Saturday, June 29, 2019

မွန်ပြည်နယ် လွှတ်တော်အရေးပေါ် အစည်းအဝေး ဇူလိုင် ၂ ရက်တွင် ကျင်းပမည်

မွန်ပြည်နယ်လွှတ် တော်တွင် ၀န်ကြီးဌာနအသစ် တစ်ခုခန့်အပ်အတည်ပြုရန် ဇူ လိုင် ၂ ရက်တွင် အရေးပေါ်အ စည်းအဝေး ကျင်းပမည်ဖြစ် ကြောင်း မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောကြားသည်။ နိုင်ငံတော်သမ္မတက အ တည်ပြုခန့်အပ်ထားသည့် လူဝင် မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအ ရင်းအမြစ်ဝန်ကြီးဌာနကို မွန်ပြည် နယ်အစိုးရအဖွဲ့အတွင်း ထည့် သွင်းရန်အရေးပေါ်အစည်းအဝေး ကျင်းပပြီး မွန်ပြည်နယ်အစိုးရအဖွဲ့က ပေးပို့မည့် အမည်စာ ရင်းကို ပြည်နယ်လွှတ်တော်အ စည်းအဝေးတွင် ခန့်အပ်အတည် ပြုမည်ဖြစ်ကြောင်း ဒေါ်တင်အိက ဆိုသည်။



‘‘နိုင်ငံတော်သမ္မတက အဆို ပြုထားတဲ့ဝန်ကြီးဌာနနေရာကို ခန့်အပ်အတည်ပြုဖို့အရေးပေါ်အ စည်းအဝေးကို ကျင်းပတာဖြစ် တယ်’’ ဟု ဒေါ်တင်အိကပြော သည်။  မွန်ပြည်နယ်လွှတ်တော် တွင် အစိုးရသစ်လက်ထက်အ တွင်းပုံမှန်အစည်းအဝေး ၁၃ ကြိမ်၊ အရေးပေါ်အစည်းအဝေး တစ်ကြိမ်နှင့် အထူးအစည်းအ ဝေးနှစ်ကြိမ် ကျင်းပပြီးဖြစ်သည်။ မွန်ပြည်နယ်အစိုးရအဖွဲ့၌  သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လူမှုရေးဝန်ကြီးဌာန၊ စိုက်ပျိုး ရေး၊မွေးမြူရေးနှင့် ပို့ဆောင်ဆက် သွယ်ရေးဝန်ကြီးဌာန၊ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊  လျှပ်စစ်၊ စွမ်းအားနှင့် စက်မှုဝန် ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ဗမာတိုင်း ရင်းသားဝန်ကြီးဌာန၊ ကရင်တိုင်း ရင်းသားဝန်ကြီးဌာန၊ ပအိုဝ်းတိုင်း ရင်းသားဝန်ကြီးဌာန၊ စည်ပင်သာ ယာရေးနှင့် ဆောက်လုပ်ရေးဝန် ကြီးဌာနတို့ဖြင့် ဖွဲ့စည်းထား သည်။

No comments:

Post a Comment