Saturday, June 29, 2019

ရွေးကောက်ပွဲကုန်ကျစရိတ် မမှန်မကန်ပြုလုပ်မည်ကို SNLD စိုးရိမ်

၂၀၂၀ ရွေးကောက်ပွဲ တွင် ရွေးကောက်ပွဲကုန်ကျစရိတ် နှင့်ပတ်သက်၍ မမှန်မကန်ပြုလုပ် လာမည်ကို စိုးရိမ်ကြောင်း ရှမ်း တိုင်းရင်းသားများဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီ ( SNLD) ပြောရေးဆို ခွင့်ရှိသူများက ဇွန်လ ၂၅ ရက် တွင် ပြောသည်။ ယမန်နှစ် ကြားဖြတ်ရွေး ကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော SNLD  ကိုယ်စားလှယ်က ပြည် ထောင်စု ရွေးကောက်ပွဲကော်မ ရှင်ထံ ကန့်ကွက်လွှာတင်သွင်း မှုကိုကိုးကား၍  မီဒီယာများအား ရှင်းလင်း  ပြောကြားခြင်းလည်း  ဖြစ်သည်။



၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးတိုင်း ရှမ်းတိုင်း ရင်းသားရေးရာ ၀န်ကြီးနေရာကို SNLD ပါတီဝင်ဒေါ်နန်းထွေးမှုံက ၀င်ရောက်ယှဉ်ပြိုင်ပြီးနောက် မဲ အရေအတွက် ဒုတိယဖြင့် ရှုံးနိမ့်ခဲ့ သည်။ မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး အဖြစ် ရွေးချယ်ခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဦးစိုင်းပန်းဆိုင်အား SNLD က ကန့်ကွက်ထားမှုကို ဇွန်လ ၁၃ ရက်တွင် အမိန့်ချမှတ် ရာ ဒီချုပ်ပါတီအား အနိုင်ပေးခဲ့ သည်။

 ခုံရုံးဆုံးဖြတ်ချက်အပေါ်  ယခင်က အယူခံဆက်မတက်ရန် ဆုံးဖြတ်ထားသော်လည်း စီရင် ချက်ပါအချက်များသည် နောင် လာမည့် ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်သူအားလုံးနှင့် သက်ဆိုင် မှု ရှိလာနိုင်သည်ကို သတိပြုမိ၍ ဆိုကာ SNLD က ဇွန်လ ၂၆ ရက်တွင် အယူခံဝင်ခဲ့သည်။

‘‘လာမယ့် စုံညီခုံရုံးနဲ့ ပတ် သက်ပြီး ကျွန်တော်တို့အနေနဲ့ ဥပဒေက ခွင့်ပြုတဲ့အတိုင်းအတာ က လွဲပြီး ဘာမှ ၀င်ရောက်ပြောဆို  စွက်ဖက်တာမျိုး ရှိမှာမဟုတ်ပါ ဘူး။ အယူခံနိုင်တာ၊ ရှုံးတာထက်  ကျွန်တော်တို့အဖို့ ထင်ရှားတဲ့ စာရွက်စာတမ်း သက်သေတွေရရှိ ဖို့က အဓိကဖြစ်ပါတယ်’’ ဟု လည်း SNLD ဒုဥက္ကဋ္ဌ (၁) ဦးစိုင်း ညွန့်လွင်က သတင်းစာရှင်းလင်း ပွဲတွင် ပြောသည်။

အနိုင်ရသူ၏ ရွေးကောက်ပွဲ ကုန်ကျစရိတ်ကို ပြန်လည်စိစစ် ကြည့်ရာတွင် မဲဆွယ်ရန်သွား သည့်လူအုပ်နှင့် အသုံးစရိတ် မျှတမှုမရှိသည်ကို ၎င်း၏ ကန့် ကွက်လွှာတွင်  ထည့်သွင်းခဲ့ ကြောင်း ဒေါ်နန်းထွေးမှုံက ပြော သည်။ သို့သော် တစ်ဖက်က ပြန် လည်ချေပရာ၌  ပါတီအနေဖြင့် ကိုယ့်စရိတ်နှင့်  ကိုယ်သွားရောက် ၀န်းရံခြင်းဖြစ်၍  ကိုယ်စားလှယ်၏ ကုန်ကျစရိတ်ထဲသို့ မထည့်သွင်း ခြင်းဖြစ်သည်ဟုထုချေရာ ယင်း ကိုမှန်သည်ဟု ခုံရုံးက ယူဆ လက်ခံခဲ့ကြောင်းလည်း ၎င်းက ရှင်းပြသည်။

