Saturday, June 29, 2019

လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ်တစ်ထောင်ကျော် ထုတ်လုပ်မည့်စီမံကိန်းငါးခု တင်ဒါခေါ်

လာမည့် နွေရာသီတွင်လျှပ်စစ်မီးမပြတ်စေရန် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁,၀၄၀ ၀ယ်ယူရေး ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊ ရေပေါ်ဓာတ်အားပေးစက်ရုံ၊ ဓာတ်အားပေးသင်္ဘော စသည်ဖြင့် ဆောင်ရွက်နိုင်သည့် စီမံကိန်းငါးခုနှင့်ပတ်သက်၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက  ဇွန်လ ၂၈ ရက်တွင် အိတ်ဖွင့်တင်ဒါ ဖိတ်ခေါ်သည်။ အဆိုပါစီမံကိန်းငါးခုသည်  ကျွန်းချောင်း၊ အလုံ၊ ကျောက်ဖြူ၊ သန်လျင်နှင့် သာကေတတို့တွင် တည်ဆောက်ရမည်ဖြစ်ပြီး စီးပွားဖြစ်ထုတ်လုပ်သည့်နှစ်မှ ငါးနှစ်ကြာ ဓာတ်အားဝယ်ယူမည်ဖြစ် သည်ဟု ၀န်ကြီးဌာနက ဆိုထား သည်။



‘‘လာမယ့်နှစ်နွေအတွက်ပါ။ ကျွန်တော်တို့ ပြောပြောနေတဲ့ နောက်နှစ် နွေလောက်အောင် ဆောင်ရွက်နေတာ အဲဒီ ကိစ္စတွေ ပါ’’ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန် ကြီးဌာန ဒုတိယအမြဲတမ်းအ တွင်းဝန် ဦးစိုးမြင့်က ပြောသည်။

စီမံကိန်းများကို လွတ်လပ် စွာ ဓာတ်အားထုတ်လုပ်ခြင်းနှင့် BOT (တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်း) စနစ်ဖြင့် လုပ်ကိုင်ရ မည်ဟု ၀န်ကြီးဌာနက ဆိုသည်။

ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကျွန်းချောင်းတွင် မဂ္ဂါဝပ် ၂၀ နှင့် အလုံတွင် မဂ္ဂါဝပ် ၁၂၀ ထုတ်လုပ်မည်ဖြစ်ပြီး ထိုစီမံကိန်း နှစ်ခုသည် သဘာဝဓာတ်ငွေ့ကို အခြေခံ၍ ဓာတ်အားထုတ်လုပ် မည်ဖြစ်သည်။

ကျောက်ဖြူတွင် မဂ္ဂါဝပ် ၁၅၀၊ သန်လျင်တွင် မဂ္ဂါဝပ် ၃၅၀ နှင့် သာကေတတွင် မဂ္ဂါဝပ် ၄၀၀ ထုတ်လုပ်ရန် ဖိတ်ခေါ်ထားပြီး ထိုစီမံကိန်းသုံးခုသည် LNG မှ ထုတ်ယူရမည်ဟု ၀န်ကြီးဌာနက ဆိုထားသည်။

မြန်မာနိုင်ငံတွင် ဓာတ်အား ပေး သင်္ဘောစီမံကိန်းကို ဦးသိန်း စိန်အစိုးရလက်ထက်တွင် စတင် ရန် စီစဉ်ခဲ့ဖူးသည်။ လက်ရှိ အစိုးရလက်ထက်တွင် မဂ္ဂါဝပ် ၃၀၀ ထုတ်လုပ်နိုင်မည့် တူရကီ ဓာတ်အားပေးသင်္ဘောကို ၂၀၁၇ မှ ၂၀၂၂ အထိ ငှားရမ်းရန် သဘောတူခဲ့သော်လည်း စီမံကိန်းအ ကောင်အထည်ပေါ်လာခြင်း မရှိ ပေ။ မြန်မာနိုင်ငံတွင် လက်ရှိ၌ ဓာတ်အားသုံးစွဲမှု မဂ္ဂါဝပ် ၃,၁၄၀ ကျော်ရှိသည်။ ၂၀၁၉  ဧပြီတွင် တစ်နိုင်ငံလုံး၌ ဓာတ်အား ထပ်မံလိုအပ်ချက် မဂ္ဂါဝပ် ၄၀၀ရှိခဲ့ပြီး ခန့်မှန်းတွက်ချက်မှုများ အရ ၂၀၂၀ တွင် ၆၈၈ မဂ္ဂါဝပ်တိုး တက်သုံးစွဲလာမည်ဟု လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောထားသည်။

No comments:

Post a Comment