Thursday, June 27, 2019

လက်ခုပ်ကုန်း ကမ်းခြေတွင် ရင်းနှီးမြှုပ်နှံရန် တွက်ခြေကိုက်၊ မကိုက် စစ်တမ်းကောက်မည်

လက်ခုပ်ကုန်းကမ်းခြေသို့ ရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်နိုင်ရန် စီးပွားရေးအရ တွက်ခြေကိုက်မှု ရှိ၊ မရှိ စစ်တမ်းကောက် သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ကွမ်းခြံကုန်းမြို့န ယ် လက်ခုပ်ကုန်းကမ်းခြေတွင် ဒေသခံ မိရိုးဖလာ ဈေးဆိုင်ခန်းများ ဖွင့်လှစ်သည့် အခြေအ နေသာရှိနေပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရန် လိုအပ်သော အခြေခံအဆောက်အအုံ၊ ရေချိုနှင့် လျှပ်စစ်မီး မရှိသေးပေ။ ထို့ကြောင့် ကမ်းခြေ ဖွံ့ဖြိုးတိုးတက် ရေးအတွက် လိုအပ်သော လမ်းပန်းဆက်သွယ်ရေး၊ ရေချိုနှင့် လျှပ်စစ်မီးတို့ ဖြည့် ဆည်းနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပန်း သဉ္ဇာမျိုးက ပြောသည်။



ဇွန် ၂၅ ရက် ရန်ကုန်လွှတ်တော်အစည်းအဝေးတွင် ကွမ်းခြံကုန်းမြို့နယ်မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းမင်း၏ ဆယ်အိမ်တန်း အလယ်ရွာကမ်းခြေအား တိုင်းဒေသကြီးအစိုးရမှ စီမံခန့်ခွဲကာ တရားဝင် အပန်းဖြေစခန်းတစ်ခု ဖြစ်လာစေရန် စီမံဆောင်ရွက် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် ပတ်သက်ပြီး ဝန်ကြီးက အထက်ပါအတိုင်း ပြောသည်။ လက်ရှိ ဆယ်အိမ်တန်းကမ်းခြေသို့သွားနိုင်သည့် လမ်းပန်းဆက်သွယ်ရေးမှာ အထိုက်အလျောက် ကောင်းမွန်နေပြီဖြစ်ပြီး ကမ်းခြေနှင့် မျက်နှာချင်းဆိုင်တွင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်မည် ဧက ၇ဝဝ ကျော် ဒီရေတောကျွန်းလည်း တည်ရှိနေသဖြင့် အစိုးရတစ်ခုတည်း အကောင်အထည် ဖော်ဆောင်နိုင်ခြင်းမရှိလျှင် PPP စနစ်ဖြင့် အကောင်အထည် ဖော်ဆောင်ရန် ရှိ၊ မရှိ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းမင်းက ဆက်စပ် မေးမြန်းခဲ့သည်။

''စီးပွားရေးအရ ဖိတ်ခေါ်တဲ့အခါမှာ ရင်းနှီးမြှုပ်နှံမယ့်သူသည် စီးပွားရေးအရ တွက်ခြေကိုက်မှု ရှိ၊ မရှိကို အရင်တွက်ချက်ပြီးမှ ကျွန်မတို့ ဆုံးဖြတ်လို့ရမှာဖြစ်ပါတယ်။ စီးပွားရေးအရ တွက်ခြေမကိုက်ဘူးဆိုရင် လုပ်ငန်းရှင်တော်တော်များများကလာပြီး ရင်းနှီးမြှုပ်နှံမှာ မဟုတ်ပါဘူး။ ဒါ ကြောင့် အစိုးရအနေနဲ့ စီးပွားရေးအရ တွက်ခြေကိုက်နိုင်မှု ရှိ၊ မရှိကို အရင်ဆာ ဗေးဆင်းပါမယ်။ ဆင်းပြီး တွက်ခြေကိုက် နိုင်ခြေရှိတဲ့ Business Model PPP ပုံစံမျိုး ဖိတ်ခေါ်နိုင်အောင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးကို တင် ပြပါမယ်''ဟု ၎င်းင်းက ပြောသည်။

လက်ခုပ်ကုန်းကမ်းခြေတွင် နုန်းပို့ချမှုကြောင့် ကမ်းခြေအရည်အသွေးကျဆင်းခဲ့ရပြီး ကမ်းခြေမျက်နှာစာတွင်လည်း သောင် ပြင်များ ပေါ်ထွန်းကာ ကမ်းခြေအဖြစ် အပန်းဖြေလည်ပတ်ရန် စိတ်ဝင်စားမှု လျော့ကျခဲ့သည်။ အဆိုပါကမ်းခြေသို့ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ၌ ပြည်တွင်းဧည့်သည်များ နေ့ချင်းပြန်ခရီးအနေဖြင့် လည်ပတ်လေ့ရှိသည်။

No comments:

Post a Comment