Thursday, June 27, 2019

၂၀၂၀ နှင့် လူမှုကွန်ရက် ဂယက် ဆွေးနွေးပွဲ ကျင်းပမည်

 လူမှုကွန်ရက်မှ ရရှိနိုင် သည့် ကောင်းကျိုးများကို မြှင့် တင်ပြီး ဆိုးကျိုးများကို နယ်ပယ် အသီးသီးက အောင်မြင်ကျော် ကြားသူများနှင့် ပညာရှင်များ ဝိုင်း ဝန်းအဖြေရှာမည့် ဆွေးနွေးပွဲကို ဇွန်လ ၂၉ ရက်တွင် ကျင်းပမည် ဖြစ်သည်။ အဆိုပါဆွေးနွေးပွဲကို နိုင်ငံ တော်သမ္မတရုံးက စီစဉ်ကျင်းပ ခြင်းဖြစ်ပြီး စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ် နှစ်ခုပါဝင်မည်ဖြစ် သည်။



ပထမပိုင်းအစီအစဉ်ဖြစ် သည့် လူမှုကွန်ရက်ကောင်းကျိုး၊ ဆိုးကျိုး၊ စိန်ခေါ်မှုများနှင့်ဖြေရှင်း ရန် အဆိုပြုချက်များ စကားဝိုင်း ဆွေးနွေးပွဲတွင် ဖိတ်ကြားထားသူ ခြောက်ဦးက ပါဝင်ဆွေးနွေးမည် ဖြစ်သည်။ ဦးဆောင်မေးမြန်းသူ အဖြစ် Information Matrix ကုမ္ပဏီ၏ စီအီးအိုဦးသောင်းစု ငြိမ်း၊ ရုပ်ရှင်သရုပ်ဆောင်အကယ် ဒမီအေးမြတ်သူ၊ မိတ်ကပ်ပညာ ရှင် မထက် (Pop Soul)၊ မော် ဒယ်ဟန်တီ၊ Social Influencer များအဖြစ် အရည်ကြို၊ မဖြိုးဖြိုး အောင်တို့က ပါဝင်ဆွေးနွေးရန်ရှိ သည်။

ဒုတိယပိုင်းဖြစ်သည့် မြန်မာ့ လူမှုကွန်ရက်အပြုသဘော ဘယ် လိုမြှင့်တင်မလဲ စကားဝိုင်းဆွေး နွေးပွဲတွင် ဦးဆောင်မေးမြန်းသူ အဖြစ် 7Day TV အစီအစဉ်တင် ဆက်သူ မဆွေမာသိန်းလွင်က ဆောင်ရွက်မည်ဖြစ်ပြီး AYA Bank၊ Digital Banking ၏ မန် နေဂျင်းဒါရိုက်တာ ဦးချစ်ထွန်း ဖေ၊ Rakuten Viber ၏ Business Development Manager ဦးနေရဲအောင်၊ ပြည်ထောင်စုရှေ့ နေချုပ်ရုံးမှ အငြိမ်းစားညွှန်ကြား ရေးမှူး ဒေါ်မော်မော်အေး၊ ပြည် ထဲရေးဝန်ကြီးဌာန၊ မှုခင်းရဲတပ် ဖွဲ့မှ ရဲမှူးကျော်သူဝင်းနှင့် Information Matrix ကုမ္ပဏီ၏ စီအီး အို ဦးသောင်းစုငြိမ်းတို့ ပါဝင်ဆွေး နွေးရန် စီစဉ်ထားသည်။

ဆွေးနွေးပွဲကို ဇွန်လ ၂၉ ရက် မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန်မြို့ Pan Pacific ဟိုတယ်၌ ကျင်းပမည်ဖြစ် ပြီး မည်သူမဆို တက်ရောက်နိုင် သည်။ ပွဲတက်ရောက်လိုပါက 09 978049335 သို့ (ရုံးချိန်အ တွင်း) ဆက်သွယ်၍လည်း ကောင်း၊ https://tinyurl.com/myanmar-smf2019 သို့အ မည်စာရင်းပေးပို့၍လည်းကောင်း ကြိုတင်စာရင်းပေးနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment