Thursday, June 27, 2019

ဆန္ဒပြပွဲများတွင် ပဋိပက္ခဖြစ်ပွားပြီးနောက် ဟောင်ကောင်သို့ မျက်ရည်ယိုဗုံးနှင့် ရော်ဘာကျည်များတင်ပို့မှုကို ဗြိတိန်ဆိုင်းငံ့

 ဗြိတိန်က ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများကြား ပဋိပက္ခဖြစ် ပွားမှုများကို အမှီအခိုကင်းသော စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် ဟောင်ကောင်ကို တိုက်တွန်းပြီး လူအုပ် ထိန်းချုပ်ရေး ပစ္စည်းကိရိယာများ တင်ပို့ခွင့်လိုင်စင်ကို ဆိုင်းငံ့ခဲ့ သည်။ေ ဟာင်ကောင်တွင် ဖြစ်ပေါ် နေသော အခြေအနေကို မိမိတို့ အလွန်စိုးရိမ်နေဆဲဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရမီဟန့် က အောက်လွှတ်တော်တွင် လွှတ်တော်အမတ်များအား ပြောကြား သည်။



ဆန္ဒပြပွဲ ပဋိပက္ခများကို စုံစမ်းစစ်ဆေးမှုမှ ထွက်ပေါ်လာ သော ရလဒ်အရ ဟောင်ကောင် ရဲတပ်ဖွဲ့သို့ ပစ္စည်းကိရိယာများ တင်ပို့ခွင့်လိုင်စင်ကို နောက်ထပ် အကဲဖြတ်မည်ဟု ၎င်းက ပြော ကြားသည်။

လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်များနှင့် ပတ်သက်၍ ဖြစ်ပေါ်နေသော စိုးရိမ်မှုများကို အသေအချာဖြေရှင်းပြီးကြောင်း မိမိတို့ စိတ်ကျေနပ်ချိန်အထိ ဟောင်ကောင်သို့ လူအုပ်ထိန်း ချုပ်ရေး ပစ္စည်းများ တင်ပို့ခွင့်လိုင် စင်တစ်ခုမျှ ထုတ်ပေးမည်မဟုတ် ဟု ဂျယ်ရမီဟန့်က ပြောသည်။

လောလောဆယ်တွင် ယင်း ကဲ့သို့ ပစ္စည်းများ တင်ပို့ရေး အ သက်ဝင်သော လိုင်စင်မရှိသော် လည်း သတ်မှတ်ချက်များ မကိုက်မီအထိ လိုင်စင်သစ်ထုတ်ပေးမှုရှိ မည်မဟုတ်ဟု နိုင်ငံခြားရေးဝန် ကြီးရုံး သတင်းရင်းမြစ်တစ်ခုက ပြောသည်။

လေ့ကျင့်မှုများတွင် အသုံး ပြုရေး ဟောင်ကောင်ရဲတပ်ဖွဲ့သို့ မျက်ရည်ယိုလက်ပစ်ဗုံးများနှင့် မျက်ရည်ယိုဘူးများ ဗြိတိန်က နောက်ဆုံးခွင့်ပြုခဲ့သည့် တင်ပို့ ခွင့်လိုင်စင်ကို ၂၀၁၈ ဇူလိုင်က ထုတ်ပေးခြင်းဖြစ်ကြောင်း ယင်း ဝန်ကြီးဌာနက ယခုလဆန်း၌ ပြောကြားသည်။

ရော်ဘာကျည်များ နောက်ဆုံးတင်ပို့ခွင့်လိုင်စင်ကို ၂၀၁၅ ဇူလိုင်က ထုတ်ပေးပြီး အဓိက ရုဏ်းနှိမ်နင်းရေးဒိုင်းများ လိုင်စင်ကို ၂၀၁၉ ဧပြီက ပယ်ချခဲ့သည်။

No comments:

Post a Comment