Thursday, June 27, 2019

ဥပဒေများသည် လူထုကို အကျိုးပြုနိုင်ပြီး နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူဖြစ်နိုင်ဖို့ လိုအပ်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ်ပြော

ဥပဒေများသည် လူထုကိုအကျိုးပြုနိုင်ပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူဖြစ်နိုင်သည့်ဥပဒေဖြစ်ဖို့လို အပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။ ဇွန် ၂၅ရက်က ရန်ကုန်မြို့ရှိ IBC ၌ ပြုလုပ်ခဲ့သော 'သစ်တော နည်းဥပဒေ(မူကြမ်း)အား အကျိုးသက်ဆိုင်သူများထံ ချပြဆွေးနွေး ခြင်းနှင့်အကြံပြုချက်များ ရယူခြင်းဆိုင်ရာ ဆွေးနွေးပွဲ အဖွင့်အမှာ စကားတွင် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။



ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ''ဥပ ဒေတစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းတော့မယ်ဆိုရင် ဒီဥပဒေကို လူထုကိုချ ပြအသိပေးမယ်။ ဒီဥပဒေကို ကိုင်တွယ်ကျင့်သုံးရမယ့် ဝန်ကြီးဌာနကတာဝန်ရှိတဲ့သူတွေကို အသိ ပေးပြီး ဒီဝန်ကြီးဌာနနဲ့ ဆက်စပ်ပြီး ဆောင်ရွက်နေတဲ့သက်ဆိုင်သူတွေကို အသိပေးဆောင်ရွက် ခြင်းဟာ ဒီမိုကရေစီလုပ်ထုံးလုပ်နည်းတစ်ရပ်ဖြစ်ပါတယ်။ ဒီအလေ့အကျင့်ကို သက်ဆိုင်ရာဝန် ကြီးဌာနတွေဘက်ကနေ အခုလိုကျင့် သုံးဆောင်ရွက်ခြင်းအားဖြင့် ကျွန်တော်တို့နိုင်ငံမှာ ဆောင်ရွက်မယ့် ဥပဒေတွေဟာ လူထုရဲ့လက်တွေ့လိုအပ်ချက် တွေအတွက် အကာအကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဥပဒေတစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းတယ်ဆိုတာ ဒီဥပဒေဟာ ပြည်သူလူထုကိုထိန်းချုပ်ဖို့၊ ပြည်သူလူထုကို တင်းကျပ်ဖို့၊ ပြည်သူလူထုကို လုပ်လို့ကိုင်လို့မရအောင် အခက်အခဲဖြစ်အောင် ဆောင်ရွက်ဖို့မဟုတ်ပါဘူး။ ဥပဒေအရ လူထုရဲ့ဆောင်ရွက်ချင်တဲ့ ဖွံ့ဖြိုးတိုး တက်ရေးကဏ္ဍနယ်ပယ် အသီးသီးအတွက် ဆောင်ရွက်နိုင်ခွင့် တွေကို ဥပဒေနှင့်အညီ ခွင့်ပြုဖို့ပဲ ဖြစ်ပါတယ်။ ဒီလိုခွင့်ပြုတဲ့နေရာမှာလည်း အများပြည်သူအကျိုးကို ပျက်ပြားမသွားစေနိုင်ဖို့အတွက် ဥပဒေမှာစည်းမျဉ်းစည်းကမ်းတွေနဲ့လည်း ထိန်းချုပ်နိုင်ဖို့လည်း လိုပါတယ်။ ဒါပေမဲ့ ဥပဒေဆိုတာကတော့ ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေနဲ့အညီ အကာအကွယ်ပေးနိုင်ဖို့အတွက်ပဲဖြစ်ပါတယ်။ ဒါကြောင့် ဥပဒေတွေဟာ လူထုကိုအကျိုးပြု နိုင်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်နိုင်တဲ့ဥပဒေဖြစ်ဖို့လိုအပ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

ဥပဒေတစ်ရပ်ကိုရေးဆွဲမည်ဆိုပါကလည်း အဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်ကိုက်ညီအောင်ရေးဆွဲရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ဦးဖြိုးမင်းသိန်းက''ဒီနေ့ရေးဆွဲမယ့် သစ်တောနည်းဥပဒေဟာ ကျွန်တော်တို့နိုင်ငံသူနိုင်ငံသား တွေနဲ့ ဒီလုပ်ငန်းကဏ္ဍနယ်ပယ်မှာသက်ဆိုင်နေတဲ့အကျိုးသက် ရောက်သူတွေရော၊ ကျွန်တော်တို့ ဒီလုပ်ငန်းကိုကိုင်တွယ်ကျင့်သုံးရမယ့် သစ်တောဦးစီးဌာနအတွက်ကပါဆောင်ရွက်နိုင်ပြီး နားလည်လွယ်ကူနိုင်တဲ့ စကားရပ်တွေနဲ့ဖြစ် နိုင်တဲ့နည်းဥပဒေတစ်ရပ်ဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခြင်း ဖြင့် ကျွန်တော်တို့နိုင်ငံ တည် ဆောက်ရေးကို တစ်ထောင့်တစ် နေရာကနေပြီး ကူညီဆောင်ရွက် ပေးပါလို့ တိုက်တွန်းပြောကြားလိုပါတယ်''ဟု ပြောကြားခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်း၊ ဥပ ဒေချုပ် ဒေါ်ခင်မျိုးကြည်၊ လွှတ် တော်ကိုယ်စားလှယ်များ၊ ဥပဒေပညာရှင်များ၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့် လူမှုအဖွဲ့ အစည်းများမှ ပုဂ္ဂိုလ်များတက် ရောက်ခဲ့ကြသည်။

No comments:

Post a Comment