Saturday, June 29, 2019

ရာသီဥတုပြောင်းလဲခြင်းရဲ့ စိန်ခေါ်သံတွေ ပိုမိုပြင်းထန်လာနေပါတယ်

လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်တွင် ကမ္ဘာတစ်လွှားမှာ ရုတ်တရက် ဖြစ်ပွားသော သဘာဝဘေးကြီးများ ကြုံတွေ့ခဲ့ကြရပါတယ်။ သြစတြေးလျတိုက်ရဲ့ Sydney နဲ့ Brisbane စတဲ့ မြို့ကြီးတွေမှာ အပူပြင်းဆုံးနွေရာသီကို ကြုံတွေ့ခဲ့ကြရပါတယ်။ အဲဒီနောက် ဥရောပတိုက်တောင်ပိုင်းမှာ ပြင်း ထန်တဲ့ အပူလှိုင်းဖြတ်သန်းခဲ့ပြီး အမေရိကန်ပြည်ထောင်စု ကယ် လီဖိုးနီးယားပြည်နယ်မှာ တော မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ ပြန်ပါတယ်။



အတ္တလန္တိတ်သမုဒ္ဒရာမှာ လည်း မုန်တိုင်းရာသီကာလမှာ မုန်တိုင်းတွေ အဖြစ်များခဲ့ပြီး Ca-tegory V အဆင့်ရှိ မုန်တိုင်းကြီး သုံးလုံးဖြစ်တဲ့ Harvey, Irma နဲ့ Maria တို့ ဖြစ်ပေါ်ခဲ့ရာမှာ အသေ အပျောက်နဲ့ အပျက်အစီးတွေများ ခဲ့ရပြန်ပါတယ်။ အမေရိကတိုက် တစ်ခုတည်းမှာပင် အပျက်အစီး တန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ် လာ ၂၆၀ ဘီလီယံကျော် ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။ တစ်ချိန်တည်း လိုမှာပဲ အိန္ဒိယတိုက်ငယ်မှာ မုတ် သုံမိုးတွေ သိသိသာသာ များခဲ့တာကြောင့် အိန္ဒိယ၊ ပါကစ္စတန်၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ် စတဲ့နိုင်ငံ တွေမှာ အပျက်အစီးများတဲ့ ရေ ကြီးမှုဘေးတွေ ကြုံတွေ့ခဲ့ကြရာ မှာ လူပေါင်း ၁,၀၀၀ ကျော် အ သက်ဆုံးရှုံးခဲ့ရပါတယ်။ ၂၀၁၇ ခုနှစ် ကုန်ဆုံးတဲ့အခါမှာတော့ ရာ သီဥတုမှတ်တမ်းများ စာရင်းအင်း နည်းနဲ့ ပြန်လည်ဆန်းစစ်ကြည့် တဲ့အခါမှာတော့၂၀၁၇ ခုနှစ်ဟာ အယ်လ်နီညို မဖြစ်တဲ့နှစ်တွေ ထဲမှာ အပူပြင်းဆုံးနှစ်ဖြစ်နေခဲ့ တာကို တွေ့ကြရပြန်ပါတယ်။

၂၀၁၈ ခုနှစ်ကျပြန်တော့ လည်း ကမ္ဘာ့သမိုင်းတစ်လျှောက် စတုတ္ထအပူဆုံးနှစ် ဖြစ်လာရပြန် တယ်။ သြစတြေလျတိုက်တွင် အပူရှိန်လွန်ကဲမှုကို ကြုံတွေ့ခဲ့ရ တယ်။ အမေရိကန်ပြည်ထောင်စုအရှေ့ပိုင်းမှာ အအေးလွန်ကဲမှု နဲ့အတူ အနောက်ကမ်းရိုးဒေသ မှာ မိုးသည်းထန်မှုကြောင့် ရွှံ့နွံပြို ကျမှုများဖြစ်ပွားခဲ့ရာ လူ ၁၇ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။

