Thursday, June 27, 2019

မလေးရှား လေဆိပ်မှာ လိပ်ကောင်ရေ ၅,ဝ၀ဝ ကျော် ဖမ်းမိ

 မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်မှာ အိန္ဒိယနိုင်ငံသား အမျိုးသားလေးဦးရဲ့ ခရီးဆောင်အိတ်တွေထဲကနေ လိပ်ကောင်ရေ ၅,ဝ၀ဝ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။ တရုတ်နိုင်ငံ ကွမ်ကျိုးကနေ မလေးရှားဆီ လေကြောင်းနဲ့ ရောက်လာတဲ့ အိန္ဒိယ နိုင်ငံသား လေးဦးရဲ့ အိတ်တွေထဲမှာ အိတ်ငယ်လေးတွေနဲ့ ခွဲထုတ်ထားတဲ့ ရေချိုလိပ် သားပေါက် ၅,၂၅၅ ကောင်ကို တွေ့ရှိခဲ့တာဖြစ်ကြောင်း သိရပါတယ်။


ゞင်းအမျိုးသားတွေဟာ ဒီလိပ်တွေ သယ်ဆောင်ဖို့ ခွင့်ပြုချက် မပါရှိခဲ့သလို ယင်းလိပ်တွေကို အိန္ဒိယမှာ အိမ်မွေးတိရိစ္ဆာန်အဖြစ် ပြန်ရောင်းဖို့ ယူလာတာဖြစ်တယ်လို့ ထွက်ဆိုထားကြောင်း သိရပါတယ်။

ယခုအခါမှာတော့ လိပ်တွေ လက်ဝယ်တွေ့ရှိမှုနဲ့ ゞင်းအမျိုးသားလေးဦးကို မလေးရှားရဲက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ယခု ဖမ်းဆီးရမိတဲ့ လိပ်တွေရဲ့ တန်ဖိုးကတော့ ကန်ဒေါ်လာ ၁၂,၇၀ဝ ခန့် ရှိနိုင်တယ်လို့ သိရပါတယ်။ ゞင်းအမျိုးသားတွေဟာ တရားစွဲခံရနိုင်ပြီး ပြစ်မှု ထင်ရှားပါက အများဆုံး ထောင်ဒဏ် ငါးနှစ်အထိ ကျခံရနိုင်တယ်လို့ သိရပါတယ်။

No comments:

Post a Comment