Thursday, June 27, 2019

မလေးရှား နိုင်ငံတွင် နှစ်ရက်အတွင်း မြန်မာနိုင်ငံသား ၂၀ အဖမ်းခံရ

မလေးရှား နိုင်ငံမှာ တရားမ၀င် လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသားတွေ နိုင်ငံကူးစာအုပ် သက်တမ်းကုန်နေပြီး ဆက်လက်နေထိုင်နေကြတဲ့သူတွေကို ကူလင်း Kulim နဲ့  Setia Alam မြို့ နယ်တွေက စားသောက်ဆိုင်နဲ့  ဟော်တယ်တွေကို လ၀က ရဲတွေက ၀င်ရောက်ရှာဖွေဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့  လူမှောင်ခိုသမားတွေ ကို အရေးယူနိုင်ဘို့   ခုလို အော်ပရာစီ ops selera စစ်ဆင်ရေးကို အဓိက လုပ်ဆောင်ခဲ့တာဖြစ်တယ်လိုလူဝင်မှု ကြီးကြပ်ရေး ဒါရိုက်တာ့ Mohamad Fauzi Md Isa မိုဟာမက်ဖါဇီ ကပြောပါတယ်။



နိုင်ငံခြားသား ၁၀၀ကျော် ဖမ်းဆီးလိုက်တဲ့ အထဲမှာ မြန်မာနိုင်ငံသား ၂၀ ပါဝင်တာတွေ့ ရပါတယ်။ မလေးလ၀က အရာရှိတွေကိုစမြင်တဲ့ နိုင်ငံခြားသားအလုပ်သမားတွေဟာ စားသောက်ဆိုင်နဲ့  ဟော်တယ် နောက်ပိုင်း တံခါးပေါက်တွေကနေ ထွက်ပြေးခဲ့ကြကြောင်းသိရပါတယ်။ ယခုရက်ပိုင်းအတွင်းဖမ်းမိခဲ့တဲ့ နိုင်ငံခြားသားတွေဟာ လူကုန်ကူးမှု တားဆီးရေး ဥပဒေ Act 1959/63, နဲ့  လ၀ကဆိုင်ရာ ဥပဒေ (၁၉၆၃-၁၉၆၆)  နဲ့  အရေးယူစစ်ဆေးမှာဖြစ်ကြောင်း သိရပါတယ်။

No comments:

Post a Comment