Thursday, June 27, 2019

အီးစီးကရက်များကို တားမြစ်သည့် ပထမဆုံး အမေရိကန်မြို့ ဆန်ဖရန်စစ္စကိုဖြစ်လာ

ဆန်ဖရန်စစ္စကို မြို့သည် အီးစီးကရက်များ ကြောင့် ကျန်းမာရေးထိခိုက်မှုများ ကို ပိုမိုရှင်းလင်းစွာ မသိရမီအထိ ယင်းစီးကရက် ရောင်းချမှုများကို တားမြစ်သည့် ပထမဆုံး အမေရိ ကန်မြို့ဖြစ်လာသည်။ အီးစီးကရက် ရောင်းချခြင်း မှ စတိုးဆိုင်များကို တားမြစ်ကာ ယင်းမြို့တွင် အွန်လိုင်းမှ အီးစီး ကရက်များ ရောင်းချမှုကို တား မြစ်ရန် အရာရှိများက အင်္ဂါနေ့၌ မဲခွဲဆုံးဖြတ်သည်။ ယင်းကယ်လီဖိုးနီးယားပြည် နယ်ရှိမြို့သည် အမေရိကန်တွင် လူကြိုက်အများဆုံး အီးစီးကရက် ထုတ်လုပ်သော ကုမ္ပဏီ Juul Labs အခြေစိုက်ရာမြို့ဖြစ်သည်။



ယခုလုပ်ရပ်ကြောင့် အီးစီး ကရက်သောက်သူများသည် ရိုးရိုး စီးကရက်များ ပြောင်းသောက် လာနိုင်ပြီး မှောင်ခိုဈေးကွက် ထွက်ပေါ်လာမည်ဟု Juul Labs ကုမ္ပဏီက ပြောသည်။

ယင်းဥပဒေပြုချက်ကို အ တည်ပြုလက်မှတ်ထိုးရန် ဆန် ဖရန်စစ္စကိုမြို့ မြို့တော်ဝန် လန်ဒန်ဘရဒ်အနေဖြင့် အချိန် ၁၀ ရက်ရထားသော်လည်း ၎င်းကအတည်ပြုမည်ဟု ပြောကြားထား သည်။ယင်းဥပဒေသည် ယင်းရက် ကစ၍ ခုနစ်လအကြာတွင် အသက်ဝင်မည်ဖြစ်သည်။

သို့သော် ဥပဒေအရ စိန်ခေါ် နိုင်သည့် လုပ်ငန်းများရှိကြောင်း သတင်းများ ထွက်ပေါ်နေသည်။

 အီးစီးကရက်ကုမ္ပဏီများ သည် အနံ့အရသာထည့်ထား သော ထုတ်ကုန်များဖြင့် လူငယ် များကို တမင်တကာ ပစ်မှတ်ထား နေကြောင်း အီးစီးကရက် ဆန့် ကျင်လှုပ်ရှားသူများက ပြော သည်။ ဝေဖန်သူများက အီးစီးက ရက်များ၏ ကျန်းမာရေးအပေါ် ထိခိုက်မှုများကို သိပ္ပံနည်းကျ စုံစမ်းစစ်ဆေးရန် လိုအပ်ပြီး အီးစီးကရက်များက လူငယ်များအား စီးကရက်ပြောင်းသောက်စေရန် စေ့ဆော်ရာရောက်နိုင်ကြောင်း ပြောကြားသည်။

အမေရိကန် ရောဂါထိန်း ချုပ်ကာကွယ်ရေးစင်တာ (CDC) ဖော်ပြချက်အရ ဆေးရွက်ကြီး ထုတ်ကုန်များ သုံးဖူးကြောင်း ဝန်ခံသော အမေရိကန် ဆယ် ကျော်သက်အရေအတွက်သည် ယမန်နှစ်က ၃၆ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း သိရသည်။ ကယ်လီဖိုးနီးယားနှင့် အခြားပြည်နယ်များစွာတွင် ဆေးရွက်ကြီး ထုတ်ကုန်ဝယ်ခွင့်ရှိသည့် အနိမ့်ဆုံးအသက်အရွယ်ကို (၂၁) နှစ် သတ်မှတ်ထားသော်လည်း ဖက်ဒရယ်ဥပဒေအရ (၁၈)နှစ်ဟု သတ်မှတ်ထားသည်။

No comments:

Post a Comment