Saturday, June 29, 2019

ငွေကြေးခ၀ါချမှုအများဆုံးစာရင်း၌ ကျောက်မျက်နှင့် သစ်တောကဏ္ဍဦးဆောင် အခွန်တိမ်းရှောင်မှု၊ အဂတိလိုက်စားမှု မူးယစ်ဆေးဝါးမှုတို့ အစဉ်လိုက်ရပ်တည်နေ

ငွေကြေးခ၀ါချသည့် ကိစ္စများ တွင် သဘာဝသယံဇာတထွက် ပစ္စည်းများ ဖြစ်သော ကျောက်မျက်နှင့် သစ်တောကဏ္ဍ သည် အများဆုံးဖြစ်နေသည်ဟု  ငွေကြေးခ၀ါ ချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်း ရေးမှူး  ရဲမှူးချုပ်ကျော်ဝင်းသိန်းက ပြော သည်။ ဒုတိယအများဆုံးကဏ္ဍသည် အခွန်တိမ်းရှောင်မှုဖြစ်ပြီး တတိ ယနေရာတွင်  အဂတိလိုက်စားမှု ကနေရာယူထားသည်ဟု  ငွေ ကြေးစုံစမ်းထောက်လှမ်းရေအဖွဲ့ ခေါင်းဆောင်လည်းဖြစ်၊ငွေကြေး ဆိုင်ရာမှုခင်းများတားဆီးနှိမ်နင်း  ရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူးလည်း ဖြစ်သူ ၎င်းက အသိပေးသည်။



 ‘‘အဓိက ရာခိုင်နှုန်းအများ ဆုံးကတော့ ဒီမှုခင်းကြီးသုံးခုက တော့အများဆုံးဖြစ်ပါတယ်’’ဟုရဲ မှူးချုပ်ကပြောသည်။ အပြည် ပြည်ဆိုင်ရာ ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးအစီရင်ခံစာ   ရလဒ်အပေါ်အခြေခံပြောကြားခြင်းဖြစ်ကြောင်း ရဲမှူးချုပ်ကျော်ဝင်းသိန်းက ရည်ညွှန်းသည်။

ဇွန်လ ၂၈ ရက်က နေပြည် တော်ရှိ Hilton ဟိုတယ်၌ ငွေ ကြေးခ၀ါချမှုနှင့် အကြမ်းဖက်မှု ကို ငွေကြေးထောက်ပံ့မှုတိုက် ဖျက်ရေးဆိုင်ရာ အမျိုးသားအ ဆင့် မဟာဗျူဟာရှင်းလင်းခြင်း  အလုပ်ရုံဆွေးနွေးပွဲအပြီး မီဒီယာ များ၏ မေးမြန်းမှုကို ၎င်းကအ ထက်ပါအတိုင်း ပြန်လည်ဖြေ ကြားခြင်းဖြစ်သည်။

  ငွေကြေးခ၀ါချမှုနှင့်ပတ် သက်၍ လွန်ခဲ့သည့် လေးနှစ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ယခုအမျိုးသား အဆင့်မဟာဗျူဟာကို အစိုးရအ ဖွဲ့က အတည်ပြုပေးခဲ့သဖြင့် ယနေ့ကစ၍ အကောင်အထည် ဖော်မည်ဟု ရဲမှူးချုပ်ကျော်ဝင်း သိန်းက ပြောကြားသည်။

အဆိုပါ မီဒီယာတွေ့ဆုံပွဲ တွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီး ဌာနညွှန်ကြားရေးမှူးချုပ် ဦး မောင်မောင်ကျော်ကလည်း ငွေ ကြေးခ၀ါချမှု ၅၂ မှုကို ဖော်ထုတ် ဖမ်းဆီးနိုင်ပြီး မူးယစ်ဆေးဝါးနှင့် ပတ်သက်ဆက်နွှယ်သော ငွေ ကြေးခ၀ါ ချမှုအများဆုံးဖြစ်သည် ဟု ပြောထားဖူးသည်။

    ငွေကြေးခ၀ါချမှုဆိုင်ရာ ၂၀၀၂ ဥပဒေနှင့် ယင်းကိုပြင်ဆင် ထားသည့် ၂၀၁၄ ဥပဒေတို့ဖြင့် အရေးယူခဲ့သည့် အမှုပေါင်း ၁၀၀ ကျော်ရှိကြောင်း ရဲမှူးချုပ်ကျော် ၀င်းသိန်းက ထုတ်ဖော်ပြောကြားသည်။

 မြန်မာနိုင်ငံသည် အာရှ-ပစိဖိတ်ဒေသ ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးအဖွဲ့ဝင်နိုင်ငံဖြစ် ပြီး အဖွဲ့ဝင်အချင်းချင်း အပြန် အလှန်အကဲဖြတ်ခြင်းကို ခံယူရ သည်။ ထို့အတူ အပြည်ပြည်ဆိုင် ရာငွေကြေးရန်ပုံငွေအဖွဲ့၏ နည်း ပညာအကူအညီဖြင့် ၂၀၁၅ တွင် ငွေကြေးခ၀ါချမှု၊ အကြမ်းဖက် မှုအပေါ် ငွေကြေးထောက်ပံ့မှုဆိုင် ရာ ဆုံးရှုံးနိုင်ခြေများကို အကဲ ဖြတ်ထားသည်။

No comments:

Post a Comment