Saturday, June 29, 2019

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတွင် နိုင်ငံခြားသားပညာရှင်များကို လစာပေး၍ တရားဝင်ခန့်အပ်ထားခြင်းမရှိ

သာသနာရေးနှင့်  ယဉ်ကျေးမှုဝန်ကြီးဌာနတွင် အစိုး ရအနေဖြင့် လစာပေး၍တရားဝင် ခန့်အပ်ထားသည့် နိုင်ငံခြားသား ပညာရှင်လုံးဝမရှိကြောင်းယင်း ဌာနမှတာဝန်ရှိသူများက အတည် ပြုပြောကြားသည်။ သာသနာရေးဦးစီးဌာန ညွှန် ကြားရေးမှူး ဦးအောင်ဆန်း ၀င်းက ‘‘သာသနာရေးဝန်ကြီးဌာန  မှာ မရှိဘူး။ နိုင်ငံခြားသားကို ပြောတာ’’ ဟု ၎င်းက 7Day Daily သတင်းစာအား ယမန်နေ့ တွင် ပြောသည်။ ယဉ်ကျေးမှုဦးစီးဌာနတွင်မူ မြောက်ဦးကမ္ဘာ့အမွေအနှစ်တင် သွင်းရေးနှင့် ပတ်သက်၍နိုင်ငံခြား သားပညာရှင်များကို ခန့်အပ်ထား ခြင်းမျိုးမဟုတ်ဘဲဝပ်ရှော့များ၌ စရိတ်ခံဖိတ်ကြား၍ ၀ိုင်းဝန်း ကူညီခြင်းသာရှိကြောင်း ယဉ် ကျေးမှုဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်ဦးကျော်ဦးလွင်ကပြော သည်။



‘‘ပညာပေးခန့်တာ မဟုတ် ဘူး။ လစာပေးခန့်လည်း ဘယ်ရ မလဲနိုင်ငံခြားသားတစ်ယောက် က။ ကျွန်တော်တို့က သူတို့ကိုလေ ယာဉ်စရိတ်ပေးတယ်။ ဟိုတယ် ခ၊ စားစရိတ်တို့ပေးတယ်။ အဲဒီ လိုဟာလေးနဲ့လုပ်ပေးတာ သူတို့ က၊ တစ်လကိုဒေါ်လာငါးထောင်၊ တစ်သောင်းပေးတာမဟုတ်ဘူး’’ ဟု ၎င်းကရှင်းပြသည်။

ထိုသို့ကူညီပေးနေသော နိုင် ငံခြားသားပညာရှင်များသည်အိန္ဒိ ယနိုင်ငံ၊ နီပေါနိုင်ငံသား၊ ဆွစ်ဇ လန်လူမျိုးတို့ဖြစ်ကြောင်း ဦး ကျော်ဦးလွင်ကပြောသည်။

ပုဂံဒေသယူနက်စကိုစာရင်း ၀င်ရေးယူနက်စကိုက တာဝန်ယူ ၍ နိုင်ငံခြားသားပညာရှင်များကို ဌားရမ်းပေးထားပြီး မြောက်ဦး ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး ယဉ်ကျေးမှုဦးစီးဌာနအနေဖြင့် ဆွေး နွေး၍ ကူညီခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘လစာပေးခန့်တာမရှိဘူး။   တခြားအဖွဲ့အစည်းတွေက ကူညီ ပြီး ပို့ထားတာတော့ရှိတယ်’’ ဟု ဦးကျော်လွင်ဦးကရှင်းပြသည်။ ၀ရမ်းပြေးအဖြစ်ကြေညာခံ ထားရသူ ဦးဝီရသူက ‘‘သာသနာ ရေးဌာနမှာ နိုင်ငံခြားသားပညာ ရှင်တွေကို အကြံပေးခန့်ထားတဲ့ အတွက်ကြောင့် သာသနာရေးဌာ နရဲ့ ထုတ်ပြန်ချက်တွေဟာ နိုင်ငံ ရေးအသွင်ဆောင်သွားခြင်းဖြစ်ပါ တယ်ဘုရား၊ ဘုရားတပည့်တော် တို့ဘယ်လိုခံစားရလဲဆိုရင် သာ သနာရေးဟာ ကိုလိုနီလက် အောက်ခံဖြစ်ပါပြီ။ တပည့်တော် တို့ သာသနာတော်သည် ကိုလိုနီ ဘ၀ကျရောက်သွားပြီလို့ ခံစား နေရပါတယ်ဘုရား’’ ဟု  VK လူမှု ကွန်ရက်အကောင့်မှ ဝေဖန်ပြော ဆိုမှုများရှိသည်။

No comments:

Post a Comment