Thursday, June 27, 2019

သီချင်းသစ်ထွက်နိုင်အောင် ကြိုးစားနေတဲ့ ပေါလ်အော်စတင်

 သီချင်းသစ်တစ်ပုဒ် အမြန်ဆုံးထွက်ရှိနိုင်ရန် စီစဉ်နေ ကြောင်း The Voice Myanmar ၏ပရိသတ်အားပေးမှုအများဆုံး ရရှိထားသော ပြိုင်ပွဲဝင်ပေါလ် အော်စတင်က ပြောသည်။ ‘‘အခုလောလောဆယ်မှာ တော့ Single Song ကို သုံးလအ တွင်း အမြန်ဆုံးထွက်နိုင်အောင် ကြိုးစားနေတယ်။ နောက်ပိုင်းမှာ တော့ ကျွန်တော့်ညီမနဲ့ စုံတွဲပဲဖြစ် ဖြစ်သွားဖို့ စဉ်းစားနေတယ်’’ ဟု ပေါလ်အော်စတင်က ပြောသည်။ ပထမဆုံးထွက်ရှိမည့် သီ ချင်းသည် အချစ်သီချင်းပုံစံဖြစ်ပြီး လူငယ်များ ခွန်အားဖြစ်စေမည့် အကြောင်းအရာမျိုးဖြစ်မည်ဟု ၎င်းကဆိုသည်။


ပေါလ်အော်စတင်သည် ယင်းပြိုင်ပွဲ၌ မယှဉ်ပြိုင်မီက ထိုင်း နိုင်ငံ၌ အလုပ်လုပ်ကိုင်ခဲ့ပြီး ပြိုင်ပွဲပြီးချိန်တွင် ယင်းအလုပ်ကို ဆက်မလုပ်ဖြစ်ဘဲ ဂီတအလုပ် များ ဆက်လက်လုပ်ကိုင်မည်ဟု ပြောသည်။

‘‘အခုအချိန်မှာ အခွင့်အရေး ရလာတာဖြစ်တယ်။ The Voice Myanmar ကိုဝင်ပြိုင်ပြီး ဒီလမ်း ကြောင်းပေါ်ရောက်နေပြီ။ ငယ် ငယ်ကတည်းက ဖြစ်ချင်တာ လည်း အဆိုတော်ဆိုတော့ စီးပွား ရေးက နောက်ပိုင်းမှလုပ်ရင် လည်းရတာပဲလေ’’ ဟု ပေါလ် အော်စတင်က ပြောသည်။

The Voice Myanmar ပြိုင် ပွဲ၌ Winner မရသော်လည်း 1st Runner Up ဆုရရှိခြင်းသည် ပရိသတ်အားပေးမှုကြောင့်ဖြစ်ပြီး အားပေးနေသည့်ပရိသတ်များကို ကျေးဇူးတင်ကြောင်း ၎င်းကဆို သည်။ The Voice Myanmar ဖိုင် နယ်ပွဲသို့ ရောက်ရှိလာသည့် နိုဗန် ထူး၊ ပေါလ်အော်စတင်၊ ဟေ ဇယ်လ်နှင့် မယ်လိုဒီခေါင်တို့ပါဝင် မည့်ဖျော်ဖြေပွဲကို ဇူလိုင် ၆ ရက် တွင် ရေကူးစတူဒီယို၌ပြုလုပ်မည် ဖြစ်ပြီး လက်မှတ်တစ်စောင်လျှင် ကျပ် ၁၂,၀၀၀ သတ်မှတ်ကာ အွန်လိုင်းက ရောင်းချမည်ဖြစ် သည်။

No comments:

Post a Comment