ပို၍ပို၍ ပူပြင်းလာနေတဲ့ ကမ္ဘာကြီးမှာ လက်ရှိ ၂၀၁၉ ခုနှစ် ဟာ ဘယ်လိုနှစ်မျိုးဖြစ်လာနိုင် ဦးမှာလဲ။ ထူးခြားတဲ့ ရာသီဥတု ဘေးများ ဖြစ်စေလေ့ရှိတဲ့တွေ့နေ ကျပုံစံမဟုတ်တဲ့ (သို့မဟုတ်)ရုတ် တရက်ဖြစ်ပေါ်လာတဲ့ သဘာဝ ကပ်ဘေးများဟာ ဒီနှစ်လိုပဲ ပို၍ ပို၍ တွေ့ကြုံလာကြရဦးမှာလား။ ဥတု (Climate) ပြောင်းလဲမှုတွေ ဟာ ရာသီ (Weather) အပေါ်မှာ ဘယ်လို အကျိုးသက်ရောက်မှု တွေ ရှိလာစေနိုင်ပြီး ကမ္ဘာ့ရာသီ ဥတုတွေမှာ စံအသစ်တွေ (New Norms)များ ဖြစ်လာစေဦးမှာ လား။

အချက်အလက်များကို စစ်ဆေးကြည့်ခြင်း။

ပထမဆုံးရာသီ (Weather) ဆိုသော အသုံးအနှုန်းနဲ့ (Climate) ဥတုဆိုသော အသုံးအနှုန်း တို့ရဲ့ ကွဲပြားခြားနားပုံကို သိမြင် ထားဖို့လိုပါတယ်။ ရာသီဆိုတာ ဟာ အချိန်တိုအတွင်း ဖြစ်ပေါ် နေတဲ့(မယ့်) လေထုရဲ့အခြေအ နေကို ခေါ်ဆိုခြင်းဖြစ်ပြီး ဥတုဆို တာကတော့ ကြာမြင့်တဲ့ကာလ ရှည်တစ်ခုအတွင်း ဖြစ်ပေါ်နေတဲ့ (မယ့်) လေထုရဲ့အခြေအနေကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ အဲဒါ ကြောင့် ရာသီဥတုပြောင်းလဲခြင်း (Climate Change)လို့ ဆိုလိုက် ရင် နေ့စဉ်တိုင်းတာရရှိတဲ့ အပူချိန်နဲ့ မိုးရေချိန်တို့ ကာလရှည် ပျမ်းမျှတန်ဖိုးများအတွင်း ဖြစ်ပေါ် လာတဲ့ပြောင်းလဲမှုများကို ခေါ်ဆို ခြင်းဖြစ်ပါတယ်။ အဲဒါကြောင့် အရပ်ဒေသတစ်ခုရဲ့ ပျမ်းမျှတန်ဖိုးများ (သို့မဟုတ်) တွေ့နေကျ ရာသီဥတုပုံစံတွေမှာ နှစ်အတော် ကြာကြာ အပြောင်းအလဲများကို တွေ့နေနိုင်သလို တချို့သောနှစ် တွေမှာ လွန်ကဲမှုများကိုလည်း ကြုံတွေ့နိုင်ကြပါတယ်။

မကြာသေးမီကာလက မိုး လေ၀သပညာရှင်များဟာ လွန် ကဲ(ရာသီဥတု) ဖြစ်စဉ်တစ်ခု ပေါ်မှာ သဘာဝကြောင့်လား၊လူ့ ပယောဂကြောင့်လား ဆိုတာကို အကျိုးသက်ရောက်မှုကို ထည့် သွင်း တွက်ချက်လာကြပါတယ်။ အခုလို တွက်ချက်ခြင်းအားဖြင့် ရာသီဥတု ပြောင်းလဲခြင်းဟာ တစ်စုံတစ်ခုသော လွန်ကဲဖြစ်စဉ် အပေါ်မှာ အကျိုးသက်ရောက်မှု ဘယ်လိုအခန်းကဏ္ဍက ပါဝင်နေ တယ်ဆိုတာကို သိလာစေနိုင်ပါ တယ်။ ဒါဟာ သဘာဝဘေးကာ ကွယ်ရေးလုပ်ငန်းတွေမှာ ဒေသ တစ်ခုအတွက် အနာဂတ်ဒေသ တွင်း ဆောင်ရွက်မှုတွေနဲ့ အရေး ပေါ်ဆောင်ရွက်မှုအစီအစဉ် တွေ အတွက် အလွန်အရေးပါလာနိုင် ပါတယ်။

