Thursday, June 27, 2019

ဆွာချောင်းတမံ ပြင်ဆင်နေချိန်အတွင် ဆည်အတွင်း ရေမသိုလှောင်ပဲ ချောင်းအတွင်း တိုက်ရိုက်ဖွင့်ချထားမည်

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သိုင်းဝကျေးရွာအုပ်စု ဥယျာဉ်မှူးကျေး ရွာ အနောက်ဖက်ရှိ ဆွာချောင်းတမံ သည် ယခင်နှစ် ဩဂုတ် ၂၉ ရက်နေ့ နံနက် ၅ နာရီအချိန် ပင်မရေပိုလွှဲကျိုး ပေါက်မှုဖြစ်ပွားခဲ့ပြီးနောက် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ကျွမ်းကျင်ပညာရှင်များ၊ ကိုးရီးယားနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များပူးပေါင်း၍ ကွင်းဆင်းတိုင်းတာစစ်ဆေးခဲ့ပြီး ကမ္ဘာ့ဘဏ်၏ အကူအညီဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဌာန တည်ဆောက်ရေး (၆) မှ တာဝန်ယူဆောင် ရွက်လျက်ရှိကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင် ကျိုးပျက်သွားသည့် ပင်မရေပိုလွှဲနေရာမှာ ရေမြောင်းသဏ္ဍာန်ဖောက်လုပ်၍ သမဆယ်ချောင်းမှတဆင့် ဆွာချောင်းထဲသို့ တိုက်ရိုက်စီးဝင်စေခြင်းကြောင့် ဆွာဆည်အတွင်းရေသို လှောင်ထားခြင်းမရှိတော့ကြောင်း ဆွာဆည်တမံ ရှင်းလင်းဆောင်၌ မြို့နယ် အဆင့်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် လက်ထောက်ညွှန်ကြားရေး မှူး ဦးတိုးလင်း ကရှင်းလင်းပြောကြားခဲ့ ခြင်းဖြစ်သည်။

မိုးရာသီကာလ ရေအနည်းအများပေါ်မူတည်၍ ဆွာချောင်းတလျောက် ရေကြီးရေလျံမှုများဖြစ်ပွားပါက ဒေသခံပြည်သူများအား သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများမှတဆင့် ကြိုတင်ကာကွယ်ခြင်း အသိပေးခြင်း ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း အစရှိသည့် အရေးပေါ်ဆောင်ရွက်နိုင်မည့်အစီအမံများကို အပြန်အလှန်ဟဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ထို့နောက် ကျိုးပေါက်သွားသည့် ပင်မရေပိုလွှဲနေရာနှင့် ဆည်အတွင်းမှ ရေများဖောက်လွှတ်ထားသည့်နေရာ တို့အား လိုက်လံရှင်းလင်းပြသခဲ့ ကြောင်း သိရသည်။

No comments:

Post a Comment