Saturday, June 29, 2019

သန်းခေါင်စာရင်း အချက်အလက်အားလုံး ထုတ်ပြန်ပေးရန် အစိုးရထံ တိုက်တွန်းထားဟု UNFPA အကြီးအကဲပြော

 ၂၀၁၄ က ကောက်ယူ သည့် သန်းခေါင်စာရင်းအချက်အ လက်အားလုံး ထုတ်ပြန်ပေးရန် အစိုးရထံ တိုက်တွန်းထားကြောင်း ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအ ဖွဲ့ (UNFPA) မှ မြန်မာနိုင်ငံဆိုင် ရာဌာနေကိုယ်စားလှယ် Mr. Ramanathan Balakrishnan က ပြောသည်။  မြန်မာနိုင်ငံတွင် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်းကို ၂၀၁၄ က ကောက်ယူ ပြီး တိုင်းရင်းသားလူမျိုးစုဦးရေစာ ရင်းကို ယခုအထိ မထုတ်ပြန်နိုင် သေးပေ။



‘‘ကျွန်တော်တို့အနေနဲ့အမြဲ တမ်း ကောက်ယူထားတဲ့ ဒေတာ တွေ အားလုံးကို ထုတ်ပြန်ပေးဖို့ တောင်းဆိုပါတယ်။ ဒါပေမဲ့ ဒီဒေ တာတွေကို ထုတ်ပြန်မယ်၊ မထုတ် ပြန်ဘူးဆိုတာကတော့ အစိုးရရဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်’’ ဟု Mr. Ramanathan Balakrishnan က ဇွန်လ ၂၈ ရက်တွင် ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိအ ချိန်အထိ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရှိသည်ဟုသာ လက်ခံ ထားပြီး ကောက်ယူထားသည့် သန်းခေါင်စာရင်းအချက်အလက် ထုတ်ပြန်ပါက ယင်းအရေအ တွက် အပြောင်းအလဲဖြစ်ဖွယ်ရှိ သည်။

အဆိုပါသန်းခေါင်စာရင်း  အချက်အလက်ကို ဆက်လက် ထုတ်ပြန်နိုင်ရန် ကြိုးစားနေ ကြောင်း ပြည်သူ့အင်အားဦးစီး ဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇော်အောင်က ဆိုသည်။

‘‘ကျန်တဲ့ထုတ်ပြန်ဖို့လိုတဲ့ အချက်တွေ ကျန်ရှိနေပါတယ်။ ဒါတွေကို ဆက်လက်ဆောင်ရွက် နေပါတယ်။ ကျန်ရှိတာတွေကို ဆက်လက်ထုတ်ပြန်ဖို့ ဆောင် ရွက်နေပါတယ်။ အခုကာလမှာ အတိအကျပြောဖို့ ခက်ပါတယ်’’ ဟု ၎င်းကပြောသည်။

အစိုးရအနေဖြင့် ယင်းအ ချက်အလက်ကို ထုတ်ပြန်နိုင်ခြင်း မရှိသေးသော်လည်း ကြားဖြတ် သန်းခေါင်စာရင်းကို နိုဝင်ဘာ တွင် ကောက်ယူရန်ပြင်ဆင်နေ သည်။

ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် မေးမြန်းမည့် မေးခွန်းကို အလုပ်ရုံဆွေးနွေးပွဲ များ ကျင်းပ၍ စိစစ်နေကြောင်း ဦးဝင်းဇော်အောင်က ဆိုသည်။ ထို့အပြင် ကြားဖြတ်သန်း ခေါင်စာရင်း ကောက်ယူမှုမှ ရရှိ သည့်အချက်အလက်များကို ၂၀၂၀ နှစ်ဆန်းတွင် ထုတ်ပြန်နိုင်ဖွယ်ရှိကြောင်း ၎င်းကပြော သည်။

No comments:

Post a Comment