Thursday, June 27, 2019

MNA လေကြောင်းလိုင်း မကွေးမြို့သို့ ပြည်တွင်းခရီးစဉ်သစ် စတင်ပြေးဆွဲ

မြန်မာ့အမျိုးသားလေ ကြောင်းလိုင်း (MNA)က ပြည်တွင်း ခရီးစဉ်အသစ်အဖြစ် ရန်ကုန်-မကွေး ခရီးစဉ်ကို ဇွန်လ ၂၅ ရက်တွင် စတင်ပြေးဆွဲခဲ့ ကြောင်း ယင်းလေကြောင်းလိုင်း အမှုဆောင်အရာရှိချုပ် ဦးသန်း ထွန်းက ပြောသည်။ MNA လေကြောင်းလိုင်းအ နေဖြင့် ရန်ကုန်-မကွေး-အမ်း- စစ်တွေ ခရီးစဉ် ပြေးဆွဲမည်ဖြစ် ကြောင်း ဦးသန်းထွန်းက ရှင်းပြ သည်။ အပတ်စဉ် အင်္ဂါနှင့် စနေ နှစ်ရက်ပြေးဆွဲမည်ဖြစ်ပြီး အင်္ဂါ နေ့တွင် ရန်ကုန်မှ နံနက် ၆ နာရီခွဲတွင် ထွက်ခွာ၍ မကွေးမြို့သို့ ၇ နာရီ ၄၅ မိနစ်၌ ဆိုက်ရောက် မည်ဖြစ်ပြီး မကွေးမြို့မှ နံနက် ၁၀ နာရီ ၅၅ မိနစ်တွင် ပြန်လည်ထွက်ခွာ၍ ရန်ကုန်သို့ မွန်းတည့် ၁၂ နာရီ၌ ဆိုက်ရောက်မည်ဖြစ် သည်။


စနေနေ့တွင် ရန်ကုန်မှ နံနက်၆ နာရီခွဲတွင် ထွက်ခွာ၍ မကွေး သို့ ၇ နာရီ ၄၅ မိနစ်၌ ဆိုက်ရောက်မည်ဖြစ်ပြီး မကွေးမြို့မှ နံနက် ၁၁ နာရီ ၃၅ မိနစ်တွင် ပြန်လည် ထွက်ခွာမည်ဖြစ်ကာ ရန်ကုန်သို့ နေ့လယ် ၁၂ နာရီ ၃၅ မိနစ်၌ ဆိုက်ရောက်မည်ဖြစ်သည်။

‘‘မကွေးတိုင်းအတွက် အ များကြီး ဝမ်းသာရပါတယ်။ ရင်း နှီးမြှုပ်နှံချင်တဲ့ ကိစ္စတွေ၊ ဥပမာ ဆိုလာစွမ်းအင်တွေရှိတယ်၊ နှမ်း စိုက်ပျိုးချင်တာတွေရှိတယ်၊ ဒီလို ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ များသောအားဖြင့် ဂျပန်နိုင်ငံက လာတယ်။ ရန်ကုန်ကနေ ကားနဲ့ လာရရင် အနည်းဆုံး ခြောက် နာရီ၊ ခုနစ်နာရီလောက်မောင်းရ တယ်။ တချို့ကျတော့ ညောင်ဦး ကို လေယာဉ်နဲ့လာတယ်။ ညောင်ဦးကနေ မကွေးကို ကားနဲ့လာရ တော့ ခရီးထောက်နေတာပေါ့။ အခုကျ မကွေးကို တိုက်ရိုက်လာ နိုင်ပြီဆိုတော့ အရင်ကထက် အများကြီးချောမွေ့လာတာပေါ့’’ ဟု မကွေးတိုင်းဝန်ကြီးချုပ် ဒေါက် တာအောင်မိုးညိုက ပြောသည်။

မကွေးတိုင်းတွင် ၂၀၀၁ က စ၍ လေကြောင်းပြေးဆွဲမှုရှိသော် လည်း ၂၀၀၆ ဒီဇင်ဘာ၌ အ ကြောင်းကြောင်းကြောင့် ပြေးဆွဲ မှု ရပ်ဆိုင်းကာ ယခု ပြန်လည် ပြေးဆွဲခွင့်ရရှိခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ လေယာဉ်စီးခ လက်မှတ် နှုန်းထားများသည် စက်တင်ဘာ လကုန်အထိ ရန်ကုန်-မကွေး ခြောက်သောင်းကျပ်၊ မကွေး- ရန်ကုန် ငါးသောင်းရှစ်ထောင် ကျပ်ဖြင့် ရောင်းချမည်ဖြစ်ပြီး စက်တင်ဘာကျော်လျှင် ခရီး သည်အခြေအနေပေါ်မူတည်၍ လေယာဉ်စီးခဈေးနှုန်း အပြောင်း အလဲရှိနိုင်ကြောင်း တာဝန်ရှိသူ က ပြောသည်။

No comments:

Post a Comment