Thursday, June 27, 2019

ရတနာပုံ ဆိုက်ဘာစီးတီးကို ရမှတ် ၄၂ဝ နှင့်အထက် ရရှိသူများ လျှောက်ထားနိုင်

နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး)ကိုရမှတ် ၄၂ဝနှင့်အထက်ရရှိသူ များလျှောက်ထားနိုင်ပြီး ကျောင်းသား ကျောင်းသူ၃၅ဝလက်ခံမည် ဖြစ်ကြောင်းသိရသည်။ ၂ဝ၁၉ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင် ကျောင်းသား ကျောင်းသူများ လျှောက်ထားနိုင် သည့် နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး) ဝင်ခွင့်ကို ထုတ်ပြန် ကြေညာထားရာတက္ကသိုလ်ဝင်စာမေးပွဲကို အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓါတုဗေဒ၊ ရူပဗေဒဘာသာ ရပ်များပါဝင်သည့် ဘာသာတွဲတစ်ခုခုဖြင့် အောင်မြင်ရမှတ်၄၂ဝနှင့် အထက်ရရှိသူများ လျှောက်ထား နိုင်ပြီး စုစုပေါင်းကျောင်းသား ကျောင်းသူ ၃၅ဝ လက်ခံမည်ဖြစ် ကြောင်းသိရသည်။



နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး) သို့လျှောက်ထားမည်ဆိုပါက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိနည်း ပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) သို့စာတိုက်မှဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ လျှောက်ထား နိုင်ကြောင်း လျှောက်လွှာများကို သက်ဆိုင်ရာ စာစစ်ဌာနများတွင် ထုတ်ယူပြီး ယင်းတက္ကသိုလ်သို့ ဇွန်၂၄ရက်မှ ဇူလိုင်လ၂၃ ရက် နေ့အထိ လျှောက်ထားနိုင်ကြောင်း သတ်မှတ်ရက်ကျော်လွန် လျှောက်ထားခြင်းကို လက်ခံမည်မဟုတ် ကြောင်းသိရသည်။ နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး) ၏သင်တန်းကာလမှ ခြောက်နှစ်ဖြစ်ပြီး အထူး ပြုဘာသာရပ်များဖြစ်သော သတင်း အချက်အလက်သိပ္ပံနှင့်နည်းပညာ အင်ဂျင်နီယာဘွဲ့၊ ကွန်ပျူတာအင် ဂျင်နီယာဘွဲ့၊ အီလက်ထရွန်နစ် အင်ဂျင်နီယာဘွဲ့၊ ဒြပ်ပစ္စည်းနှင့်သ တ္တုဗေဒအင်ဂျင်နီယာဘွဲ့၊ အော်တို မက်တစ်တိကျပစ္စည်း ထုတ်လုပ်မှု အင်ဂျင်နီယာဘွဲ့တို့ကို သင်ကြားပို့ချလျှက်ရှိကြောင်းသိရသည်။

ယခင်နှစ်ကအဆို ပါတက္ကသိုလ်၏ ၂ အထူးပြုဘာသာရပ်အလိုက် မေဂျာခွဲဝေမှုအနိမ့်ဆုံး အမှတ်များမှာ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး နည်းပညာ (ကျား-မ၄၉ဝမှတ်)၊ အီလက်ထရွန်နစ် အင်ဂျင်နီယာ(ကျား-မ ၄၈၆မှတ်)၊ တိကျစက်ပစ္စည်းထုတ် လုပ်မှုအင်ဂျင်နီယာ(ကျား-မ၄၈ဝ မှတ်)၊နှင့် ဒြပ်ပစ္စည်းနှင့်သတ္တုဗေဒအင်ဂျင်နီယာ(ကျား-၄၇၉မှတ်၊ မ-၄၈ဝမှတ်)တို့ဖြစ်ကြောင်းသိရသည်။ ယခုနှစ်တွင်နည်းပညာတက္ကသိုလ်ရတနာပုံ ဆိုက်ဘာစီးတီးဝင်ခွင့်ကို တိုက်ရိုက်လျှောက်ထားခွင့်ဖြင့်လက်ခံမည်ဖြစ်သည်။

No comments:

Post a Comment