ဒါတွင်မက အဆိုပါ လေ့လာမှုဟာတဲ့ အပူလှိုင်းဖြတ်ခြင်း၊ တောမီးလောင်ခြင်း၊ မိုးခေါင် ခြင်း၊ ထူးကဲစွာရေကြီးခြင်း စတဲ့ အတိတ်ကာလကဖြစ်ခဲ့တဲ့ လွန် ကဲဖြစ်စဉ်များဆိုင်ရာ အဓိက မောင်းနှင်အားဖြစ်ကြတဲ့၊ လေထု နဲ့ ရေထုများမှာ ဖြစ်ပေါ်တတ်တဲ့ အယ်လ်နီညို၊ လာနီညာဖြစ်စဉ် များကဲ့သို့ ပူနွေးခြင်း၊ အအေးပို ခြင်းဖြစ်စဉ်များအပေါ်မှာ ရာသီ ဥတုပြောင်းလဲခြင်းဟာ ဘယ်လို အခန်းကဏ္ဍက ပါဝင်နေတယ်ဆို တာကိုလည်း သိလာစေပါတယ်။

အတိတ်ကာလဖြစ်စဉ်များ ကို ပြန်လည်သုံးသပ်လေ့လာ ကြည့်ပါက ကြီးမားတဲ့ရာသီဥတု ဖြစ်စဉ်ကြီးများရဲ့စတင်ပုံ၊ ပျံ့နှံ့ သွားပုံနဲ့ အဆုံးသတ်အကျိုးသက် ရောက်ပုံများ အချက်အလက်အ မြောက်အမြား ပါဝင်ပတ်သက် နေကြတာကိုလည်း တွေ့နိုင်ကြ ပါတယ်။ အဆိုပါဖြစ်စဉ်များအား လုံးရဲ့ အကြောင်းရင်းဟာ ရာသီ ဥတုကြောင့် ဖြစ်ကြရပါတယ်လို့ မပြောနိုင်ဘဲ လူသားများရဲ့ ပယောဂဖြစ်တဲ့ မြို့ပြတိုးချဲ့ထူ တောင်ခြင်း၊ စက်မှုလုပ်ငန်းများ တိုးချဲ့ထူထောင်လာခြင်း၊ မြေ ယာအသုံးချမှုများ ပြောင်းလဲလာ ခြင်း စတဲ့အကြောင်းတရားတွေ ကြောင့်လည်း ပါဝင်နေတာကို တွေ့ကြရပါတယ်။

အနာဂတ်ကာလမှာ ဘယ်လိုရှိလာမလဲ

ကုလသမဂ္ဂ အထူးအဖွဲ့အ စည်းတစ်ရပ်ဖြစ်တဲ့ IPCC (Inter-governmental Panel on Climate Change) ကမ္ဘာ့ရာသီ ဥတုပြောင်းလဲမှုကို ဆန်းစစ်လေ့ လာသောအဖွဲ့ရဲ့ နောက်ဆုံးတွေ့ ရှိချက်အရ ကမ္ဘာကြီးရဲ့ ပျမ်းမျှ အပူချိန်တွေဟာ ဆက်လက် တိုးလာဦးမယ်လို့ ခန့်မှန်းထားပါ တယ်။ အဲဒါကြောင့် အနာဂတ် ကာလမှာ ပိုမိုပူနွေးတဲ့နှစ်တွေကို ကြုံကြရဦးမှာဖြစ်ပါတယ်။

ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ကမ္ဘာကြီးဟာ လွန်ကဲဖြစ်စဉ်များ မှာ ပြောင်းလဲမှုများအဖြစ် အပူချိန်မြင့်မားလွန်ကဲမှုများကို ပိုမို မကြာခဏ ကြုံတွေ့လာရခြင်း၊ မိုးသည်းထန်မှုများ ပိုမိုကြုံတွေ့ လာရခြင်းနဲ့ အအေးလွန်ကဲမှုများ လျော့နည်းကျဆင်းလာခြင်းများ ကိုလည်း ပိုမိုကြုံတွေ့လာကြရမှာ ဖြစ်ပါတယ်။ ဆိုလိုရင်းကတော့ အနာဂတ်ကာလမှာ ကမ္ဘာကြီး ဟာ နှစ်တစ်နှစ်ရဲ့ ပျမ်းမျှအပူချိန် နဲ့ မိုးရေချိန်တို့ရဲ့ဖြစ်ပေါ်မှု၊ ဖြန့် ဝေမှုနဲ့ ပျမ်းမျှတန်ဖိုးတွေမှာ အ ပြောင်းအလဲများ ပိုမိုမြင်တွေ့လာ ကြရမှာဖြစ်ပါတယ်။ ပိုမိုပူပြင်း သောနေ့များ တိုးလာခြင်း၊ ပိုအ အေးပိုတဲ့နေ့များ လျော့နည်းကျ ဆင်းလာခြင်း စတာတွေကြောင့် ပျမ်းမျှအားဖြင့် ပိုပိုပူနွေးတဲ့နှစ် တွေကိုသာ အများအားဖြင့် မြင် တွေ့လာရမှာဖြစ်ပါတယ်။