‘‘ဒါဆိုရင် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီတွေက ကိုယ့်ဘာသာမူဝါဒတွေ ထုတ်ပြန် ပြီး ၀န်းရံသူတွေရဲ့ ကုန်ကျ စရိတ်ကို ထည့်မတွက်ခဲ့ရင် ရွေး ကောက်ပွဲကော်မရှင်က လက်ခံ တော့မယ့် သဘောမျိုးဖြစ်နေပါ တယ်။ ဒါက ကျွန်တော်တို့ရဲ့ စိတ်ပူပန်မှုဖြစ်ရတဲ့ အဓိကအ ချက်ပါ။ ငွေများရင် မဲနိုင်တယ်ဆို တဲ့ မတရားမှုကို ကာကွယ်ထားတဲ့  ရွေးကောက်ပွဲ ကုန်ကျစရိတ် သတ်မှတ်ချက်ဆိုတာကလည်း ဘာမှ အဓိပ္ပာယ်ရှိတော့မှာမဟုတ် ပါဘူး’’ဟု ဦးစိုင်းညွန့်လွင်က ပြောသည်။

ထို့အပြင် အနိုင်ရသူ တင်ပြ သည့် ငွေရပြေစာ ၂၁၀ ကျော် တွင် တံဆိပ်ခေါင်းကပ်မထား သည့် ပြေစာ ၁၂၇ စောင်ပါရှိခဲ့ သော်လည်း ခုံရုံးက ကန့်ကွက် ချက်ကို ရွေးကောက်ပွဲနည်းဥပဒေ ပါ အပိုဒ်များနှင့်တကွ အထောက် အထားနှင့် ငြင်းဆိုခဲ့ကြောင်း လည်း SNLD ပြောရေးဆိုခွင့်ရှိသူ များက ပြောသည်။

‘‘ကျွန်တော်တို့ နားလည်တာ က တံဆိပ်ခေါင်းခွန်ဥပဒေဆိုတာ ကို လူတိုင်းလိုက်နာရတယ်လို့ နားလည်ပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲလို ယှဉ်ပြိုင်မှုကြီး မားတဲ့ လုပ်ငန်းတွေမှာတံဆိပ် ခေါင်းမကပ်တာကို မသိသလို နေလိုက်လို့မရပါဘူး။ ၅၈ ဒသမ ၅ ရာခိုင်နှုန်းသော ငွေရပြေစာ တွေကို တံဆိပ်ခေါင်းမကပ်ခြင်း ကို လျစ်လျူရှုလိုက်လို့မရပါဘူး။ ဒါဟာ တရားမဲ့ပြုကျင့်မှု မဟုတ် ဘူးလို့ သတ်မှတ်ခဲ့ရင် ၂၀၂၀ ရွေးကောက်ပွဲမှာ တံဆိပ်ခေါင်း မကပ်တဲ့ ကုန်ကျစရိတ်ပြေစာ တွေကိုလည်း  အလိုအလျောက် လက်ခံရတော့မယ့် အခြေအနေ ကို ကျွန်တော်တို့စိတ်ပူပန်တာကို ပြောချင်ပါတယ်’’ဟု ဦးစိုင်းညွန့် လွင်က ပြောသည်။

၂၀၁၈ ကြားဖြတ်ရွေး ကောက်ပွဲတွင်  မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားရေးရာ ၀န်ကြီး နေရာအတွက် SNLD ပါတီ ကိုယ် စားလှယ်လောင်းက ကျပ်သိန်း၈၀ကျော်အသုံးပြုကာ NLD ပါတီ ကိုယ်စားလှယ်လောင်းက ကျပ် ၅၅ သိန်း အသုံးပြုခဲ့သည်ဟုသိရ ကြောင်း ဒေါ်နန်းထွေးမှုံက ပြော သည်။

ရွေးကောက်ပွဲကော်မရှင်အ နေဖြင့် ၂၀၂၀ တွင် တရားမျှတ သည့် ရွေးကောက်ပွဲဖြစ်ရန် ကြိုး စားနေသည်ဟုသိထား၍ ပြော သည့် အတိုင်းလုပ်ဆောင်မည်ဟု ယုံကြည်ကြောင်းလည်း ဦးစိုင်း ညွန့်လွင်က ပြောသည်။ SNLD ပါတီ၏ တင်ပြရှင်းလင်းချက် သည် ခုံရုံး၏စီရင်ချက်နှင့် ပတ် သက်၍ စွက်ဖက်ခြင်း၊ အပြစ်တင် ခြင်းမဟုတ်ဘဲ နောင်လာမည့် ရွေးကောက်ပွဲအတွက် စိုးရိမ်ပူပန် ခြင်းကြောင့် ခုံရုံးစီရင်ချက်ကို ကိုး ကားပြောကြားရခြင်းသာ ဖြစ် ကြောင်း ပြောရေးဆိုခွင့်ရှိသူများ က ပြောသည်။


SNLD ပါတီ၏ အယူခံတင် မှုကို ကော်မရှင်အနေဖြင့် လက်ခံ ရရှိကြောင်းနှင့် SNLD ပါတီတာ ၀န်ရှိသူများ၏ ပြောကြားချက် အပေါ် လက်ရှိတွင် မှတ်ချက်ပြု ပြောကြားရန် မရှိကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင် က ပြောသည်။

No comments:

Post a Comment