Thursday, June 27, 2019

မန္တလေးမြို့တွင်အမှိုက်သိမ်းရန် တစ်နှစ်လျှင် ကျပ် ၄ ဘီလျံအရှုံးခံလုပ်ဆောင်နေဟု ဆို

မန္တလေးမြို့တွင် မြို့တော်စည်ပင်မှ အမှိုက်သိမ်းရန် တစ်နှစ်လျှင် ကျပ် ၄ ဘီလျံအရှုံးခံလုပ်ဆောင်နေရကြောင်း မန္တလေးမြို့တော်ဝန်ဦးရဲလွင် ရေသားချက်အရ သိရသည်။ မန္တလေးမြို့တော်ဝန်ဦးရဲလွင်မှ ၄င်း၏ Facebook စာမျက်နှာပေါ်တွင် ယခုကဲ့သို့ ရေးသားဖော်ပြထားခြင်း ဖြစ်သည်။



“ ပိုက်ဆံပေးရသည့်နေရာလေးပြောပြပေးပါ။ တတ်နိုင်သမျှ တစ်မြို့လုံးသိမ်းပေးနေပါတယ်။ စည်ပင်က တစ်နှစ်ကို အမှိုက်သိမ်းဖို့အတွက် ၄ ဘီလျံအရှုံးခံလုပ်ပေးနေတာပါ။ အမှိုက်သိမ်းဆည်းခကောက်ရင်တောင် ကုန်ကျစရိတ်ရဲ့ ၅၀ ရာခိုင်နှုန်းပဲပြန်ရဖို့မှန်းထားပါတယ်’’ဟု မန္တလေးမြို့တော်ဝန် ဦးရဲလွင်က ၄င်း၏ Facebook စာမျက်နှာပေါ်တွင် ရေးသားပြောကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီးတွင် လူဦးရေ ၁၇၂၆၈၈၉ ဦးနေထိုင်ပြီး ၆၃ ဒဿမ ၂၆ စတုရန်းမိုင်ကျယ်ဝန်းကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှထွက်ရှိသောအမှိုက်များမှာ တစ်ရက်လျှင်တန်ချိန် ၇၀၀ ၀န်းကျင် ရှိကြောင်း သိရသည်။

No comments:

Post a Comment