Thursday, June 27, 2019

၂၀၁၇ တွင် ကိုကင်းထုတ်လုပ်မှု စံချိန်သစ်တင်ခဲ့ဟု ကုလသမဂ္ဂ ပြောကြား

၂၀၁၇ တွင် ကမ္ဘာ့ ကိုကင်းထုတ်လုပ်မှုသည် စံချိန် သစ်တင်ပြီး ယင်းမတိုင်မီ တစ် နှစ်စံချိန်ထက် ၂၅ ရာခိုင်နှုန်း ပိုများခဲ့သည်ဟု ကုလသမဂ္ဂ၏ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု အေဂျင်စီက ၎င်းတို့၏ နှစ်စဉ် အစီရင်ခံစာတွင် ဖော်ပြသည်။ ကမ္ဘာပေါ်တွင် ကိုကင်း အများဆုံးထုတ်လုပ်သော ကိုလံ ဘီယာနိုင်ငံ၌ ဖာ့စ်သူပုန်အဖွဲ့နှင့် ငြိမ်းချမ်းရေးသဘောတူညီချက် ရပြီးနောက် ကျေးလက်လူထုကို ကိုကင်းမစိုက်ပျိုးရန် ကြိုးပမ်းမှု များ ရှိသော်လည်း ဝေးလံသော စိုက်ခင်းသစ်များနှင့် ရာဇဝတ် ဂိုဏ်းများကြောင့် ကိုကင်းထုတ် လုပ်မှု တိုးတက်ခဲ့သည်။



‘‘လူတိုင်းအတွက် သတင်း ဆိုးပါ။ ထုတ်လုပ်တဲ့ နိုင်ငံတွေအ တွက်လည်း သတင်းဆိုးပါ။ ကိုလံဘီယာနိုင်ငံမှာ ဖြစ်ပျက်နေ တာတွေက စိုးရိမ်စရာကောင်းပါ တယ်’’ဟု ဗီယင်နာမြို့ အခြေစိုက် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု တိုက်ဖျက်ရေးရုံး (UNODC) သုတေသနဌာန အကြီးအကဲ အန်ဂျလာမီက ပြော သည်။

 ကမ္ဘာ့ကိုကင်းထုတ်လုပ်မှု မြင့်တက်လာခြင်းသည် ကမ္ဘာ့ ကိုကင်း ၇၀ ရာခိုင်နှုန်း ထုတ် လုပ်နေသော ကိုလံဘီယာတွင်ပိုမိုထုတ်လုပ်လာခြင်းကြောင့်ဖြစ်သည်ဟု UNODC အစီရင်ခံစာက ဖော်ပြသည်။

၂၀၀၇ မှ ၂၀၁၇ အထိ ၁၀ နှစ်အတွင်း ကိုကင်းထုတ်လုပ်မှု ၅၀ ရာခိုင်နှုန်း မြင့်တက်ပြီး ၂၀၁၇ က ထုတ်လုပ်မှု ၁,၉၇၆ တန်ရှိကာစံချိန်တင်ခဲ့သည်။

ယင်း ၁၀ နှစ်အတွင်း ကမ္ဘာတစ်ဝန်း ကိုကင်းဖမ်းဆီးရမိမှု ၇၄ ရာခိုင်နှုန်း များပြားလာသည်။ ၂၀၁၇ တွင် ကမ္ဘာတစ်ဝန်းရှိ အာဏာပိုင်များသည် ကိုကင်းများ စံချိန်တင်ဖမ်းဆီးရမိပြီး ၁,၂၇၅ တန်အထိ ရောက်ရှိကာ ၂၀၁၆ ကအထက် ၁၃ ရာခိုင်နှုန်း ပိုမို ဖမ်းမိခဲ့သည်။

No comments:

Post a Comment