Saturday, June 29, 2019

ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး ကော်မတီဖွဲ့စည်း

 ပြည်တွင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း များအကြားချိတ်ဆက်ဆောင်  ရွက်မှုများမြှင့်တင်ရန်ရည်ရွယ် ချက်အပါအ၀င်ရည်မှန်းချက်ငါး ရပ်ဖြင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး နှင့် လွယ်ကူချောမွေ့စေရေးကော် မတီကို ဖွဲ့စည်းခဲ့ကြောင်း နိုင်ငံ ခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၊ မြန် မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းကပြော သည်။ြ မန်မာနိုင်ငံ၏ ယှဉ်ပြိုင်နိုင် စွမ်းရှိသော စီးပွားရေးလုပ်ငန်း များမြှင့်တင်ရန်နှင့် သတ် မှတ်နယ်ပယ်အတွင်းရှိ စက်မှု လုပ်ငန်းများ၏ တန်ဖိုးမြင့်ထုတ် ကုန်များ ပိုမိုအားကောင်းလာစေ ရန် ရည်ရွယ်သည်ဟု ဇွန်လ ၂၆ ရက်ကနေပြည်တော်ရှိ သင်္ဂဟဟို တယ်၌ ပြုလုပ်သော ရင်းနှီးမြှုပ်  နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချော မွေ့စေရေးကော်မတီနှင့် ယှဉ်ပြိုင် နိုင်စွမ်းရှိသော စက်မှုလုပ်ငန်း များအတွက် ရင်းနှီးမြှုပ်နှံမှုမြှင့် တင်ရေးစီမံချက်မိတ်ဆက်အခမ်း အနားတွင် ပြည်ထာင်စုဝန်ကြီး ကထည့်သွင်းပြောကြားသည်။



‘‘စက်မှုဖွံ့ဖြိုးတိုးတက်မှု မူ ၀ါဒများခိုင်မာဖို့နဲ့ရင်းနှီးမြှုပ်နှံမှု များတိုးမြှင့်ဆွဲဆောင်ဖို့လည်းအ ဓိကပါဝင်ပါတယ်’’ ဟု  ပြည် ထောင်စုဝန်ကြီးကပြောသည်။

၂၀၁၉ မတ်လ ၂၂ ရက်က ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့် ပြုချက်အရ ဌာနအသီးသီးမှ ဒု ၀န်ကြီးများ၊ အမြဲတမ်းအတွင်း ၀န်များ၊ UMFCCI အဖွဲ့ချုပ်မှ ကိုယ်စားလှယ်အဖွဲ့ဝင်စုစုပေါင်း  ၁၆ ဦးဖြင့် ဖွဲ့စည်းထားကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။

ထိုအပြင်ယင်းကော်မတီကို အထောက်အကူပြုနိုင်ရန်နှင့် အ ကောင်အထည်ဖော်ဆောင်ရွက် မည့်လုပ်ငန်းအဖွဲ့ ငါးဖွဲ့ကို လည်း ဆက်စပ်ဝန်ကြီးဌာနများ မှ အရာရှိကြီးများနှင့် ဖွဲ့စည်း  ဆောင်ရွက်မည်ဖြစ်ပြီး မြန် မာနိုင်ငံ၏ လက်ရှိဆောင်ရွက် နေသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှု မြှင့်တင်ရေးစီမံကိန်း (Myan-mar Investment Promotion - MIPP) ကို ယခုဖွဲ့စည်းသော ရင်းနှီးမြှုပ်နှံမှုမြင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး ကော်မတီ(In-verstment Promotion Com-mittee-IPC) က ဦးဆောင်ညွှန်ကြားမည်ဟုလည်း ၎င်းကပြောသည်။ လက်ရှိ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု စီမံကိန်း၏ Time Frame အရ ၂၀၁၆ - ၁၇မှ ၂၀၂၀ - ၂၁  အထိ ပထမ ငါးနှစ်၊၂၀၂၁ - ၂၂ မှ ၂၀၂၅ - ၂၆ အထိ ဒုတိယ ငါး နှစ်၊ ၂၀၂၆ - ၂၇မှ ၂၀၃၀ - ၃၁ အထိ တတိယ ငါးနှစ်နှင့် ၂၀၃၁ - ၃၂ မှ ၂၀၃၅ - ၃၆ အထိ စတုတ္ထ ငါးနှစ်စီမံကိန်းများကို လျာထားဆောင်ရွက်နေသည်ဟု  နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန် ကြီးဌာန ခေတ္တအမြဲတမ်းအတွင်း ၀န်ဦးသန့်ဇင်လွင်ကဆိုသည်။

‘‘ဒီမျှော်မှန်းချက်အပေါ်မူ တည်ပြီးတော့မှ ရင်းနှီးမြှုပ်နှံမှုရ ရှိစေရေးကို လက်ရှိလူဦးရေအ ချိုးအစား၊ တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုး တက်မှု၊ ရရှိနိုင်မယ့်ရင်းနှီးမြှုပ်နှံမှု များကို တွက်ချက်တဲ့အခါမှာ ပထမ ငါးနှစ်မှာ အမေရိကန်ဒေါ် လာ ၅ ဒသမ ၈ ဘီလီယံဖြစ်ပါ တယ်။ ဒုတိယငါးနှစ်အနေနဲ့ ကတော့ ၈ ဒသမ ၅ ဘီလီယံဖြစ် ပြီးတော့မှ တတိယတစ်နှစ်မှာ ပထမ ငါးနှစ်မှာ ၁၂ ဒသမ ၃ ဘီ လီယံနဲ့ နောက်ဆုံး ငါးနှစ် မှာတော့ ၁၇ ဒသမ ၆ ဘီလီယံ မျှော်မှန်းထားပါတယ်’’ ဟု ဦးသန့် စင်လွင်ကပြောသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း၏ ဆောင်ရွက်မှုများကိုလည်း နိုင်ငံ၏စီးပွားရေးဦးတည်ချက်များ၊ မူဝါဒများနှင့် လိုက်လျောညီထွေဖြစ်စေရန် ငါးနှစ်တစ်ကြိမ် ပြန်လည်ဆန်းစစ်ခြင်းနှင့် သုံးသပ်ခြင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင် စုဝန်ကြီးက ဖြည့်စွက်ပြောကြားသည်။

No comments:

Post a Comment