Saturday, June 29, 2019

မူကြိုကလေးငယ်မဖွယ်မရာပြုကျင့်ခံရမှု အမှုမှန်ပေါ်ပေါက်ဖို့အတွက်ကူညီဖို့ ဆုံးဖြတ်ထားတဲ့ အဆိုတော်လင်းလင်း

နေပြည်တော်၌ ဖြစ် ပွားသည့် မူကြိုကလေးငယ် မ ဖွယ်မရာ ပြုကျင့်ခံရမှု အမှုအခြေ အနေပေါ်မူတည်၍ လိုအပ်သည့် ဘက်မှ ကူညီမည်ဟု အဆိုတော် လင်းလင်းက ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာ၌ ရေးသားထားသည်။ ‘‘အစကတော့ ကျွန်တော် တို့က ဝန်းရံရုံသက်သက်ပါ။ အခုတော့ ကျွန်တော်ဆုံးဖြတ်ထား တယ်။ ထုတ်ပြန်လာမယ့် အမှုအ ခြေအနေနဲ့ သတင်းကိုနားစွင့် ပါမယ်။ လိုအပ်သလိုကိုယ်ရော စိတ်ရောရေဆုံး မြေဆုံးဝင်ပါပါ မယ်’’ ဟု လင်းလင်းက ဇွန်လ ၂၈ ရက်တွင် ရေးသားထားသည်။



လင်းလင်းက ယင်းအမှုမှန် ပေါ်ပေါက်ရေး ကလေး၏ မိဘ များဘက်က ဝန်းရံမည်ဖြစ် ကြောင်းနှင့် ကလေး၏ ဖခင်နှင့် လည်းတွေ့ဆုံ၍ စကားပြောခဲ့သ လို နေပြည်တော် ကောင်စီဥက္ကဋ္ဌ နှင့်လည်း ယင်းကိစ္စနှင့်ပတ် သက်၍ ပြောကြားဖြစ်ကြောင်း ဇွန်လ ၂၆ ရက်က ၎င်း၏ ဖေ့စ် ဘွတ်ခ်စာမျက်နှာ၌ ရေးသားခဲ့ သည်။

‘‘ထိုးသွင်းအရာနဲ့ သုက်ပိုး တွေ့ရှိတယ်လို့သိရတဲ့ ဒီသက် ငယ်မုဒိမ်းကိစ္စမှာ တာဝန်ရှိပြီးတာ ဝန်ပေါ့တဲ့လူတွေ၊ အမှန်ကိုသိပြီး ဝင်မပါရဲတဲ့လူတွေ၊ ခင်ဗျားတို့ သား၊ သမီးများဖြစ်ခဲ့ရင်၊ သား၊ သမီးမရှိရင်လည်း ခင်ဗျားတို့မိဘ (၂) နှစ် ၁၁ လအရွယ်မှာများ ဒီလိုကြုံခဲ့ရင်ဆိုတဲ့အတွေးနဲ့ အိပ် ပျော်နိုင်ကြပါစေ’’ ဟု လင်းလင်း က ယင်းအမှုနှင့်ပတ်သက်၍ ရေး သားထားသည်။

ထို့အပြင် ယင်းကိစ္စ၌ ပါဝင် ခြင်းသည် လက်ခုပ်သံတောင်း ခြင်းမဟုတ်ဘဲ လက်ခုပ်သံလို ချင်ပါကလူစည်ကားသည့် နေရာ များသို့ ၎င်းတို့ဇနီးမောင်နှံလမ်း လျှောက်ကာ တွေ့သည့်သူများ ကို ပြုံးပြရုံဖြင့်ရနိုင်ကြောင်း လင်း လင်းက ရေးသားထားသည်။

‘ဒီနေ့သမီးလေးမွေးနေ့။ မွေးနေ့လက်ဆောင်လေး ကျွန် တော်တို့စီစဉ်ထားတယ်။ မွေးနေ့ မှာပျော်ပါစေလို့တော့ ဆုမ တောင်းပေးတော့ဘူး’၊‘သမီးလေး ဘဝအတွက်ဒီအရိပ်ဆိုးဟာ စစ် မှန်တဲ့အားအင်တွေ  ဖြစ်ပါစေ သမီးရေ’ ဟု အဆိုပါကလေး အတွက် လင်းလင်းက မွေးနေ့ဆု တောင်းပေးထားသည်။

ချစ်သုဝေကလည်း ပြစ်မှု ကျူးလွန်ခံရသည့် မိန်းက လေးသည် ၎င်း၏သမီးများနှင့် အသက်မကွာသောကြောင့် ယင်း သတင်းကိုကြားချိန်ကတည်းက စိတ်မကောင်းဖြစ်ရပြီး ပြစ်မှု ကျူးလွန်သူ လွတ်နေသည်မှာ လည်း အဓိပ္ပာယ်မရှိကြောင်း ပြောသည်။

‘‘ဒီသမီးလေးကိစ္စမှမဟုတ် ဘူး။ အစ်မတို့မသိတာတွေ၊မုဒိမ်း မှုတွေများစွာရှိတယ်။ ဆိုရှယ်မီဒီ ယာပေါ်မှာတက်တဲ့ အမှုတွေ လည်းရှိတယ်၊ မတက်တဲ့အမှု တွေလည်းရှိတယ်။ မုဒိမ်းမှုမ မြောက်တဲ့လိင်ပိုင်းဆိုင်ရာစော် ကားအမြတ်ထုတ်မှုတွေလည်း ရှိနေတယ်။ အဲဒါတွေအားလုံးအ တွက် အစ်မတို့က ရပ်တည်မှာပဲ’’ ဟု ချစ်သုဝေကပြောသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်   သူများ ထပ်မံမရှိလာစေရန် ပြစ် ဒဏ်ထိထိရောက်ရောက်ပေးနိုင် မည့်ဥပဒေမျိုးရှိရန် လိုအပ် ကြောင်း ၎င်းကအကြံပြု သည်။ နေပြည်တော် သပြေကုန်း ရှိ Wisdom Hill မူကြိုကျောင်းမှ မိန်းကလေးငယ်တစ်ဦး မေလ ၁၆ ရက်တွင်မဖွယ်မရာပြုကျင့်ခံရ မှုဖြစ်ပွားခဲ့ပြီး တစ်လကျော် ကြာသည့်တိုင် တရားခံကို ဖမ်း ဆီးနိုင်ခြင်းမရှိသေးပေ။

No comments:

Post a Comment