Thursday, June 27, 2019

စင်ကာပူက လာမည့် သုံးနှစ်အတွင်း နည်းပညာ အလုပ်အကိုင် ၁၀,ဝ၀ဝ ဖန်တီးပေးနိုင်ရန် မျှော်မှန်း

စင်ကာပူနိုင်ငံအား ကမ္ဘာလုံးဆိုင်ရာ နည်းပညာဗဟိုချက် တစ်ခုဖြစ်လာစေရေး အစီအစဉ်တစ်ရပ်အရ သုံးနှစ်အတွင်း နည်းပညာကဏ္ဍဍတွင် အလုပ်အကိုင် ၁၀,ဝ၀ဝ ဖန်တီးပေးရန် စီစဉ်ထားသည်ဟု အစိုးရက ဇွန် ၂၆ ရက်တွင် ပြောကြားခဲ့သည်။ စင်ကာပူ ဒစ်ဂျစ်တယ်ဌာန (DISG) ဟု ခေါ်သော အစိုးရရုံးဌာနအသစ်က ယင်းအစီအစဉ်ကို ဦးဆောင်မည် ဖြစ်သည်။ အနာဂတ်မူဝါဒအား ပုံဖော်ရေးအတွက် ပြည်ပ နည်းပညာလုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှုများ ရရှိရေး၊ ဒေသတွင်း စီးပွားရေး လုပ်ငန်းများထံမှ ပံ့ပိုးမှုများ ရရှိရေး၊ သက်ဆိုင်ရာကဏ္ဍဍနှင့် လက်တွဲ လုပ်ဆောင်ရေးတို့အတွက် လက်ရှိ အစိုးရဌာနများထံမှ ကြိုးပမ်း အားထုတ်မှုများကို DISG က တစ်စုတစ်စည်းတည်း ဖြစ်အောင် လုပ်ဆောင်ပေးမည် ဖြစ်သည်။



ဆယ်စုနှစ်အတွင်း စင်ကာပူ၌ ကြုံရနိုင်သည့် တိုးတက်မှု အနှေးကွေးဆုံး ဖြစ်စဉ်အချို့ကို ရင်ဆိုင် တိုက်ဖျက်ရန် နည်းပညာကဏ္ဍဍက ကူညီပေးနိုင်မည် ဖြစ်သည်။ ထို့ကြောင့် စင်ကာပူသည် ပြီးခဲ့သည့်နှစ်များမှ စပြီး အကျိုးအမြတ်များသည့် ထောက်ပံ့မှုများ၊ မက်လုံးများနှင့်အတူ နည်းပညာလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံသူများအပေါ် အာရုံစိုက်လာခဲ့ကြသည်။ လာမည့် သုံးနှစ်အတွင်း ဖန်တီးပေးမည့် အလုပ်အကိုင် ၁၀,ဝ၀ဝ တွင် အင်ဂျင်နီယာ၊ ဆော့ဖ်ဝဲဖွံ့ဖြိုးရေးနှင့် ဘဏ္ဍဍာရေးပိုင်းတို့မှ အလုပ်အကိုင်များ ပါဝင်လိမ့်မည် ဖြစ်သည်။ ကားအငှားလုပ်ငန်း၊ အွန်လိုင်း ကူးသန်းရောင်းဝယ်ရေး၊ ငွေကြေး ဝန်ဆောင်မှုအတွက် နည်းပညာ၊ ဆိုက်ဘာလုံခြုံရေး၊ လူလုပ် အသိဉာဏ်တုဆိုင်ရာ ကုမ္ပဏီများကိုလည်း DISG က ထောက်ပံ့ကူညီမှုများ လုပ်ဆောင်ပေးသွားမည် ဖြစ်သည်။

No comments:

Post a Comment