Saturday, June 29, 2019

စီးပွားရေးတိုးတက်မှုနှင့် လွတ်လပ်သော ကုန်သွယ်ရေးအား ကာကွယ်ရန် တောင်းဆိုမှု ဂျီ-၂၀ ခေါင်းဆောင်များ ကြုံနေရ

  ဇွန် ၂၈ ရက်က အိုဆာကာတွင် ဂျီ-၂၀ ထိပ်သီး၌ ဒစ်ဂျစ်တယ်စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲတွင် နိုင်ငံခေါင်းဆောင်များကို တွေ့ရစဉ်ဂ်ပန္နိုင္ငံ အိုဆာကာမြို့တွင် ဇွန် ၂၈ ရက်၌စတင်ခဲ့သော ဂျီ-၂၀ ထိပ်သီးသို့ တက်ရောက်လာခဲ့ကြသည့် ကမ္ဘာ့ခေါင်းဆောင်များသည် စီးပွားရေးတိုးတက်မှုအား ခြိမ်းခြောက်နေမှုကို ကာကွယ်ရန်အတွက် တောင်းဆိုမှုကြုံနေရစဉ် ゞင်းတို့၏ ပူးပေါင်းဆောင်ရွက်မှု အခြေခံအုတ်မြစ်အဖြစ် ဆယ်စုနှစ်များစွာ ထိန်းသိမ်းလာခဲ့သော တန်ဖိုးထားမှုများနှင့်ပတ်သက်၍ အချင်းများခဲ့ကြသည်။ လွတ်လပ်ပြီး ပွင့်လင်းသော စီးပွားရေးသည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံဖြစ်ကြောင်း နှစ်ရက်ကြာမြင့်မည့် ဂျီ-၂၀ ထိပ်သီးဖွင့်ပွဲတွင် အိမ်ရှင်ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက တက်ရောက်လာသည့် ကမ္ဘာ့ခေါင်းဆောင်များအား ပြောကြားခဲ့သည်။ ထိုခေါင်းဆောင်များသည် ကုန်သွယ်ရေး၊ ဂလိုဘယ်လိုက်ဇေးရှင်း၊ အီရန်နျူကလီးယား သဘောတူညီချက် ပျက်ပြားနိုင်သည့် အန္တရာယ်စသည့် ကြီးမားသော တင်းမာမှုများနှင့် ရုန်းကန်နေရသည်။


ဂျီ-၂၀ ကဲ့သို့ အဖွဲ့များသည် ကျယ်ပြန့်သော မူဝါဒဆိုင်ရာ ချဉ်းကပ်မှုများနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ အကြောင်းအရာများတွင် အများသဘောတူညီမှုရရှိနိုင်ရန် ကြိုးပမ်းနေရသော်လည်း အချင်းချင်းအကြား အရေးပါသည့်အရာရော၊ အရေးမပါသည့်အရာတွင်ပါ သဘောထားကွဲလွဲနေခဲ့သည်။


ဟောင်ကောင်တွင် မကြာသေးမီက ဖြစ်ပွားခဲ့သော ဆန္ဒပြမှုအကြောင်းများအား ဂျီ- ၂၀ ၌ ဆွေးနွေးခြင်းမပြုရန် တရုတ်က သတိပေးခဲ့သော်လည်း အာဘေးက တရုတ်၏ လူ့အခွင့်အရေးမှတ်တမ်းနှင့်ပတ်သက်၍ တရုတ်သမ္မတ ရှီကျင်ပင်းကို သတိပေးခဲ့သည်။ “တစ်နိုင်ငံ စနစ်နှစ်မျိုး” မူဝါဒအောက်တွင် တိုးတက်အောင်မြင်စေရန်အတွက် ဟောင်ကောင်အား လွတ်လပ်စွာ ဖွင့်လှစ်ပေးရန် အရေးပါကြောင်း အာဘေးက ရှီအား ပြောကြားခဲ့သည်ဟု ဂျပန်တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။

လစ်ဘရယ်ဝါဒသည် ခေတ်နောက်ကျ ကျန်နေခဲ့ပြီး နိုင်ငံအများအပြားတွင် လူအများစုနှင့် ပဋိပက္ခများ ဖြစ်ပွားနေကြောင်း Financial Times သတင်းစာနှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည့် ရုရှားသမ္မတဗလာဒီမာပူတင်ကို ဥရောပကောင်စီဥက္ကဋ္ဌဌ ဒေါ်နယ်တက်စ်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ အမှန်တကယ် ခေတ်ကုန်နေသည်မှာ အာဏာရှင်စနစ်၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိုးကွယ်မှု၊ လူနည်းစုကိုသာ ကိုယ်စားပြုသည့် အုပ်ချုပ်မှုပုံစံတို့ဖြစ်ကြောင်း တက်စ်က ပြန်လည်တုံ့ပြန်ခဲ့သည်။

