Thursday, June 27, 2019

မြန်မာနိုင်ငံတွင် LGBT များအနေဖြင့် မည်သည်ကိုမှလုပ်ပိုင်ခွင့်မရှိဟု မိတ်ကပ်မေဦး ပြော

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများစွာအနက် LGBT များအရေးပါ ထည့်သွင်းစဉ်းစားပေးသင့်ကြောင်း မိတ်ကပ် မေဦးက ပြောသည်။  လက်ရှိ မြန်မာနိုင်ငံတွင် LGBT များခွဲခြားဆက်ဆံခံရမှုများနှင့်ပတ်သက်ပြီး ယခုကဲ့သို့ပြောခြင်း ဖြစ်သည်။
“ နိုင်ငံတကာမှာ LGBT နဲ့ ပတ်သက်လို့ လက်ခံလာတယ်။ ဒါပေမဲ့ LGBT တွေက မဟုတ်တာလုပ်မရဘူး။ ဥပဒေတွေ၊ စည်းကမ်းတွေကို လိုက်နာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြောင်းလဲရမယ်။ ပြောင်းလာတဲ့အပေါ်မှာ စည်းကမ်းနဲ့အညီ နေရမယ်။ အခုဟာက မြန်မာနိုင်ငံမှာ ပြောင်းဖို့နေနေသာသာ ဘာမှကို လုပ်ပိုင်ခွင့်မရှိတဲ့ အခြေအနေမှာ မေဦးတို့အနေနဲ့လည်း ပြောရခက်တယ်။
နိုင်ငံက ဒီ LGBT အရေးထက် တခြားအရေးကြီးတဲ့ အရေးတွေလုပ်နေရတယ်လို့ လူကြီးတွေက ပြောတယ်ပေါ့နော်။ ဒါပေမဲ့ ခုနကပြောသလို နိုင်ငံတစ်နိုင်ငံ တိုးတတ်တဲ့အပေါ်မှာ အရာအားလုံး တန်းတူညီတူလိုက်ပြောင်းဖို့ အရေးကြီးတယ်။ ဒီဟာမပြောင်းသေးဘဲ အရေးကြီးတဲ့ဟာလုပ်မယ်ဆိုရင် အဲဒီကိစ္စပြီးသွားရင်း နောက်ကိစ္စက အစကနေပြန်လုပ်ရမှာလေ။ အဲဒီတော့ တတ်နိုင်တဲ့ဘက်ကနေ ပြောင်းလဲမှုကို ၁၀ မျိုးလုံးဆို ၁၀ မျိုးကို ပြောင်းလဲသွားရမှာ။ တစ်ခုပြီးမှတစ်ခု လုပ်မယ်ဆိုရင်တော့ အရာရာအဆင်ပြေမှာ မဟုတ်ဘူး။ မေဦးတို့နိုင်ငံမှာ အပြောင်းအလဲတွေအများကြီး ဖြစ်နေတဲ့အချိန်မှာ မေဦးတို့ကို ချန်ထားခဲ့လို့မရဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုပြောင်းလဲမှုတွေမှာ မေဦးတို့ကိုဆွဲခေါ်ပေးပါလို့ ပြောချင်ပါတယ်။” ဟု မိတ်ကပ်မေဦးက ပြောသည်။

ထို့ကြောင့် အခြားနိုင်ငံများကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ပြောင်းလဲသင့်သည်များ ပြောင်းလဲသင့်ကြောင်း ၄င်းက ဆက်ပြောသည်။ Myanmar Imperial University (MIU)မှ စာကြည့်မှူးဖြစ်သူ ကိုကျော်ဇင်ဝင်းမှာ ဂေးဖြစ်ကြောင်း လုပ်ဖော်ကိုင်ဖက်များ၏လှောင်ပြောင်ခံရမှုကြောင့် သတ်သေမှုဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး LGBT အရေးလှုပ်ရှားသူများအပါအ၀င် Facebook သုံးစွဲသူများအကြား ဝေဖန်မှုများ မြင့်တက်လာခဲ့သည်။

No comments:

Post a Comment