Thursday, June 27, 2019

အမေရိကန်ဦးဆောင်သော ပိတ်ဆို့အရေးယူမှုများကို အလျှော့ပေးမည် မဟုတ်ဟု မြောက်ကိုရီးယားပြောကြား

အမေရိကန်သည် ゞင်းတို့အား ဒူးထောက်လာစေရန် ကြိုးပမ်းနေသည်ဟု မြောက်ကိုရီးယားက ဇွန် ၂၆ ရက်တွင် စွပ်စွဲပြီး အမေရိကန် ဦးဆောင်သော ပိတ်ဆို့အရေးယူမှုများကို အလျှော့ပေးမည် မဟုတ်ဟု ပြောကြားခဲ့သည်။ေ ခါင်းဆောင်ကင်ဂျုံအွန်နှင့် သမ္မတဒေါ်နယ်ထရန့်ကြားတွင် မကြာသေးမီ အချိန်အထိ စာအဆက်အသွယ် အပြန်အလှန် ရှိနေကြသော်လည်း မြောက်ကိုရီးယားသည် အမေရိကန်အပေါ် မယုံကြည်မှုများ ရှိနေသေးသည့် အကြောင်း ယခုထုတ်ပြန်ချက်က ပြသနေသည်။



ゞင်းတို့၏ အချုပ်အခြာအာဏာကို ထိပါးရန် တစ်စုံတစ်ဦးက ကြိုးပမ်းလာပါက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေးအတွက် အင်အားပြရန် တုံ့ဆိုင်းနေမည် မဟုတ်ဟု မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ြေ မာက်ကိုရီးယားတွင် ဘာသာရေးယုံကြည်မှုများကို ဖိနှိပ်ခြင်းများ၊ လူကုန်ကူးမှုများ ရှိနေသည်ဟု မကြာသေးမီက ထွက်ရှိခဲ့သော အမေရိကန်၏ အစီရင်ခံစာများနှင့် မြောက်ကိုရီးယား စီးပွားရေး၏ ရာခိုင်နှုန်း ၈၀ မှာ ပိတ်ဆို့အရေးယူ ခံနေသည်ဟု နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို၏ ပြောကြားချက်တို့ကို မြောက်ကိုရီးယားက ထောက်ပြပြီး အမေရိကန်သည် ゞင်းတို့အပေါ်တွင် ရန်လိုနေဆဲဖြစ်သည်ဟု စွပ်စွဲခဲ့သည်။

နှစ်နိုင်ငံကြားတွင် အလုပ်သဘောအဆင့် ဆွေးနွေးမှုများ ပြန်စရေးမှာ အလွန် ဖြစ်နိုင်ခြေ ရှိလာပြီဖြစ်ကြောင်း ပွန်ပီယိုက ယခုသီတင်းပတ်အတွင်း သတင်းထောက်များကို ပြောကြားခဲ့ပြီး မြောက်ကိုရီးယား စီးပွားရေး၏ ရာခိုင်နှုန်း ၈၀ ခန့်မှာ ပိတ်ဆို့ အရေးယူ ခံနေရသည်ဟုလည်း ပြောကြားခဲ့သည်။ သို့သော် ပွန်ပီယိုသည် ချက်ချင်းအမှားပြင်ခဲ့ပြီး မှားယွင်းပြောခဲ့မိခြင်းဖြစ်ကြောင်း ၊ ယင်းကိန်းဂဏန်းသည် အီရန်အပေါ် အမေရိကန် ပိတ်ဆို့အရေးယူမှု၏ သက်ရောက်မှုဖြစ်ကြောင်း ပြန်ပြောခဲ့သည်။

“ပိတ်ဆို့အရေးယူမှုတွေကြောင့်ပဲ နှစ်ဘက်ဆွေးနွေးပွဲ ဖြစ်မြောက်တော့မယ်ဆိုတဲ့ပုံနဲ့ ပွန်ပီယိုက နှစ်ပေါက်တစ်ပေါက် ရိုက်နေတာပါ” ဟု မြောက်ကိုရီးယား အစိုးရသတင်းအေဂျင်စီ ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (KCNA) က ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားများကို ဒူးထောက်စေရန် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများ၊ ဖိအားများသည် မည်သို့မှ မပြောင်းလဲ စေသည်ကို လက်ရှိဖြစ်စဉ်များက ပြသနေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပြီး “မြောက်ကိုရီးယားဟာ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကို အလျှော့ပေးမယ့် နိုင်ငံတစ်နိုင်ငံ မဟုတ်ဘူး” ဟုလည်း ဆိုထားသည်။

တတိယမြောက် ထိပ်သီးအတွက် ဆွေးနွေး

တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းက မြောက်ကိုရီးယားနှင့် အမေရိကန်ကြားမှ နျူကလီးယား စေ့စပ်ဆွေးနွေးမှုများသည် မတိုးသာ မဆုတ်သာ အခြေအနေ ဖြစ်နေသည်ဟု ပြောနေကြသည်မှာ မဟုတ်မှန်ကြောင်း ဇွန် ၂၆ ရက်တွင် ပြောကြားခဲ့သည်။ သို့သော် နှစ်ပေါင်း ၇၀ ကြာမြင့်ခဲ့သော အချင်းချင်း မယုံကြည်မှုများကို စေ့စပ်ပေါင်းကူးရန် စိတ်ရှည်မှု လိုအပ်သည်ဟု မွန်းက အလေးပေး ပြောကြားခဲ့သည်။

ကင်ဂျုံအွန်နှင့် တတိယအကြိမ် ထိပ်သီးကျင်းပရန် အလျင်လိုနေခြင်း မရှိဟု ထရန့် က ပြောနေသော်လည်း မြောက်ကိုရီးယားနှင့် အမေရိကန်တို့သည် နောက်ထပ်ထိပ်သီး တစ်ခုအတွက် နောက်ကွယ်၌ ဆွေးနွေးနေ ကြပြီဟု မွန်းက ပြောကြားခဲ့သည်။

No comments:

Post a Comment