ့ သူတစ် ယောက်ဟာ ကျွန်တော်ဘာလုပ် ချင်ပါတယ်လို့ ပြောခွင့်ရှိသလား။ သူ့အလိုလိုက်ပြီးတော့ လုပ်စရာ မလိုဘူး။ ဦးဝီရသူ လုပ်တဲ့ပြစ် မှုတွေက သာသနာပြစ်မှုတွေ မ ဟုတ်ဘူး။ လောကပြစ်မှုတွေ။ လောကက အရေးယူရမှာ’’ ဟု ဆရာတော်အရှင် အရိယဝံသာဘိ ဝံသက မိန့်ကြားသည်။

လက်ရှိတွင် ဦးဝီရသူအမှု ကို တရားရုံးက မျက်ကွယ်တွင် စစ်ဆေးနေပြီ ဖြစ်သည်။ လာမည့်ရုံးချိန်းကို ဇူလိုင် ၂ ရက်တွင် ပြန်လည်ချိန်းဆိုထားပြီး ယင်းနေ့၌ နောက်ထပ်တရားလို ပြသက်သေသုံးဦးကို စစ်ဆေးရန် ဆင့်ခေါ်ထားသည်။

ထို့ကြောင့် ရုံးချိန်းတစ်ချိန်း တွင် တရားလိုပြသက်သေသုံးဦး ထိ ဆင့်ခေါ်စစ်ဆေးပါက စုစု ပေါင်း နောက်ထပ်ရုံးချိန်း နှစ် ချိန်းသာ စစ်ဆေးရမည်ဖြစ်သည်။

No comments:

Post a Comment