Saturday, June 29, 2019

ကိုပါအမေရိက ကွာတားဖိုင်နယ်ပွဲစဉ်တွင် ဥရုဂွေး၌ ကွင်းလယ်လူ တော်ရီရာပါဝင်မည်

ကိုပါအမေရိက ပြိုင်ပွဲ ကွာတားဖိုင်နယ်၌ ပီရူးနှင့် ရင်ဆိုင်တွေ့ချိန်တွင် ပါဝင်ကစား နိုင်မည်ဟု ဥရုဂွေးကွင်းလယ်လူ လူးကပ်စ်တော်ရီရာက ပြောသည်။ အာဆင်နယ်ကွင်းလယ်လူ တော်ရီရာသည် တနင်္လာနေ့၌ ဥရုဂွေးက ချီလီကို ၁-၀ ဂိုးဖြင့် နိုင်သောပွဲစဉ်တွင် ဖျားနာမှု၊ ဝမ်း ဗိုက်ပြဿနာများကြောင့် လွဲချော် ခဲ့သည်။  ‘‘အဖျားဝင်၊ ခေါင်းကိုက်၊ အော့အန်တာတွေနဲ့ တော်တော် ရှုပ်ထွေးတဲ့ ရက်တွေပါ။ ဒါပေမဲ့ ကျွန်တော်စနေနေ့အတွက် အ ဆင်သင့်ဖြစ်နေပါမယ်’’ ဟု တော် ရီရာ (၂၃) နှစ်က ပြောသည်။


အီကွေဒေါကို ၄-၀ ဂိုးဖြင့် နိုင်သောပွဲတွင် ကွင်းလယ်လူ မာ တီယက်စ်ဗီစီနို ဒဏ်ရာရရှိပြီး နောက် တော်ရီရာသည် ဥရုဂွေး ပွဲထွက်လူစာရင်းတွင် ပါဝင်လာ သည်။ ဂျပန်နှင့် ဥရုဂွေးနှစ်ဂိုးစီ သရေကျသောပွဲတွင် တော်ရီရာ ပါဝင်ခဲ့သည်။

ဥရုဂွေးနည်းပြ အော်စကာ တာဘာရက်ဇ်သည် ကွင်းလယ် တွင် ရွေးချယ်စရာအများအပြား ရှိပြီး နီကိုလပ်စ်လိုဒီရို။ နာဟီကန် နန်ဒက်ဇ်၊ ရိုဒရီဂိုဘန်တာကာ၊ ဒီ အာရက်စီတာ၊ ဖီဒီရီကို ဗယ်လ် ဗာဒီတို့အားလုံးကို ခံစစ်နှင့်တိုက် စစ်၌ လိုသလိုအသုံးပြုနိုင်မည် ဖြစ်သည်။ အေစီမီလန်က စိတ်ဝင်စားနေသည်ဟု သတင်းများကဖော်ပြသော်လည်း မိမိအနေဖြင့် အာဆင်နယ်တွင် ပျော်ရွှင်နေပြီးထွက်ခွာရန် အစီအစဉ်မရှိဟု တော်ရီရာက ပြောကြားသည်။

No comments:

Post a Comment