Saturday, June 29, 2019

အမေရိကန်နှင့်ရုရှား သမ္မတနှစ်ဦး တွေ့ဆုံဆွေးနွေး

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ဟာ ဇွန်လ ၂၈ ရက်နေ့က ဂျပန်နိုင်ငံ အိုဆာကာမြို့မှာပြုလုပ်တဲ့ G20 ထိပ်သီးဆွေးနွေးပွဲရဲ့ ဆက်စပ်အစည်းအဝေးမှာ တွေ့ဆုံခဲ့ပါတယ်။ သမ္မတ ထရမ့်နဲ့ သမ္မတ ပူတင်တို့ရဲ့ အခုတကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးပွဲဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ဟယ်စင်ကီ ထိပ်သီးဆွေးနွေးပွဲ နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။


ဆွေးနွေးပွဲမတိုင်မီ သမ္မတ ထရမ့်က အမေရိကန်နဲ့ ရုရှားကိုယ်စားလှယ်တွေဟာ ကုန်သွယ်ရေး၊ လက်နက်ဖျက်သိမ်းရေးနဲ့ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ အပါအ၀င် အကြောင်းအရာ အတော်များများကို ဆွေးနွေးမယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် သမ္မတ ထရမ့်က ၂၀၂၀ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ရုရှားဘက်က ၀င်မစွက်ဖို့ကိုလည်း သမ္မတ ပူတင်ကို ပြောခဲ့ပါတယ်။

ရုရှားသမ္မတ ပူတင်ကတော့ သမ္မတ ထရမ့်နဲ့ အိုဆာကာမှာ တွေ့ဆုံဆွေးနွေးရတာဟာ အခွင့်အလမ်းကောင်း တစ်ခုဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

No comments:

Post a Comment