Thursday, June 27, 2019

ကချင်ပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှုကုလဖော်ပြမှုထက် နှစ်ဆရှိဟု KIO ထုတ်ပြန်၊ တပ်မတော်ထိန်းချုပ်နယ်မြေတွင် ရှိနေဟုစွပ်စွဲ မူးယစ်ဆေးနှင့်ပတ်သက်ပါက ပြင်းထန်စွာအရေးယူဟု တပ်မတော် တာဝန်ရှိသူပြော

ကချင်ပြည်နယ်အတွင်း  ဘိန်းစိုက်ပျိုးမှု ပမာဏသည် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး(UNODC) က ဖော်ပြသော ပမာဏ၏နှစ်ဆရှိ ကြောင်း ကချင်လက်နက်ကိုင် အဖွဲ့(KIO)၏ မူးယစ်ဆေးဝါး ကင်းစင်ရေး ကော်မတီက ယမန် နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံ စာ၌ ရေးသားထားသည်။ KIO က အဆိုပါမူးယစ်ဆေး ၀ါးဆိုင်ရာ အစီရင်ခံစာကို ဇွန်လ ၂၆ ရက်တွင် ကျရောက်သော အ  ပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး  အလွဲသုံးစားမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ၌ ထုတ်ပြန်ခြင်းဖြစ်သည်။ ဘိန်း စိုက်ပျိုးမှုအားလုံးသည် တပ်မ တော်ထိန်းချုပ်ထားသော နယ် မြေများ၌ ရှိနေကြောင်းလည်း KIO မူးယစ်ဆေးဝါးကင်းစင်ရေး ကော်မတီက စွပ်စွဲထားသည်။



KIO က ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ၁၉ မြို့နယ်တွင် မြေပြင်လေ့လာမှု များကို ၂၀၁၈-၁၉ ဘိန်းစိုက်ရာ  သီအတွင်းပြုလုပ်ခဲ့ပြီး ကချင်  ပြည်နယ်တွင် ဘိန်းစိုက်ခင်းဟက် တာ ၆,၉၁၈ ဒသမ ၂၃ ရှိကြောင်း တွေ့ရှိခဲ့ရာ UNODC က ၎င်းတို့၏ ၂၀၁၈ မြန်မာ့ဘိန်းလေ့လာမှု၌ ခန့်မှန်းဖော်ပြထားသောပမာဏ ၏ နှစ်ဆဖြစ်နေကြောင်းယမန်နေ့ အစီရင်ခံစာတွင် ဖော်ပြသည်။  ဘိန်းစိုက်ခင်းအချို့ကိုကချင်ပြည် နယ်၏ဒေသများဖြစ်သော ပူတာ အိုနှင့် ဆွမ်ပရာဘွမ်တို့တွင် တွေ့ ရှိခဲ့သည်ဟုလည်း  KIO ၏ ကော် မတီက ဖော်ပြခဲ့သည်။

‘ရှမ်းပြည်နယ်မြောက်ပိုင်း တွင် လေ့လာခဲ့သောငါးမြို့နယ် ၌ KIO က ဘိန်းစိုက်ခင်း ၃,၁၉၂ ဒသမ ၄ ဟက်တာတွေ့ရှိခဲ့သည်။ ကချင်ပြည်နယ်မှာကဲ့သို့ပင် ဘိန်း စိုက်ပျိုးမှုအားလုံးသည် တပ်မ တော်၊ ၎င်းတို့၏ နယ်ခြားစောင့် တပ်ဖွဲ့နှင့် မဟာမိတ်လက်နက် ကိုင်များ ထိန်းချုပ်ထားသည့်ဒေ သများတွင်ရှိနေသည်’လည်း ရေး သားထားသည်။

ယင်းသည် KIO နှင့် အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့  များ ထိန်းချုပ်မှုအောက်ရှိဒေသ များတွင် ဘိန်းစိုက်ပျိုးမှုကို သိပ် သည်းမှုမြင့်မားစွာတွေ့ရသည်ဆို သော UNODC ၏စွပ်စွဲမှုနှင့် ပြောင်းပြန်ဖြစ်နေသည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြသည်။