အထက်ဖော်ပြပါ ရာဦဥတု ပုံစံဟာ လွန်ကဲအပူချိန်များ ကြောင့် အပူလှိုင်းများ မကြာခဏ ဖြစ်ပေါ်နိုင်မှုကို ဖော်ပြနေပါ တယ်။ အဲဒါကို အကြောင်းပြုပြီး မိုးရွာသွန်းမှု လျော့နည်းမှုကြောင့် မိုးခေါင်ခြင်း၊ မြစ်ချောင်း၊ အင်း အိုင်များတွင် ရေအ၀င်နည်းခြင်း စတဲ့ နောက်ဆက်တွဲပြဿနာ များ တိုးလာနိုင်ပါတယ်။ GCM များရဲ့ ထွက်ချက်မှုအရ ဥရောပ တောင်ပိုင်းဒေသများတွင် ထူး ထူးခြားခြား အပူချိန်မြင့်တက် လာနိုင်ကြောင်း ခန့်မှန်းထားပါ တယ်။

မုန်တိုင်းများအခန်းကဏ္ဍ အနေနဲ့ ရာသီဥတုပြောင်းလဲမှု ကြောင့် အကျိုးသက်ရောက်မှု တွေဟာ အတန်ငယ်ရှုပ်ထွေးတဲ့ ဆက်စပ်မှုရှိနေပါတယ်။ နည်း ပညာရပ်တစ်ခုဖြစ်တဲ့ Clausius -Clapeyronrelationship ဆက် စပ်မှုအရ ရာသီဥတုပြောင်းလဲမှု ကြောင့် မုန်တိုင်းများရဲ့ အင်အား (Strength)နဲ့ ပြင်းအား (Intensity)များအပေါ် အပြောင်းအလဲရှိ လာနိုင်တယ်လို့ တွက်ချက်ရရှိပါ တယ်။

အပူချိန်နဲ့ လေထုအတွင်း ရေငွေ့သိုလှောင်နိုင်မှု ဆက်စပ် မှုအရ လေထုအတွင်း အပူချိန် 1°C တိုးလာတိုင်း လေထုအတွင်း ရေငွေ့ သိုလှောင်နိုင်မှုစွမ်းရည် ဟာ 7% ပိုတိုးလာစေပါတယ်။ အဲဒါကြောင့် ပိုမိုပူနွေးလာမယ့် သမုဒ္ဒရာ ရေပြင်အထက်မှာရှိတဲ့ လေထုဟာ ရေငွေ့သိုလှေင်နိုင်မှု စွမ်းရည်တိုးလာပြီး မိုးရေများကို ပိုမိုသိုလှောင်နိုင်ရုံမက ပိုမိုအား ကောင်းတဲ့ မုန်တိုင်းများကို ဖြစ် လာစေနိုင်မှာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပင် Clausius-Clapeyronrelationship ဆက်စပ်မှုအရ ကမ္ဘာ့လေထုအ ထက်ပိုင်းမှ လေအေးများက လေထုအလယ်ပိုင်းနဲ့ အောက်ပိုင်းများသို့ နိမ့်ဆင်းလာနိုင်မှုကြောင့် မုန်တိုင်းဖြစ်ပေါ်မှုကို ဟန့်တားစေနိုင်ပါတယ်။ အဲဒါကြောင့် အနာဂတ်ကာလမှာ ပင်လယ် သမုဒ္ဒရာများအပေါ်မှာ မုန်တိုင်း ဖြစ်ပေါ်မှု အကြိမ်အရေအတွက် နည်းသွားနိုင်သော်လည်း ပိုမိုအင်အားနဲ့ ပြင်းအားပြင်းထန်တဲ့မုန်တိုင်းကြီးများ (Super hurricane, Super typhoon, Super cyclone) ပိုမိုအဖြစ်များလာနိုင် ပါတယ်။

