Thursday, June 27, 2019

အခွန်ကောက်ခြင်းအပေါ် သတ်မှတ်ချက်များ အမေရိကန် လက်ခံမည်မဟုတ်

ဂျပန်နိုင်ငံ၌ သမ္မတ ဒေါ်နယ် ထရန့်နှင့် သမ္မတ စီကျင်းပင် စနေနေ့ တွေ့ဆုံမှု အပြီးတွင် တရုတ်နိုင်ငံနှင့် ကုန် သွယ်ရေးဆွေးနွေးပွဲကို ပြန်လည် စတင်ရန် အမေရိကန်က မျှော်လင့်ကြောင်း၊ သို့သော် အငြင်း ပွားမှုတွင် အမေရိကန်က အခွန်အ ကောက်များ ချမှတ်နေခြင်းကိစ္စ နှင့် ပတ်သက်၍ သတ်မှတ်ချက် များကို ဝါရှင်တန်က လက်ခံမည် မဟုတ်ကြောင်း ကန်အရာရှိကြီး တစ်ဦးက ပြောသည်။ စီကျင်းပင်နှင့် တွေ့ဆုံမှု တွင် တိုးတက်မှုမရှိပါက တရုတ် နိုင်ငံမှ နောက်ထပ် ကန်ဒေါ်လာ ၃၂၅ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများကို အခွန်များ ချမှတ်ရန် ဒေါ်နယ်ထရန့်က ခြိမ်းခြောက် ထားသည်။



ကုန်သွယ်ရေး ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်နိုင်ရန် လော လောဆယ် အခွန်အကောက်သစ် များ မချမှတ်ရေး နှစ်ဖက်သဘော တူနိုင်သည်ဟု အရာရှိကြီးက ပြောသည်။ အမေရိကန်နိုင်ငံက စီကျင်း ပင်နှင့် တွေ့ဆုံပွဲသို့ အလျှော့ပေး လိုက်လျောမှုများဖြင့် မလာ ရောက်လိုကြောင်း အမည်မဖော် လိုသူ အရာရှိကြီးက ပြောသည်။

ဆွေးနွေးပွဲ မပျက်ပြားမီက ၎င်းတို့ နောက်ဆုတ်ခဲ့သော ကတိ ကဝတ်များဖြင့် ဘေဂျင်းကို ဆွေး နွေးပွဲစားပွဲသို့ လာရောက်ရန် ဝါရှင်တန်က အလိုရှိသည်ဟု ယင်းအရာရှိကြီးက ဆက်လက် ပြောသည်။

တရုတ်နိုင်ငံဘက်ကလည်း ၎င်းတို့၏ ရပ်တည်ချက်ကို အ လျှော့ပေးမည့်ပုံမပေါ်ဘဲ ကုန် သွယ်ရေးဆွေးနွေးပွဲတွင် နှစ်ဖက် စလုံးက အလျော့အတင်းလုပ် သင့်ပြီး ကုန်သွယ်ရေးသဘောတူ ညီချက်သည် နှစ်နိုင်ငံစလုံးအ တွက် အကျိုးဖြစ်ထွန်းမှုရှိရမည် ဟု တနင်္လာနေ့က ပြောသည်။ ထိုအတောအတွင်း တရုတ် ကုန်သွယ်ရေး ညှိနှိုင်းမှုများ ဦးဆောင်သူ ဒုတိယဝန်ကြီးချုပ် လျူဘီက အမေရိကန်ကုန်သွယ် ရေးကိုယ်စားလှယ် ရောဘတ် လိုက်သီဇာ၊ ဘဏ္ဍာရေးဝန်ကြီး စတီဗင်နျူချင်တို့ထံ တနင်္လာနေ့ က ဖုန်းဖြင့်ခေါ်ဆိုဆွေးနွေးခဲ့ သည်။ 

No comments:

Post a Comment