Thursday, June 27, 2019

နေပြည်တော်တွင် ဖြစ်ပွားသည့်မူကြိုကလေးငယ် မဖွယ်မရာပြုကျင့်ခံရမှု သံသယတရားခံပြန်လွတ်လာ တစ်လကျော်ချိန်အထိ ကျူးလွန်သူကို ဖမ်းဆီးနိုင်ခြင်းမရှိသေး

 နေပြည်တော် သပြေကုန်းရှိ Wisdom Hill မူကြိုကျောင်းမှ မိန်းကလေးငယ်တစ်ဦး မဖွယ်မရာပြုကျင့်ခံရသည့်အမှုအတွက် သံသယရှိ၍ ဖမ်းဆီးထား သူအမျိုးသားကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(CID) က ဇွန် လ ၂၄ ရက်၌ ပြန်လွှတ်ပေးလိုက်ပြီဟု ထိန်းသိမ်းခံရသူ၏ မိသားစုနှင့်နီးစပ်သူတစ်ဦးက အတည်ပြုသည်။ ‘‘ရမန်(ထိန်းသိမ်းစစ်ဆေး နိုင်ရန် ရဲတပ်ဖွဲ့ကို တရားရုံးက ခွင့်ပြုထားသည့်ကာလ)ပြည့်တဲ့ နေ့က ပြန်လွှတ်ပေးလိုက်ပြီလေ။ ၂၄ ရက်နေ့ကပါ။ အပြစ်မရှိလို့ ပါ’’ ဟု ၎င်းက 7Day Daily သ တင်းစာအား ပြောသည်။



ဇွန်လ ၂၄ ရက်နေ့လယ် ၁၂ နာရီခန့်က ပြန်လည်လွတ်မြောက် လာခြင်းဖြစ်ပြီး ယင်းအမှု၏တရား ခံကို ဖမ်းဆီးနိုင်ရေး CID က ဆက်လက်စုံစမ်းစစ်ဆေးမည်ဟု ရှင်းပြခဲ့ကြောင်း အထက်ပါပုဂ္ဂိုလ် က ဆိုသည်။

ယင်းအမှုနှင့်ပတ်သက်၍ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမျိုးသားသည် အသက်(၂၉)နှစ် အရွယ်ရှိပြီး Wisdom Hill ကျောင်းကြီးကြပ်ရေးမှူးဆရာမ ဒေါ်ဥမ္မာ၏ဒရိုင်ဘာဖြစ်ကာ ဖမ်း ဆီးထိန်းသိမ်းခံရသည့်ကာလ တစ်လခန့်ကြာမြင့်ချိန်တွင် ပြန် လည် လွတ်မြောက်လာခြင်းဖြစ် သည်။

ထိုသို့သံသယတရားခံကို လွှတ်ပေးမှုသည် အချုပ်ကြီး ရမန်နှစ်ပတ်(စုစုပေါင်း ၃၀ ရက်) အတွင်း တရားစွဲတင်နိုင်သည့် စုံ စမ်းစစ်ဆေးချက် မပြည့်စုံလျှင် ချုပ်နှောင်၍မရတော့ခြင်းဖြစ်ပြီး အချုပ်လွတ်ဖြင့် ဆက်လက်စစ် ဆေးနိုင်မည့် အခြေအနေရှိ ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က သုံးသပ် သည်။

‘‘အခုထိ သူကအလုံးစုံအမှု နဲ့ပတ်သက်လား၊ မပတ်သက်ဘူး လားဆိုတဲ့အဖြေအထောက်အ ထားတွေ အပြည့်အစုံမတွေ့သေး ရင် လွှတ်ပေးရမှာပဲ။ ဒါကို ရဲကို ကျွန်တော်တို့ အပြစ်မဆိုပါဘူး။ အဲဒီကာလအတွင်းမှာ အဖြေရှာ မတွေ့သေးတာတော့ CID ရဲ့ အားနည်းချက်ဖြစ်ကောင်းဖြစ်မှာ ပေါ့ဗျ’’ ဟု ၎င်းကဆိုသည်။

လွတ်မြောက်လာသူနှင့်နီး စပ်သူများကမူ အာမခံဖြင့်လွှတ် ပေးခြင်းမဟုတ်ဘဲ အပြစ်မရှိ၍ လွှတ်ပေးခြင်းသာဖြစ်ကြောင်း ပြောသည်။

မေလ ၁၆ ရက်ကတည်းက ဖြစ်ပွားခဲ့သည့် မဖွယ်မရာပြုကျင့်ခံရမှု တစ်လကျော်လာပြီ ဖြစ်သည့် လက်ရှိအချိန်အထိ တရားခံကို ဖမ်းဆီးနိုင်ခြင်းမရှိ သေးပေ။ Wisdom Hill မူကြိုကျောင်း အုပ်ဦးပညာက ကျောင်းဝန်ထမ်း များကို CID ကခေါ်ယူစစ်ဆေးနေ သည်မှာ ကုန်သလောက်ရှိနေပြီ ဖြစ်ကြောင်း ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း ၍ မိန်းကလေးငယ်၏မိသားစုက မေလ ၁၇ ရက်တွင် ဇမ္ဗူသီရိမြို့မ ရဲစခန်း၌ အမှုဖွင့်ပြီးနောက် CID က လွှဲပြောင်းရယူစစ်ဆေး နေသော်လည်း ဇွန်လ ၂၆ ရက် အထိ တစ်စုံတစ်ရာသတင်းထုတ် ပြန်ထားခြင်းမရှိသေးပေ။

ယင်းအမှုနှင့်ပတ်သက်၍ စစ်ဆေးနေဆဲအခြေအနေနှင့်သံ သယဖြင့် ထိန်းသိမ်းထားသူတစ် ဦးကို ပြန်လွှတ်ပေးသည့်ကိစ္စအ ပေါ် CID မှ ရဲမှူးချုပ်အောင်နိုင်သူ ထံ ဆက်သွယ်မေးမြန်းသည့်အခါ ဒုရဲမှူးကြီးလှဟန်ကို ဆက်သွယ် မေးမြန်းရန် မိုဘိုင်းဖုန်းစာတိုပို့ စနစ်ဖြင့် အကြောင်းပြန်သည်။

ထို့အပြင် ‘‘ဒါပေမဲ့ သူတို့ စုံ စမ်းဆောင်ရွက်နေဆဲဖြစ်လို့ကြား ဖြတ်သိဖို့ခက်ပါသေးတယ်’’ ဟု ရဲမှူးချုပ်အောင်နိုင်သူ၏ ပြန် ကြားချက်တွင် ပါဝင်သည်။ ၎င်း ရည်ညွှန်းသည့်ဒုရဲမှူးကြီးလှဟန် နှင့်အဆက်အသွယ်မရသေးသ ကဲ့သို့ ကျူးလွန်ခံရသူမိန်းကလေး ငယ်၏ မိသားစုထံမှလည်း မှတ် ချက်တစ်စုံတစ်ရာရရှိခြင်း မရှိ သေးပေ။

No comments:

Post a Comment