Thursday, June 27, 2019

တရားမ၀င်တက္ကသိုလ်နှစ်ခုနှင့် ပူးပေါင်းခဲ့သည့် ရာထူးဝန်အဖွဲ့ကို အဂတိဥပဒေဖြင့် အရေးယူနိုင်ခြင်းမရှိဟု ကော်မရှင်အကြောင်းပြန်

 ပြည်ထောင်စုရာထူးဝန် အဖွဲ့ကို အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေအရ အရေးယူပေး နိုင်ခြင်းမရှိကြောင်း ကော်မရှင်က အကြောင်းပြန်သည်ဟု တိုင်ကြား သူကိုနေယံဦးက ယမန်နေ့တွင် ပြောသည်။ သက်ဆိုင်ရာနိုင်ငံများက အ သိအမှတ်ပြုမထားသည့်ပြည်ပ တက္ကသိုလ်နှစ်ခုနှင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့တို့  ပူးပေါင်းခဲ့မှု တွင်အကျိုးစီးပွားဆက်နွှယ်မှု၊ အ ကျင့်ပျက်ခြစားမှု၊ အဂတိလိုက် စားမှုရှိ၊မရှိ စုံစမ်းစစ်ဆေးပေးရန် ကိုနေယံဦးက ယခုလဆန်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။



ဗြိတိန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ်တွင် ပြည်သူ့ရေးရာ မူဝါဒမဟာဘွဲ့တက်ရောက်သင် ကြားနေသူကိုနေယံဦး၏ တိုင် ကြားစာကို ကော်မရှင်က ဇူလိုင် ၁၃ ရက်စွဲဖြင့်အကြောင်းပြန်ခဲ့ ခြင်းဖြစ်ပြီး ကော်မရှင်၏ကနဦး စိစစ်ချက်များအရလည်းကောင်း၊ တိုင်ကြားစာပါအကြောင်းအရာ များကို စိစစ်တွေ့ရှိချက်အခြေအ နေများအရလည်းကောင်း အရေး ယူနိုင်ခြင်းမရှိကြောင်း ဖော်ပြ ထားသည်။

‘‘ရာထူးဝန်အဖွဲ့ကို တကယ် အရေးယူမယ်ဆိုရင် အရေးယူလို့ ရရဲ့သားနဲ့ အရေးမယူတာ။ ငါး ကြီးကြီးကို သိသိကြီးနဲ့လွှတ်ပေး လိုက်တာကြောင့် ACC (ကော်မ ရှင်)ကို စိတ်ပျက်မိပါတယ်’’ ဟု ကိုနေယံဦးက ၎င်း၏ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်တွင် ရေးသားသည်။

ပြည်ထောင်စုရာထူးဝန်အ ဖွဲ့သည် ပြည်ပတက္ကသိုလ်နှစ်ခု နှင့်ပူးပေါင်း၍ သင်တန်းနှစ်ကြိမ် ဖွင့်လှစ်ရာတွင် ပထမအကြိမ် သည် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အ တွင်းဖြစ်ပြီး ရန်ပုံငွေသုံးစွဲမှုကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက စစ်ဆေးပြီးဖြစ်သည်ဟု ကော်မရှင်အကြောင်းပြန်စာ၌ ဖော်ပြသည်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ်အ တွင်း ဖွင့်လှစ်သည့်သင်တန်းကို နှစ်ဖက်သဘောတူညီချက်ဖြင့် ရပ်ဆိုင်းခဲ့ပြီး ပေးချေထားသော ငွေအားလုံးကို ရာထူးဝန်အဖွဲ့က ပြန်လည်ရယူကာ နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းပြီး ကြောင်း သိရသည်ဟု ကော်မရှင်အကြောင်းပြန်စာ၌ ဆက်လက်ဖော်ပြသည်။

‘‘ဒီလိုပြန်ပေးမှုကို လက်ခံ လိုက်တာနဲ့ ငွေကြေးအရှုပ်အ ထွေးကြီးက မပြေလည်သွားပါ ဘူး။ သူတို့ရဲ့လုပ်ဆောင်မှုဟာ ဥပဒေချိုးဖောက်ရာမရောက်ဘူး လား၊ အဂတိမြောက်တဲ့ပူးပေါင်း မှုမဖြစ်ဘူးလား’’ ဟု ကိုနေယံဦး က မေးခွန်းထုတ်သည်။

  အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်သည် ရာထူး ၀န်အဖွဲ့ကို မည်သည့်အတွက် ကြောင့် အရေးမယူနိုင်သည်ကို အတိအကျရှင်းပြမထားကြောင်း နှင့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အ တွက် ရန်ပုံငွေပြန်လည်ရယူနိုင်ခဲ့ ၍ အရေးမယူနိုင်ဟုဆိုပါကလည်း လက်မခံနိုင်ကြောင်း ကိုနေယံဦး က ဆိုသည်။

ကော်မရှင်ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်စိုးက ပြန်ကြားစာတွင် ပြည့်စုံစွာပြန်ကြားပြီးဖြစ်၍ သီး ခြားမှတ်ချက်ပေးရန်မရှိကြောင်း ယမန်နေ့တွင် ပြောသည်။

ပြည်ထောင်စုရာထူးဝန်အ ဖွဲ့သည် အမေရိကန်ပြည်ထောင် စု ဟာဝိုင်အီပြည်နယ်ရှိ Akami University, မလေးရှားနိုင်ငံ EDS Business School တို့နှင့်ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး ယင်းတက္ကသိုလ် နှစ်ခုသည် သက်ဆိုင်ရာနိုင်ငံများ က အသိအမှတ်ပြုမထားကြောင်း ကိုနေယံဦးက ရေးသားဖော်ထုတ် ခဲ့သည်။

ယင်းနောက်တွင် နိုင်ငံတော် သမ္မတရုံးက ရာထူးဝန်အဖွဲ့နှင့် ပြည်ပတက္ကသိုလ်နှစ်ခုတို့ ပူး ပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်း ကြောင်း ကြေညာခဲ့သည်။ ထို့အ ပြင် ရာထူးဝန်အဖွဲ့ကို ကော်မတီ ဖွဲ့  စုံစမ်းစစ်ဆေးနေကြောင်း သမ္မတရုံးသတင်းစာရှင်းလင်းပွဲ တွင် ပြောကြားထားသော်လည်း အရေးယူမှုတစ်စုံတစ်ရာ မတွေ့ ရသေးပေ။   အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်က အရေးယူ နိုင်ခြင်းမရှိကြောင်း အကြောင်း ပြန်သော်လည်း လွှတ်တော်ကိုယ် စားလှယ်များကတစ်ဆင့် ရာထူး ၀န်အဖွဲ့ကို လွှတ်တော်သို့ခေါ်ယူ မေးမြန်းနိုင်ရန် ကြိုးပမ်းမည်ဖြစ်  ပြီး ဥပဒေကြောင်းနားလည်သူများ နှင့်တိုင်ပင်ကာ တာဝန်ခံမှုရှိစေ ရေး ဆက်လက်ဆောင်ရွက်မည် ဟု ကိုနေယံဦးက ပြောသည်။

No comments:

Post a Comment