Thursday, June 27, 2019

အဆုံးစီရင်သွားသည့် မောင်ကျော်ဇင်ဝင်းကိစ္စ လူ့အခွင့်အရေး ကော်မရှင် စစ်မည် ရဲတပ်ဖွဲ့က သေမှုသေခင်းဖြင့် အမှုဖွင့်စစ်ဆေးနေ

လုပ်ငန်းခွင်အတွင်း ကျား၊မ ခွဲခြားဆက်ဆံခံရသဖြင့်  မိမိကိုယ်ကိုယ် အဆုံးစီရင်သွား  သည်ဟု ယူဆခံထားရသည့် မောင်ကျော်ဇင်ဝင်းကိစ္စကို ဇွန်လ ၂၈ ရက်တွင် စတင်စုံစမ်းစစ်ဆေး မည်ဟု မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ ၀င် ဦးယုလွင်အောင်က ပြော သည်။ ‘‘ကျောင်းမှာ တာဝန်ရှိတဲ့လူ တွေရော၊ သူနဲ့ဆက်စပ်ပတ်သက် တဲ့ ပုဂ္ဂိုလ်တွေရော အဲဒါကိုမေးမှာ ပေါ့’’ ဟု ၎င်းကပြောသည်။



Myanmar Imperial University (MIU) တွင် စာကြည့် တိုက်မှူးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည့် မောင်ကျော်ဇင် ၀င်း အသက် (၂၆) နှစ်သည် သေ စေနိုင်သည့် ဆေးတစ်ခုခုကို သောက်သုံး၍ မိမိကိုယ်ကိုယ် အ ဆုံးစီရင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်း၏ နာရေးကို ကူညီဆောင်ရွက်ပေး နေသည့် ကိုပြည်စုံကြွယ်ကပြော သည်။

‘‘ဘယ်လိုဖြစ်လဲတော့မသိ ဘူး။ အကြမ်းဖျင်းကတော့ သူ့ရဲ့ ဂုဏ်သိက္ခာ၊ သူ့ရဲ့အရှက်ပေါ့။ ထိ ခိုက်မှုဖြစ်တယ်လို့ သာမန်အား ဖြင့် သုံးသပ်ရတာပေါ့။ ဒါမျိုးဖြစ် တယ်ဆိုရင် ဒါကို လူ့အခွင့်အရေး ထိခိုက်နစ်နာမှု တစ်ခုပဲပေါ့လေ။ သူ့ရဲ့ဂုဏ်သိက္ခာကို လေးစားရမှာ ပေါ့လေ’’ ဟု ဦးယုလွင်အောင်က ပြောသည်။

မောင်ကျော်ဇင်ဝင်း၏ နာ ရေးကို ဇွန်လ ၂၆ ရက် ညနေ ၄  နာရီခွဲတွင် ကျီစုသုသာန်၌ မီး သင်္ဂြိုဟ်ခဲ့ပြီး မိသားစုဝင်များ၊ LGBT (လိင်တူချစ်သူများ) ကို ထောက်ခံသူများ၊ မိတ်ဆွေအ ပေါင်းအသင်းများ၊ MIU ကျောင်း တာဝန်ရှိသူအချို့နှင့် LGBT အ ရေး လှုပ်ရှားဆောင်ရွက်နေသည့် အသင်းအဖွဲ့ ငါးခုကျော်မှ လူဦး ရေ ၄၀၀ ခန့်လိုက်ပါပို့ဆောင်ခဲ့ သည်။

LGBT ၀န်းရံသူများသည် မောင်ကျော်ဇင်ဝင်း၏ နာရေး တွင် ၂ မိနစ်ခန့် ငြိမ်သက်ဂုဏ်ပြု ပြီးနောက် ၎င်းတို့၏ နယ်ပယ်၌  အာဇာနည်အဖြစ် သတ်မှတ်ဂုဏ် ပြုကြောင်း ကြေညာခဲ့သည်။ ‘‘ကျောင်း (MIU) ကတော့ အမိန့် စာ လာပြန်သွားပါတယ်။ တိုးတိုး လေးနဲ့ခဏလေးပါ’’ ဟု နာရေးကို လိုက်လံ ပို့ဆောင်ခဲ့သည့် မီး သတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြော သည်။

လက်ရှိအချိန်၌ လုပ်ငန်းခွင် အတွင်း ဖြစ်ပွားသည့်ကိစ္စနှင့်ပတ် သက်၍ စုံစမ်းစစ်ဆေးမှုပြုလုပ် မည်ဖြစ်ကြောင်း ဖြစ်စဉ်တွင်ပါ ဝင်ပတ်သက်သူ (ကျား၊မ ခွဲခြား ဆက်ဆံခဲ့သူ)ဟု ယူဆရသူသုံး ဦးကိုလည်း အလုပ်မှ ယာယီရပ် ဆိုင်းထားကြောင်း၊ အမှန်တရား ပေါ်ပေါက်စေရေး ဥပဒေဘောင် အတွင်းမှ တရားစီရင်မှုပြုလုပ်နိုင် ရန် ရဲတပ်ဖွဲ့က ဆောင်ရွက်ရာ တွင် ပူးပေါင်းမည်ဖြစ်ကြောင်း ဇွန်လ ၂၅ ၊ ၂၆ ရက်တွင် သတင်း ထုတ်ပြန်သည်။

မောင်ကျော်ဇင်ဝင်း မသေ ဆုံးမီ တစ်ရက်အလိုတွင် ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ လုပ်ငန်း ခွင်အတွင်း ကျား၊မ ခွဲခြားဆက်ဆံ ခံရသည်များနှင့်ပတ်သက်သည့် သက်သေအချက်အလက်များကို  ရေးတင်ခဲ့သည်။ ‘‘သူ့အဘွားပြော ကြားချက်အရ သားနဲ့အဘွားခွဲနေ နိုင်လား၊ အဲဒီလိုမျိုးတွေမေးတယ်။ သားအဝေးကြီးသွားမှာမို့နော်၊ အ ဘွားတစ်ယောက်တည်းနေတတ် လား။ မနက်ရော၊ ညရောမေး တယ်။ အဲဒါလေးကတော့ ထူး ခြားတာပေါ့’’ ဟု မောင်ကျော်ဇင် ဝင်း မသေဆုံးမီ ပြောဆိုခဲ့ကြောင်း ကိုပြည့်စုံကြွယ်က ပြောပြသည်။ ရဲမှတ်တမ်းအရ မောင် ကျော်ဇင်ဝင်းသည် ပြင်ပဒဏ်ရာ မရှိဘဲ သေဆုံးခဲ့ခြင်းဖြစ်သော် လည်း ဓာတုဗေဒစစ်ဆေးရေးဌာန တွင် စစ်ဆေးမှုပြုလုပ်နေသဖြင့် သေဆုံးမှုနှင့်ပတ်သက်၍ ထင်မြင် ချက်ပေးနိုင်ခြင်းမရှိကြောင်း၊ သာ ကေတမြို့နယ်ရဲစခန်းတွင် သေမှု သေခင်းဖြင့် အမှုဖွင့်စစ်ဆေးနေ ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

No comments:

Post a Comment