Saturday, June 29, 2019

သိမ်းဆည်းမြေများ တောင်သူထံပြန်ပေး၍ ဂုဏ်သိက္ခာရယူရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

လယ်ယာမြေသိမ်းဆည်း ထားသူများက မူလတောင်သူများ ထံ အမြန်ဆုံးပြန်လည်ပေးအပ် ခြင်းသည် သိမ်းဆည်းသူများအ တွက် သိက္ခာရှိပြီး နိုင်ငံ့အတွက် လည်း အကျိုးရှိကြောင်း နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ယမန် နေ့တွင် ပြောသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ယမန်နေ့တွင် ဓနုဖြူမြို့၌ ဒေသခံတောင်သူလယ်သ မား  နှစ်ထောင်ခန့်နှင့်တွေ့ဆုံပြီး ယင်းတွေ့ဆုံပွဲတွင် ထိုသို့ ထည့် သွင်းပြောကြားခြင်း ဖြစ်သည်။ ‘‘ကိုယ်မပိုင်တဲ့ကိစ္စကို ဘာဖြစ်လို့ ဖက်တွယ်နေကြရမှာလဲ။ မြန်မြန်ဆန်ဆန် ပြန်ပေးလိုက် တော့ အားလုံးအတွက်လည်း ကောင်းပါတယ်။ ကျွန်မတို့နိုင်ငံအတွက်လည်းကောင်းပါတယ်’’  ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။



ဆက်လက်၍ ၎င်းက ‘‘ကျွန်မ တို့နိုင်ငံဟာ အခုထက်ထိ စိုက်ပျိုး ရေးကို အခြေခံတဲ့ နိုင်ငံဖြစ်တာ ကြောင့် လယ်ယာမြေကိစ္စဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့် ကိုယ့်မပိုင်ဆိုင်တာ ကိုယ်ပြန်ပေးရမယ့်မြေကို မြန် မြန်ဆန်ဆန် ပြန်ပေးခြင်းဟာ ကိုယ့်အတွက်လည်း သိက္ခာရှိ တယ်၊ ကိုယ့်ရဲ့နိုင်ငံအတွက် လည်း အကျိုးရှိတယ်ဆိုတာကို နှလုံးသွင်းပြီး မြန်မြန်ဆန်ဆန်ဖြစ် အောင်လို့ သက်ဆိုင်သူများက ပူးပေါင်း ဆောင်ရွက်ပေးစေချင် ပါတယ်’’ ဟု ပြောသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်​၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်ပြ မေးမြန်းသော တောင်သူများက ပြည်ပ၀င်ဈေးကွက်ဝင် အထွက် ကောင်းသည့် မျိုးကောင်းမျိုးသန့် ကို အစိုးရက ချထားပေးရန်၊ လမ်းညွှန်ပေးရန်၊ နည်းပညာပိုင်း ဆိုင်ရာ ကူညီပေးရန်၊ လိုအပ် သည့်အရင်းအနှီးချေးငွေကို ချေး ယူနိုင်ခွင့်ရရန်၊ ထွက်ရှိလာသော သီးနှံ၊ စပါးများ ဈေးကွက်ဝင်ရေး နှင့် ဈေးကောင်းရရန်တို့ကို အဓိက ထားပြောကြားသည်။ လက်ရှိ ရင်ဆိုင်နေရသော အခက်အခဲ များကိုလည်း တောင်သူများက တင်ပြခဲ့သည်။

‘‘ကျွန်တော်တို့တောင်သူ လယ်သမားများဟာ ယခင်တုန်း က သစ္စာရှိ ကတိတည်တဲ့ ဘဝက နေ ယနေ့မှာ စီးပွားရေးကျပ် တည်းလွန်းတော့ ဘယ်အဖွဲ့အ စည်း ဘယ်ကုမ္ပဏီကမှ ယုံကြည် မှုမရှိဘဲနဲ့ လူလိမ် လူကောက်ဘဝ ကို ရောက်ရှိနေရတာ စီးပွားရေး အကျပ်အတည်းကြောင့် ဖြစ်ပါ တယ်’’ဟု ဓနုဖြူဒေသခံတောင်သူ ကိုတိုးတိုးဝင်းက ပြောသည်။

ပုဂ္ဂလိကဘဏ်များသည် တောင်သူများထံမှ စစ်မှန်သည့် ပုံစံ(၇) ရရှိပါက ရဲဝံ့စွာ အပေါင်ခံ၍ ချေးငွေထုတ်ချေးပေးရန် အ ထက်ပါတောင်သူက မေတ္တာရပ်ခံ သည်။

