Thursday, June 27, 2019

မန်းပဲမျိုးစုံ ဈေးကွက်အတွင်း မတ်ပဲနှင့် ပဲစင်းငုံတို့ ဈေးနှုန်း တည်ငြိမ်လျက်ရှိ တရုတ် ဝယ်လိုအားကောင်းသည့် နှမ်းနက်များ ဈေးမြင့်လာ

ယခုရက်ပိုင်း မန္တလေးမြို့၊ ပဲမျိုးစုံဈေးကွက်အတွင်း အိန္ဒိယနိုင်ငံသို့ ပုံမှန်တင် ပို့နေသည့် မတ်ပဲနှင့်ပဲစင်းငုံအသစ်တို့မှာ ဈေးနှုန်း တည်ငြိမ် လျက်ရှိပြီး စစ်ကိုင်းတိုင်းဒေသထွက် အရည်အသွေးကောင်း နှမ်းနက် များ မှာ တရုတ်နိုင်ငံမှ ဝယ်လိုအားများနေမှုကြောင့် တစ်အိတ် လျှင် ကျပ် ၂၆ဝဝဝဝ ဝန်းကျင်ဈေးအထိ ရောက်ရှိလာကြောင်း ပဲပွဲစား၊ ကုန်သည်များနှင့် စက်ပိုင်များထံမှ သိရသည်။



''လက်ရှိမှာပဲစင်းငုံတွေကို အိန္ဒိယက ပုံမှန်ဝယ်ယူမှုရှိတဲ့အပြင် ရန်ကုန်ဝယ်လက်တွေကပါ အဝယ်များနေပြီး ပဲစင်းငုံ(အဖြူ)အသစ် တွေက ဈေးနှုန်းတည်ငြိမ်နေပေမယ့် ပဲစင်းငုံ(အနီ)အသစ်နဲ့ အ ဟောင်းတွေကတော့ ပစ္စည်းဝင် ရောက်မှုများနေတဲ့အတွက် ဈေးနှုန်းတွေအနည်းငယ် ကျဆင်းလာတယ်။ တရုတ်ငွေဈေးအပြောင်းအလဲနဲ့ ဈေးချဝယ်ယူမှုတွေကြောင့် ပဲတီစိမ်းအသစ်တွေဟာ ဇွန်လလယ်ပိုင်းတုန်းကထက် တစ်အိတ်ကို ကျပ်ငါးထောင်ဝန်းကျင်ဈေးနှုန်း ကျဆင်းလာရာမှာ နယ်ဒေသပေါင်းစုံကနေ အလုံးအရင်းဝင်ရောက် မှုရှိနေလို့ ဈေးနှုန်းမြင့်တက်လာဖို့တော့ အလားအလာသိပ်မရှိပါဘူး။ ဈေးကွက်အနေအထားက တော့ နိုင်ငံခြားဝယ်လက်ပုံမှန်ရှိနေတဲ့ ပဲအမျိုးအစားတွေဟာ ဈေးနှုန်း ပြောင်းလဲမှုသိပ်မရှိနိုင်ဘဲ ပဲအသစ် ပေါ်ချိန်ဖြစ်လို့ အရင်လတွေကထက် အရောင်းအဝယ်ပိုင်းပိုမိုသွက် လက်လှုပ်ရှားလျက်ရှိပါတယ်''ဟု မန္တလေးပဲကုန်စည်ဒိုင်မှ ကုန်သည်တစ်ဦးဖြစ်သည့် ဦးစိုးမြင့်က ဇွန်၂၅ ရက်တွင် ဒီမိုကရေစီတူဒေး သို့ပြောကြားသည်။

ဇွန်လနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် ပဲမျိုးစုံဈေး နှုန်းများမှာ ကုလားပဲ(ထိုင်ဝမ်) တစ်အိတ်ကျပ် ၈ဝဝဝဝ၊ ဗွီတူး တစ်အိတ် ကျပ် ၈၃ဝဝဝ၊ ဗွီဆဲဗင်း တစ်အိတ်ကျပ် ၇၉၅ဝဝ၊ မတ်ပဲ တစ်အိတ် ကျပ် ၈ဝဝဝဝ၊ ပဲစင်းငုံ (အဖြူ) အသစ်တစ်အိတ် ကျပ်တစ် သိန်း၊ ပဲစင်းငုံ(နီ)အသစ်တစ်အိတ် ကျပ်၁ဝ၂ဝဝဝနှင့် အဟောင်းတစ် အိတ် ကျပ်၈၈ဝဝဝ၊ မြေထောက်ပဲ တစ်အိတ်ကျပ်၁၁၅ဝဝဝ၊ ပဲတီစိမ်း (အသစ်)တစ်အိတ် ကျပ် ၉၅ဝဝဝ၊ ပဲကြီးတစ်အိတ် ကျပ် ၉၅ဝဝဝ၊ ထောပတ်ပဲ တစ်အိတ် ကျပ် ၁ဝ၁ဝဝဝ၊ နှမ်းဖြူ(အသစ်) တစ်အိတ် ကျပ် ၁၇၇ဝဝဝ၊ နှမ်းညို(အသစ်) တစ်အိတ် ကျပ် ၁၅၉ဝဝဝနှင့် နှမ်းနက် (စမုံ) တစ်အိတ် ကျပ် ၂၆ဝဝဝဝ အသီးသီးရှိကြောင်း မန္တလေးပဲကုန် စည်ဒိုင်ပေါက်ဈေးနှုန်းများအရ သိရသည်။

No comments:

Post a Comment