Thursday, June 27, 2019

နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေး မဟာဗျူဟာ မကြာမီထုတ်ပြန်မည်

 နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေး မဟာ ဗျူဟာကို မကြာမီထုတ်ပြန်မည် ဖြစ်ကြောင်း ဘေးအန္တရာယ်ဆိုင် ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ဇွန်လ ၂၅ ရက်တွင် ပြောသည်။ေ ဒါက်တာကိုကိုနိုင်က ‘‘နည်း ဗျူဟာပြီးရင် လုပ်ဆောင်ရမယ့် အပိုင်းတွေလာမယ်။ ပြန်လည် နေရာချထားရေး လုပ်မယ်ဆိုရင် လိုအပ်မယ့်ဟာတွေ၊ ပညာရေး၊ ကျန်းမာရေးဘာတွေလိုမယ်ဆို တဲ့ အပိုင်းတွေပါတယ်’’ ဟု ပြော ကြားသည်။



နေရပ်စွန့်ခွာသူများ ပြန် လည်နေရာချထားရေးမဟာဗျူ ဟာနှင့်စပ်လျဉ်း၍ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဒေါက်တာဝင်းမြတ်အေးက ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူရှိ တိုက်ပွဲရှောင်ပြည်သူများနှင့် တွေ့ဆုံစဉ် ၎င်းတို့၏ဆန္ဒကို ရယူ မည်ဟု ဇွန်လ ၂၃ ရက်က ပြော ကြားထားသည်။

နေရပ်စွန့်ခွာသူအများစု သည် မြန်မာနိုင်ငံအတွင်းဖြစ်ပွား နေသည့် တိုက်ပွဲများကြောင့်ဖြစ် ပြီး မြန်မာနိုင်ငံတွင် စစ်ဘေးအန္တ ရာယ်ကြောင့် နေရပ်စွန့်ခွာရသူ လေးသိန်းခွဲကျော်ရှိကြောင်း စစ် ရှောင်ပြည်သူများအရေး ဆောင် ရွက်နေသည့်အဖွဲ့ ၁၅ ဖွဲ့၏ အစီ ရင်ခံစာတွင် ဖော်ပြထားသည်။

ကရင်နှင့်ကရင်နီတိုင်းရင်း သားအများစု နေထိုင်သည့် ထိုင်း နိုင်ငံရှိ ဒုက္ခသည်စခန်းများ၌ ဒုက္ခ သည် ကိုးသောင်းခုနစ်ထောင်ခန့်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ကချင်၊ တ အောင်းနှင့် ရှမ်းစစ်ရှောင်ဒုက္ခ သည် တစ်သိန်းခြောက်ထောင် ခန့်၊ မြန်မာနိုင်ငံအရှေ့တောင်ပိုင်း ၌ ကရင်နှင့်မွန်စစ်ရှောင်ဒုက္ခသည် နှစ်သိန်းရှစ်သောင်းခန့် ရှိနေ ကြောင်း အစီရင်ခံစာကဆိုသည်။

ကူညီထောက်ပံ့မှုများလျော့ ကျလာခြင်းနှင့် အနာဂတ်ရေရာ မှုမရှိခြင်းကြောင့် စစ်ရှောင်ဒုက္ခ သည်စခန်းမှ ပြည်သူအချို့ စိတ် ကျရောဂါခံစားနေရကြောင်း ဒုက္ခ သည်စခန်းမှ တာဝန်ရှိသူများက ဆိုသည်။ စစ်ရှောင်အများစုသည် ဘဝရပ်တည်ချက်ရွေးချယ်စရာ နည်းလမ်းမရှိခြင်းကြောင့် ထိုင်း နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် မိမိကိုယ်ကိုယ် သေကြောင်းကြံ စည်မှုနှုန်း တိုးမြင့်လာနေပြီး အိမ် တွင်းအကြမ်းဖက်မှု၊ လောင်းက စား၊ မူးယစ်ဆေးဝါးနှင့် အရက်စွဲ ခြင်းကြောင့်     အခြားလူမှုရေး ဆိုးကျိုး သက်ရောက်မှုများ မြင့် တက်လာနေသည်ဟုလည်း အစီ ရင်ခံစာတွင် ဖော်ပြထားသည်။

No comments:

Post a Comment