Thursday, June 27, 2019

သေနတ်အလက် ၁၀၀၀ ကျော်ရှိသည့် လက်နက်တိုက် အာဂျင်တီးနား လုံခြုံရေးတပ် သိမ်းဆည်းမိ

No photo description available.အာဂျင်တီးနား လုံခြုံရေးတပ်တွေဟာ နိုင်ငံတလွှားက စစ်ဆင်ရေးတခုအတွင်း မှောင်ခိုသေနတ်အလက် တထောင်ကျော်ရှိတဲ့ လက်နက်တိုက်တခုကို ဇွန်လ ၂၆ ရက်က သိမ်းဆည်းရမိခဲ့ပါတယ်။ ဗျူနိုအေးရီးစ်၊ စန်တာဖေး၊ ကော်ဒိုဘာ၊ ရီယိုနီဂရိုးနဲ့ စန်တီယာဂို ဒယ် အက်စ်တေရို မြို့တွေက စီးနင်းမှု ၅၂ ခုကျော်အတွင်း လူ ၁၇ ယောက်ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။


ရာဇဝတ်မှု ထောက်လှမ်းရေးနဲ့ စုံစမ်းစစ်ဆေးရေး ၈ လကြာ အားထုတ်မှုအပြီး အမေရိကန်နဲ့ ဥရောပက လက်နက်တွေကို အာဂျင်တီးနားနိုင်ငံဆီ မှောင်ခိုသွင်းတဲ့ ရာဇဝတ်အုပ်စုရဲ့ လျှို့ဝှက် လှုပ်ရှားမှုတွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ဒီအုပ်စုဟာ လက်နက်တွေကို အာဂျင်တီးနားက တဆင့် ပါရာဂွေးနိုင်ငံကို ဖြတ်ပြီး ဘရာဇီးကို ဆက်ပြီး မှောင်ခိုသယ်ထုတ်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

လက်နက်တွေ သိမ်းမိတာကြောင့် ပါရာဂွေးနဲ့ ဘရာဇီးမှာပါ အကြမ်းဖက်မှုတွေ လျှော့ချရာမှာ ကူညီနိုင်မယ်၊ ဒီသေနတ်အများစုကို မူးယစ်ကုန်ကူးသူတွေ သုံးကြတယ်လို့ အာဂျင်တီးနား လုံခြုံရေးဝန်ကြီး ပက်ထရစ်ရှာ ဘူးလ်ရစ်ခ်ျက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကျည်ကတ်တွေကို ဂျာမနီကနေ သယ်လာပြီး စပိန်ကို ရွှေ့၊ အဲဒီကတဆင့် နယ်သာလန်ကို ယူဖွက်ထားပြီး နောက်ဆုံးမှ ကုန်သေတ္တာတွေထဲ ထည့်ပြီး အာဂျင်တီးနားကို သယ်ခဲ့တာလို့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

အာဂျင်တီးနားမှာ လက်နက်တွေကို တပ်ဆင်ပြီး ပါရာဂွေး ခရီးသည် သယ်ယူပို့ဆောင်ရေး ကုမ္ပဏီကိုသုံးပြီး ပါရာဂွေးကနေတဆင့် ဘရာဇီးကို တင်ပို့ခဲ့တာလို့လည်း ဆက်ပြောခဲ့ပါတယ်။

No comments:

Post a Comment