Saturday, June 29, 2019

စစ်ပွဲမှာ တိုတောင်းလိမ့်မည်မဟုတ်ဟု အီရန်က ထရန့်ကို သတိပေး

အီရန်ဆန့်ကျင်ရေး ညွန့်ပေါင်းတစ်ခု ဖွဲ့ရေးအတွက် အမေရိကန်က နေတိုး၏ အကူအညီကို ရရှိရန် ကြိုးပမ်းနေစဉ် အီရန်နိုင်ငံခြားရေးဝန်ကြီးက ゞင်းတို့နှစ်နိုင်ငံကြားမှ စစ်ပွဲမှာ တိုတောင်းလိမ့်မည်ဟု အထင်မမှားစေရန် ဇွန် ၂၇ ရက်က သတိပေးခဲ့သည်။ ထိုစဉ် ဗီယင်နာမှ သံတမန်ရင်းမြစ်တစ်ဦးက အီရန်သည် ကမ္ဘာ့အင်အားကြီး နိုင်ငံအချို့နှင့် သဘောတူထားသော ゞင်း၏ သိုလှောင်ယူရေနီယံ ပမာဏကို တိုးမြှင့်လိမ့်မည်မဟုတ်ဟု ပြောကြားခဲ့သည်။ ယင်းသည် ယခုလအစောပိုင်းက အီရန်ပြောကြားခဲ့သည်နှင့် ခြားနားနေခဲ့သည်။



သန့်စင်ပြီး ယူရေနီယံ သိုလှောင်ပမာဏကို အများဆုံး ကီလိုဂရမ် ၃၀ဝ (ပေါင်ချိန် ၆၆၀) ထက်မကျော်စေရန် သဘောတူထားခြင်းဖြစ်သည်။ သို့သော် အမေရိကန်နုတ်ထွက်သွားသော ၂၀၁၅ ခုနှစ် အီရန်နျူက လီးယားသဘောတူညီချက်ကို လိုက်နာစရာ မလိုတော့ဟု ခံစားရသောကြောင့် ဇွန် ၂၇ ရက်တွင် သတ်မှတ်ပမာဏကို တိုးချဲ့လိမ့်မည်ဟု ခန့်မှန်းထားကြောင်း အီရန်က ထုတ်ပြန်ခဲ့သည်။


“သူတို့ ဒီနေ့ကျော်မှာ မဟုတ်ပါဘူး” ဟု ဗီယင်နာမှ အမည်မဖော်လိုသော သံတမန်ရင်းမြစ်တစ်ဦးက အီရန်နျူကလီးယား သဘောတူညီချက်ကို စောင့်ကြည့်သော ကော်မရှင်၏ အစည်းအဝေးမတိုင်မီ ပြောကြားခဲ့သည်။ ယင်းမှာ နိုင်ငံရေးအကြောင်းရင်းကြောင့် ဖြစ်နိုင်သည်ဟု သတင်းရင်းမြစ်က ပြောခဲ့ပြီး ဥရောပအစိုးရအဖွဲ့များကလည်း ပင်လယ်ကွေ့ဒေသထဲမှ တင်းမာမှုများ လျော့ကျလာစေရန် မကြာသေးမီရက်များအတွင်းက တိုးမြှင့်ကြိုးပမ်းလာကြသည်။

သို့သော် အမည်မဖော်လိုသော အီရန်အရာရှိတစ်ဦးက ဇွန် ၂၇ နှင့် ၂၈ ရက်တို့သည် အီရန်၌ သီတင်းပတ်ကုန်ရက်များ ဖြစ်နေခြင်းကို ထောက်ပြပြီး လုပ်ထုံးလုပ်နည်း သဘောတရားအရ သတ်မှတ်ပမာဏအား မကျော်နိုင်သေးခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

စစ်ပွဲတိုတောင်းမည်ဟု အထင်မမှားစေလို

ထရန့်က အီရန်နှင့် စစ်မဖြစ်ပွားလိုကြောင်း၊ သို့သော် တိုက်ပွဲဖြစ်ပွားလာပါကလည်း ရှည်ကြာလိမ့်မည်မဟုတ်ကြောင်း ထရန့်က ပြောကြားခဲ့ပြီး နောက်တစ်ရက်အကြာတွင် အီရန်နိုင်ငံခြားရေးဝန်ကြီး ဇာရစ်က အီရန်နှင့် စစ်ပွဲမှာ တိုမည်ဆိုသည်မှာ အထင်မှားခြင်းသာဖြစ်ကြောင်း Twitter ၌ ရေးသားခဲ့သည်။

“စစ်ပွဲကို စတဲ့ဘယ်သူမဆို စစ်ပွဲကို အဆုံးသတ်တဲ့သူ ဖြစ်မှာတော့မဟုတ်ဘူး” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ မည်သည့် စစ်ပွဲမဆို လေကြောင်းတိုက်ခိုက်မှုဖြင့်သာ ဆင်နွှဲမည်ဟု ထရန့်က  ဇွန် ၂၆ ရက်တွင် အရိပ်အမြွက် ပြောကြားခဲ့သည်။

Fox Business Network နှင့် အင်တာဗျူးတစ်ခုတွင် အမေရိကန်က အီရန်နှင့် စစ်ဖြစ်ပွားမည်လားဟု ထရန့်ကို မေးမြန်းခဲ့ရာ “မဖြစ်ဘူးလို့တော့ မျှော်မှန်းရတာပဲ။ ဖြစ်မယ်ဆိုရင်လည်း ကျွန်တော်တို့မှာ အလွန်အားကောင်းတဲ့ အနေအထားမှာ ရှိပါတယ်။ စစ်ပွဲဟာ အရမ်းရှည်မှာ မဟုတ်ဘူးဆိုတာတော့ ပြောနိုင်ပါတယ်။ နောက်ပြီး မြေပြင်တပ်ဖွဲ့တွေ ပါမှာမဟုတ်ပါဘူး” ဟု ထရန့်က ပြန်လည်ဖြေကြားခဲ့သည်။

အီရန်သမ္မတ ဟက်ဆန်ရိုဟာနီက နှစ်နိုင်ငံကြားမှ ပဋိပက္ခကို ထိန်းချုပ်ရန် ကြိုးပမ်းသည့်အနေနှင့် အီရန်သည် အမေရိကန်နှင့် စစ်ဖြစ်ပွားရန် ဘယ်တော့မှ ကြိုးပမ်းမည်မဟုတ်ဟု ပြောပြီးနောက် ထရန့်၏ ယခုပြောကြားချက် ထွက်ပေါ်လာခဲ့သည်။

No comments:

Post a Comment