Saturday, June 29, 2019

တရုတ်သံရုံးတွင် ကမ္ဘောဇဘဏ်က ငွေသွင်းကောင်တာ ဖွင့်လှစ်မည် အမေရိကန်သံရုံးကလည်း ကမ်းလှမ်းထား

 ဗီဇာလျှောက်သူများ အဆင်ပြေရေး ကမ္ဘောဇဘဏ် ငွေသွင်းကောင်တာကို ဇူလိုင် ၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး က သတင်းထုတ်ပြန်သည်။ တရုတ်သံရုံးတွင် ဗီဇာ လျှောက်ထားသူများ ဗီဇာကြေးကို ကမ္ဘောဇဘဏ် ငွေသွင်းကောင်တာ၌ ဗီဇာထုတ်ရက် နေ့လယ် ၁ နာရီမှ ၂ နာရီခွဲအတွင်း လာ ရောက်ပေးသွင်းနိုင်သည်ဟု ယမန်နေ့ ထုတ်ပြန်ချက်တွင် ဖော် ပြသည်။ သံရုံးတွင် ဗီဇာကြေးပေး သွင်းနိုင်ရန် စီစဉ်ရခြင်းသည် ဗီဇာ လျှောက်ထားသူများ ပိုမိုအဆင် ပြေစေရန် စီစဉ်ပေးခြင်းဟု တရုတ်သံရုံးက ဖော်ပြသည်။



အမေရိကန်နှင့် တရုတ်သံရုံး က ကောင်တာများ လာရောက်ဖွင့် လှစ်ရန် ကမ်းလှမ်းထားကြောင်း ကမ္ဘောဇဘဏ် တာဝန်ရှိသူတစ်ဦး က ပြောသည်။

တရုတ်နိုင်ငံသို့ ခရီးသွား လာမှုများလာခြင်း၊ ခရီးသွား ဧည့်သည်များ၏ တစ်ဆင့်ဗီဇာ လျှောက်ထားသူများအတွက် သံ ရုံးက စီစဉ်ပေးခြင်းဖြစ်နိုင်သည် ဟု ၎င်းက ဆိုသည်။ ယခင်က တရုတ်သံရုံးတွင် ဗီဇာလျှောက်ထားသူများအနေ ဖြင့် မြန်မာနိုင်ငံတွင် ဘဏ်ခွဲဖွင့် လှစ်ထားသော တရုတ်နိုင်ငံမှ ဘဏ်များ၌သာ ဗီဇာကြေးပေး သွင်းရသည်။

No comments:

Post a Comment