မက္ကဆီကိုမှ ရွှေ့ပြောင်းအခြေချများနှင့် မူးယစ်ဆေးဝါးများဝင်ရောက်မှုအား ဟန့်တားရန် ထရန့်၏ ကြိုးပမ်းမှုများကို ပူတင်က ဂုဏ်ပြုခဲ့ပြီး ထိုရွှေ့ပြောင်းအခြေချများအား ကာကွယ်ပေးရန် အခွင့်အရေးများ ပေးထားသောကြောင့် ゞင်းတို့သည် လူသတ်ခြင်း၊ လုယက်ခြင်းနှင့် မုဒိမ်းကျင့်ခြင်းတို့ ပြုလုပ်နိုင်ပြီး အပြစ်ပေးခံရမှုမှလည်း လွတ်မြောက်နေကြောင်း ပြောကြားခဲ့သည်။

ဂျီ-၂၀ ထိပ်သီးအဆုံးသတ်မည့် ဇွန် ၂၉ ရက်တွင် ထရန့်နှင့် ရှီတို့ တွေ့ဆုံရန် စီစဉ်ထားမှုကြောင့် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးစစ်ပွဲ အဆုံးသတ်နိုင်ရေးအတွက် မျှော်လင့်ချက်ကို မြင့်တက်စေခဲ့သည်။ တရုတ်အား စည်းကြပ်ခွန်များ ထပ်မံချမှတ်မှုကို ရွှေ့ဆိုင်းရန်အတွက် ကတိမပြုခဲ့ကြောင်း ဘရာဇီးသမ္မတ ဘော်ဆွန်နာရိုနှင့်တွေ့ဆုံစဉ် ထရန့်က ပြောကြားခဲ့သည်။ ရှီနှင့်တွေ့ဆုံဆွေးနွေးမှုသည် အကျိုးရှိလိမ့်မည်ဟု ထင်မိကြောင်းလည်း ゞင်းက ပြောကြားခဲ့သည်။

လတ်တလော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအခြေအနေအား အလွန်အမင်းစိုးရိမ်မိကြောင်း၊ ဂျီ-၂၀ ခေါင်းဆောင်များ ဦးတည်ရာလမ်းကြောင်းကို ကမ္ဘာကြီးက အာရုံစိုက်နေကြောင်း အာဘေးက ပြောကြားခဲ့သည်။ လွတ်လပ်ပြီး တရားမျှတသော၊ ခွဲခြားဆက်ဆံမှု မရှိသော ကုန်သွယ်ရေးစနစ်အား ထောက်ပံ့ရန်နှင့် အားကောင်းစေရန်အတွက် ခိုင်မာသောသတင်းစကားပေးရန် လိုအပ်နေကြောင်း ゞင်းက ပြောကြားခဲ့သည်။

ရာသီဥတု ပြောင်းလဲမှုတိုက်ဖျက်ရေး ပါဝင်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စများတွင် တိုးတက်မှုများ ရရှိစေရန်၊ Google နှင့် Facebook တို့ကဲ့သို့ နည်းပညာကုမ္ပဏီကြီးများအား အခွန်ကောက်ခံရန်အတွက် မျှတသော နည်းလမ်းများ ရှာဖွေရန်ကဲ့သို့ ဒစ်ဂျစ်တယ်စီးပွားရေးအတွက် စည်းမျဉ်းသစ်များ ဖန်တီးရန်၊ အကြမ်းဖက်မှုနှင့် အင်တာနက်နှင့်ဆက်နွှယ်သော အခြားရာဇဝတ်မှုများအား ထောက်ပံ့ရန်အတွက် အင်တာနက် သုံးငွေကြေးများကဲ့သို့ နည်းပညာအား အလွဲသုံးစားပြုမှုများအတွက် ကြိုတင်သတိပေးမှုများ အားကောင်းစေရန်အတွက် လုပ်ဆောင်ရန် အာဘေးက အိုဆာကာထိပ်သီးတွင် ကြိုးပမ်းမည်ဖြစ်သည်။

အီရန်နှင့် အမေရိကန်တို့အကြား တင်းမာမှု မြင့်တက်နေခြင်းနှင့်ပတ်သက်၍ ကမ္ဘာကြီးသည် ပဋိပက္ခအား ခံနိုင်စွမ်းမရှိကြောင်း၊ အခြေအနေတင်းမာမှု လျော့ကျစေရန်အတွက် လုပ်ဆောင်ရန် အရေးပါကြောင်းနှင့် ထိပ်တိုက်တွေ့ဆုံမှုများအား ရှောင်လွှဲရန် တိုက်တွန်းလိုကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အိုဆာကာထိပ်သီးသို့ ပေးပို့သောစာတွင် တိုက်တွန်းပြောကြားခဲ့သည်။ 

No comments:

Post a Comment