ပို၍ စွတ်စိုနိုင်တဲ့အနာဂတ်

ပူနွေးသောကမ္ဘာကြီးမှာ ပို ၍ စွတ်စိုသောရာသီဥတုကိုလည်း ဖြစ်လာစေနိုင်ပါတယ်။ ပို၍ ကာ လရှည်လျားပြီး ပို၍ခြောက်သွေ့ သောကာလများတိုးပွားလာသည် နှင့်အမျှ မိုးရာသီကာလများတိုတောင်းလာစေနိုင်သော်လည်း ရွာသွန်းသောမိုးရေချိန်များမှာ ပို မိုစုစည်းရွာသွန်းလာစေနိုင်တဲ့အ တွက် မြစ်များ၏ ရေဝေရေလဲဒေသများအတွင်း မိုးသည်းထန် စွာရွာသွန်းစေသောအခါ မြစ် ကြောင်းများ တစ်လျှောက်တွင် လည်းကောင်း၊ ရေဝေရေလဲဒေ သတွင်လည်းကောင်း ရေကြီးမှု၊ ရေလျှံမှုများကို ဖြစ်စေပါတယ်။ မြေယာအပြောင်းအလဲကိုဖြစ်စေ သော စိုက်ပျိုးမြေဧရိယာအ မြောက်အမြားဖော်ထုတ်မှု၊ သစ် တောပြုန်းတီးမှု စတာတွေ အပါ အ၀င် မြို့ပြဒေသများ ချဲ့ထွင် ဖော်ထုတ်မှုတွေဟာ ရေကြီးရေ လျှံမှုအန္တရာယ် ကျရောက်မှုကို တိုးပွားစေပါတယ်။

ဒီလိုဆိုရင် ၂၀၁၉ ခုနှစ်မှာ ဘာတွေဖြစ်လာမယ်လို့ မျှော် လင့်နိုင်သလဲ။ ၂၀၁၉ ခုနှစ် ဇွန်လ တတိယပတ်အတွင်းမှာ ရာသီ ဥတုဖောက်ပြန်မှုကြောင့် အထိတ်တလန့်ဖြစ်စရာ ဖြစ်စဉ်တွေ ဖြစ်ခဲ့ပြန်ပါတယ်။ ဒီနှစ် အိန္ဒိယနိုင်ငံမှာ မုတ်သုံအ၀င်ဟာ ပုံမှန်ထက် များစွာနောက်ကျနေပြီး အိန္ဒိယနိုင်ငံ မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ အပူလှိုင်းဖြတ်တဲ့အတွက် အပူချိန်များ 50°C ကျော်အထိ မြင့်တက်ခဲ့ရာ လူအများအပြား အသက်ဆုံးရှုံးခဲ့ရပါတယ်။ တောင်ပိုင်း Chennai မြို့မှာလည်း ပူပြင်းခြောက်သွေ့ပြီး မုတ်သုံမိုးမရတဲ့အတွက် သောက်စရာရေပင် မရှိတော့လောက်အောင် ရေတွေရှားသွားခဲ့ရာမှာ ဟိုတယ်များပင် မဖွင့်နိုင်ဘဲ ပိတ်ထားခဲ့ကြရပါတယ်။ ရေခဲတွေဖုံးအုပ်နေတဲ့ ဂရင်လန်ကျွန်းမှာ အပူရှိန်ပြင်းထန်မှုကြောင့် ဂရင်လန်ကျွန်း ရေခဲများရဲ့ ၄၀% ဟာ တစ်နေ့တည်းနဲ့ အရည်ပျော်ကျသွားခဲ့ရ ပါတယ်။

ရာသီဥတုပြောင်းလဲဖောက် ပြန်မှုများဟာ ဖြစ်ပေါ်နေသည်မှာ အချိန်ကာလကြာမြင့်ပြီ ဖြစ်ပါ တယ်။ ဖြစ်ပေါ်တဲ့အကြိမ်၊ အင် အားစတာတွေဟာ တစ်ရှိန်ထိုး တိုးလာနေပါတယ်။ လက်ရှိဖြစ် ပေါ်နေတဲ့ ဖောက်ပြန်မှုတွေနဲ့ အ လားတူဖြစ်ရပ်မျိုး သမိုင်းတွင် မရှိ ခဲ့ဖူးပါ။ ဒီဖြစ်စဉ်တွေရဲ့ပင်မအ ကြောင်းရင်းဖြစ်တဲ့ လူသားများ ရဲ့ ပယောဂကို အချိန်မီမပယ် ရှားနိုင်ပါက ကမ္ဘာကြီးရဲ့ သက်ရှိ ဖြစ်တည်မှုဟာ အနှေးနဲ့ အမြန်ဆို တာထက် မြန်မြန်ဆန်ဆန်ကြီး ပျောက်ကွယ် ပျက်သုဉ်းသွားရ လိမ့်မယ်လို့ ပညာရှင်များက ခန့် မှန်းထားကြောင်းပါဗျာ။

No comments:

Post a Comment