Thursday, June 27, 2019

"စစ်မီးမွှေးက စစ်မီးတောက်မည်"

ရခိုင်ပြည်နယ်မှာတော့ နေရာအနှံ့ ဟိုနေရာဖြစ်လိုက်ဒီနေရာဖြစ်လိုက် တိုက်ပွဲတွေဖြစ်နေတာကြားနေရပါတယ်။ စစ်ဟာ ခါးသည်းပါတယ်။ ဒါပေ မဲ့ ဒီစစ်ပွဲကို စတင်မိတ်ဆက်တဲ့သူက AA အဖွဲ့ဖြစ်ပြီး ဒီစစ်ပွဲကိုပဲ အရှိန်မြှင့်သထက်မြှင့်တင်နေတဲ့အဖွဲ့ကလည်း AA အဖွဲ့ပဲဖြစ်ပါတယ်။ တပ်မတော်ဟာ စစ်ရေးနဲ့ပတ်သက်လာရင် လိုအပ်သလို ဗျူဟာပြောင်းလေ့ရှိပါတယ်။ ရန်သူ့အင်အား၊ နောက်ခံအခြေအနေ၊ ရည်ရွယ်ချက်၊လှုပ်ရှားမှုစသဖြင့်ရန်သူ့အခြေအနေမျိုးမျိုးပေါ်မူတည်ပြီး တပ်မတော်က လိုအပ်သလို စစ်ကစားသွားမှာပဲဖြစ်တယ်။



ရခိုင်လူငယ်တွေကို အကြိမ်ကြိမ်ဖျောင်းဖျနားချပြီးဖြစ်လို့ ထပ်ပြီး ဘာမှမပြောလိုတော့ပါဘူး။ စစ်ဆင်ရေးဒေသနဲ့ ဆက်နွယ်တဲ့မြို့တွေမှာ အင်တာနက်ပိတ်ထားတာတောင် ပြည်ပသတင်းဌာနတွေအောက်ဆဲလူမျိုးရေးမုန်းတီးမှုနာမည်တပ်ပြီး ဆဲချင်ဆိုင်းဆဲနေတာ AA လိုလားသူတွေပါ။

ကြားထဲက ဒုက္ခရောက်တဲ့သူတွေကတော့ သာမန်ရခိုင်တိုင်းရင်းသားတွေပဲဖြစ်တယ်။ အဖမ်းခံရတဲ့သူတွေထဲမှာ AA တွေ၊ AA လိုလားသူအမာခံတွေပါမှာပါ။ ဒီလိုပဲ သံသယကြောင့် အဖမ်းခံရသူလည်းပါချင်ပါမှာ ပါ ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် စစ်ရှိရင် စစ်ရဲ့အနိဋ္ဌာရုံကိုကြုံတွေ့ရတတ်ပါတယ်။ ဓမ္မတာပါပဲ။

မြန်မာနိုင်ငံရဲ့ အင်အားအကြီးမားဆုံးသူပုန်အဖွဲ့ဖြစ်တဲ့ ဗကပမှာ အနှစ်နှစ်ဆယ်နီးပါး တာဝန်ထမ်းခဲ့ဖူးတဲ့ ဆရာသန်းစိုးနိုင်ကတောင် မဖြစ်နိုင်ဘူး ပြည်သူပဲဒုက္ခရောက်မယ်လို့ ကြိုပြောခဲ့ပြီးသားပါ။

AA ဘက်ကအစွမ်းကုန်တွင်းတူးမိုက်ဖို့ဆုံးဖြတ်ထားဟန်တူပါတယ်။ ဆုံးဖြတ်ချက်နဲ့ လိုက်လျောညီထွေရှိမယ့် စစ်ဆင်ရေးမျိုးနဲ့ တပ်မတော်ဘက်က တုံ့ပြန်ပါလိမ့်မယ်။

ဘေးထွက်ဆိုးကျိုးကတော့ ဆေးသောက်ရင်တောင်တွေ့ရသေးတာ မဟုတ်လား။AA ဟာ မြို့/ရွာတွေနားမှာတိုက်ကွက်ဖော်ရတာကိုအတော်ခံတွင်းလိုက်နေပုံရတယ်။ သူတို့စိတ်ထဲမှာမြို့/ရွာတွေနားမှာတိုက်ပွဲဖြစ်လေ သူတို့ကို ကမ္ဘာကပိုပြီး အာရုံစိုက်မိလေလို့ သတ်မှတ်ထားပုံရပါတယ်။
နောက်ဆုံး ကုလသမဂ္ဂတပ်တွေဝင်လာတဲ့အထိစိတ်ကူးယဉ်ထားပုံလည်းရပါတယ်။