UNODC ၏  ဇန်န၀ါရီ ၁၁ ရက်ကထုတ်ပြန်သော  ‘MYANMAR OPIUM SURVEY 2018’ စစ်တမ်းတွင် ကချင်ပြည်နယ်အ တွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ပမာဏအမြင့်ဆုံးနေရာများမှာ KIA ထိန်းချုပ်ရာဒေသ (သို့မ ဟုတ်) စိုးမိုးမှုရှိသော ဒေသများ တွင်ဖြစ်သည်ဟု ဖော်ပြခဲ့ခြင်း ဖြစ်သည်။

UNODC က ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုကို တိုင်းတာရာတွင် အရည်အသွေးမြင့်ဂြိုဟ်တု ပုံရိပ် များ သုံးသလို ကွင်းဆင်းဝန်ထမ်း များ ကွင်းဆိုင်းတိုင်းတာခြင်း၊ ဘိန်းစိုက်ပျိုးရခြင်းနှင့် စီးပွားရေး လူမှုရေးအခြေအနေများကို မေး မြန်းသည့်လူမှုစီးပွားရေးဆိုင်ရာစစ် တမ်းကောက်ယူခြင်း စသည့်နည်း လမ်းများဖြင့်ပြုလုပ်ကြောင်း မြန် မာနိုင်ငံ ကုလသမဂ္ဂမူးယစ်ဆေး ဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ Mr.Troels Vester က ယမန်နှစ် တွင် 7Day Daily ကို ပြောကြား ထားသည်။

မူးယစ်ဆေးဝါးလုပ်ငန်းနှင့် ပတ်သက်ပြီး တပ်မတော်လက် အောက်ခံ ပြည်သူ့စစ်အဖွဲ့အချို့  ပတ်သက်မှု ရှိနိုင်ကြောင်း၊ တပ်မ တော်အနေဖြင့် မူးယစ်ဆေးဝါး နှင့်ပတ်သက်ပြီး ခွင့်မလွှတ် ကြောင်း၊ တပ်မတော်သားများအ နေဖြင့် မူးယစ်ဆေးဝါးနှင့်ပတ် သက်မှုများရှိပါက ပြင်းထန်စွာ အရေးယူကြောင်း တပ်မတော်သ တင်းမှန်ပြန်ကြားရေးအဖွဲ့  အ တွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက ပြောသည်။

တပ်မတော်အနေဖြင့် မူး ယစ်ဆေးဝါးတိုက်ဖျက်ရေးကို ယခင်ကတည်းက ဆောင်ရွက်ခဲ့ ကြောင်း၊ ဗြိတိသျှတို့ အုပ်စိုးစဉ် ကတည်းက ဘိန်းစိုက်ပျိုးမှု စတင်ခဲ့ရာ နောက်ပိုင်းတွင်လည်း  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေများတွင် ဘိန်းစိုက်ပျိုးမှုများရှိခဲ့ကြောင်း၊ တပ်မတော်အ နေဖြင့် ၁၉၇၅ ကစ၍ ယနေ့အ ချိန်ထိ ဘိန်းစစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ကြောင်းလည်း ၎င်း က ပြောသည်။ ‘‘အဓိကစိန်ခေါ်မှုက တိုင်း ရင်းသားဒေသတွေမှာ ဖွံ့ဖြိုးမှု နောက်ကျတယ်။ အရင်တုန်းက တော့ ဘိန်းအစားထိုးလုပ်ငန်း တွေ ဆောင်ရွက်တယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ဖွံ့ဖြိုးမှုနောက်ကျတဲ့ အတွက် ထိရောက်မှု နည်းသေး တာပေါ့။ ဒါကအဓိက ပြဿနာ။ ပြီးရင် လက်နက်ကိုင်အဖွဲ့အစည်း တွေများတယ်။ သူတို့ရဲ့စီးပွားရေး လုပ်ငန်းကလည်း မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ လုပ်ငန်းပုံစံဖြစ်နေ တာပေါ့။ အဲဒီနှစ်ခုက အဓိက အတားအဆီး’’ ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မူးယစ်တိုက် ဖျက်ရေးတွင် ကြုံနေရသည့်အ ခြေအနေကို ပြောသည်။

No comments:

Post a Comment