‘‘တစ်ဧက ကုန်ကျစရိတ်နဲ့ တစ်ဧကရရှိတဲ့ ငွေကြေးပမာဏ ဟာ မျှခြေလောက်ပဲရှိတဲ့အတွက် ပိုလျှံတဲ့ ငွေကြေးဟာ စီးပွားရေး၊လူမှုရေး၊ ပညာရေးအတွက် ဘယ်လိုမှ လုံလောက်အောင် သုံးစွဲမှုမရှိပါဘူး’’ ဟု ကိုတိုးတိုး ၀င်းက ဆက်လက်ပြောသည်။

ပုဂ္ဂလိကဘဏ်များအနေ ဖြင့် တောင်သူများ၏ ချေးငွေနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်း နှင့်အညီ တတ်နိုင်သမျှ ဦးစား ပေး ထုတ်ချေးပေးရန် နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက် တွန်းသည်။

‘‘ဒါပေမဲ့လည်း တကယ် တမ်းကျတော့ ကျွန်မတို့ရဲ့တောင် သူလယ်သမားကြီးတွေအတွက် ပြည့်စုံလုံလောက်ဦးမှာ မဟုတ် သေးပါဘူး။ ဆက်လက်ပြီးတော့ လည်း ဘဏ္ဍာငွေကြေးအခြေအ နေ အပေါ်မူတည်ပြီး စိုက်ပျိုး စရိတ်ချေးငွေတွေကို တိုးမြှင့်သွား နိုင်ဖို့ တစ်ဆင့်ပြီး တစ်ဆင့် စီစဉ် သွားမှာဖြစ်ကြောင်း ပြောကြား ချင်ပါတယ်’’ ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။

တွေ့ဆုံပွဲတွင် တင်ပြခွင့်ရ သည့် တောင်သူများ၏ မေးမြန်း တင်ပြမှုများသည် တောင်သူများ အားလုံး ရင်ဆိုင်နေရသည့် အ ခက်အခဲ၊ အခြေအနေမှန် အားလုံး နီးပါးကို ထင်ဟပ်စေသည်ဟု ယူ ဆကြောင်း ယင်းတွေ့ဆုံပွဲတက် ရောက်သူ ဇလွန်မြို့နယ် တောင် သူ ဦးအောင်ခိုင်မိုးက မှတ်ချက်ပြုသည်။

‘‘တွေ့ဆုံပွဲကို ကျေနပ်မှုရှိပါ တယ်။ ဒေါ်စုရော၊ ၀န်ကြီးတွေ ရှင်းပြတာရော ကောင်းပါတယ်။ တိုင်းအဆင့်က ဒါမျိုးတွေ့ဆုံပွဲ ခဏခဏလုပ်ပေးရင် ပိုကောင်း မယ်’’ ဟု ၎င်းက ပြောသည်။

ထို့အပြင် နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်က စားနပ်ရိက္ခာဘေးကင်းလုံခြုံရေး ဆောင်ရွက် ရန် တောင်သူများကို အထူး မေတ္တာရပ်ခံလိုကြောင်း ပြော သည်။

‘‘ကျွန်မတို့ရဲ့ တောင်သူ လယ်သမားကြီးတွေအနေနဲ့ ပိုး သတ်ဆေးရယ်၊ ဓာတုဆေးဝါး တွေ၊ မဖြစ်မနေလိုအပ်မှသာ ဖြည့် တင်းသုံးစွဲကြဖို့ တိုက်တွန်းလို ပါတယ်’’ ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။

မြန်မာနိုင်ငံက ထွက်ရှိသည့် စိုက်ပျိုးရေးထုတ်ကုန်များသည် ကမ္ဘာက သတ်မှတ်ထားသည့် စံနှုန်းများနှင့်မကိုက်ညီပါက ကမ္ဘာ့ဈေးကွက်တွင် မြန်မာ့ထုတ်ကုန် များ ပေါက်ရောက်ရန် ခက်ခဲ မည် ဟု ဒေါ်အောင်ဆန်းစုကြည်က သတိပေးသည်။

သို့သော် တောင်သူတစ်ဦး က မြန်မာ့စိုက်ပျိုးရေးထုတ်ကုန် များ ကမ္ဘာသို့တင်ပို့ရာတွင် တောင် သူများကသာ ဓာတုဆေးဝါး ရှောင်ကြဉ်ရုံဖြင့်မရဘဲ ထုတ်ကုန် များကို သိုလှောင်သည့် စီးပွား ရေးလုပ်ငန်းရှင်များကလည်း ကြာရှည်ခံစေရေး ဓာတုဆေးဝါးရှောင် ကြဉ်ရန် လိုအပ်ကြောင်း ထောက်ပြသည်။ တွေ့ဆုံပွဲသို့ ဒေသခံတောင် သူလယ်သမားများ အပါအ၀င် လူ ၂,၄၀၀ ကျော် တက်ရောက်ခဲ့ သည်။

No comments:

Post a Comment