မခွဲခြားဘဲပြောရရင် ရခိုင်လည်း ဗမာ၊ ဗမာလည်းပဲရခိုင်ပါပဲ။ တော်ချင်ရင် ဆွေမျိုး အရင်းခေါက်ခေါက်ကြီးပါ။

ခွဲခြားချင်လွန်း သပမို့လို့ ခွဲခြားပြီးပြောရရင်လည်းဗမာရော ရခိုင်ပါ ပဒေသရာဇ်ခေတ်မှာစစ်တိုက်ကြတာချည်းပါပဲ။ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းအားလုံးစစ်တိုက်ပါတယ်။

ရခိုင်လည်း ဓားတွေပင်လယ်ထဲပစ်ချပြီး ပုတီးထိုင်စိတ်နေတာ မဟုတ်ပါဘူး။ တိုက်သမှ ကမ္ဘောဇသာဒီနန်းတော်ကို ပြာပုံဖြစ်တဲ့အထိ မီးတိုက်သွားသလိုအထက်ဘက်မှာလည်း ယော/ဆော နယ်တွေဘက်အထိ ရောက်လာပါသေးတယ်။ နောင်မှ အခြေအနေမကောင်းလို့ ပြန်ဆုတ်သွားတာပါ။

ဆိုတော့ ဘယ်လိုတိုက်တိုက် ပဒေသရာဇ်ခေတ်မှာလည်း အဆုံးအဖြတ်တိုက်ပွဲတွေမှာ ဗမာကသာနိုင်တာများပါတယ်။ နိုင်တာများလို့အင်အားကြီးထွားလာတာဆိုရင်လည်း မမှားဘူးပေါ့။

တခြားစစ်ရှုံးတဲ့တိုင်းရင်းသားတွေလိုပဲ စစ်ရှုံးသူတို့သဘာဝအတိုင်း သမိုင်းကိုဇာတ်မနာနာအောင်လုပ်ကြံတော့တာပါပဲ။ ထားပါတော့။ သမိုင်းအကြောင်းအငြင်းမပွားချင်ပါဘူး။

ရခိုင်ပြည်ကိုဗမာမင်းတိုက်ခဲ့တာလည်းဥပသကာလှည့်ရင်း အလှူခံခဲ့တာမှ မဟုတ်တာ။ တန်ရာတန်ကြေးတော့ ပေးရမှာပေါ့။

တိုက်ပွဲတွေ ပိုစိတ်လာတယ်။ တိုက်ပွဲများရင် ပိုပြီးအသေအပျောက်များမယ်။ စစ်တိုက်တယ်ဆိုတာကတော့ နှစ်ဖက်ထိခိုက်သေကျေမှုတွေရှိမှာပါပဲ။

AA အဖွဲ့ထဲကို လူသစ်တွေထပ်ဝင်တယ်လို့ကြားရတော့ကျွန်တော်ပြောပြောနေသလိုအရင်က ကပစလေးငါးခု၊ အခု ကပစ ချည်းပဲ တပ်ရင်းပေါင်း ၂၅ ရင်းကျော်ရှိအောင် တည်ထားပေးခဲ့တဲ့ စာဖတ်သူကြီးမျက်နှာ ဘွားခနဲပြေးမြင်မိတယ်။

မတိုက်ပါနဲ့ပြောလည်း ပြောရမှာ မဟုတ်တဲ့အတူတူတော့ တိုက်ချင်သပ ဆိုရင်လည်း တိုက်ပါ၊ နိုင်အောင်တိုက်ပါ၊ ဖြစ်နိုင်ရင် ရခိုင်ပြည်နယ်တစ်ခြမ်းလောက် လွတ်မြောက်နယ်မြေကြေညာနိုင်တဲ့ အထိ ရွပ်ရွပ်ချွံချွံတိုက်ပါ။ အရင်းအနှီးတော့ များများရှာထားပေါ့။ မီးမွှေးမှတော့ မီးတောက်ပဲရမှာပေါ့။ မီးမွှေးပြီး စမ်းရေစီးသံနားထောင်ချင် လို့တော့ မဖြစ်ဘူးမဟုတ်လား။

No comments:

Post a Comment