Saturday, June 29, 2019

ဥက္ကံတွင် နေအိမ် ၂ လုံးနှင့် ဘုန်းကြီးကျောင်းသိမ် တောဆင်ရိုင်း ဖျက်ဆီး

တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ချောင်းစောက်ကျေးရွာအုပ်စုမှာ ဇွန် ၂၉ ရက် မနက် ၁ နာရီလောက်က တာဆင်ရိုင်းတကောင် ဝင်ရောက်ဖျက်ဆီးခဲ့လို့ နေအိမ် ၂ လုံး၊ ဘုန်းကြီးကျောင်းသိမ် ၁ ခုနဲ့ ဘုရားကျောင်းဆောင် ပျက်ဆီးခဲ့တယ်လို့ ကျေးရွာအုပ်ချူပ်ရေးမှူး ဦးကျော်နိုင်ဝင်းက ပြောပါတယ်။


“မအူခုံကျေးရွာအရှေ့ဘက် တောစပ်နားက ဦးအောင်မြင့်အေးရဲ့ ၃ ပင် ဝါးအိမ်တစ်လုံး၊ ကျောက်ပြင်သာကျေးရွာက လယ်စောင့်တဲတလုံးနဲ့ ကျောက်ပြင်သာဘုန်းကြီးကျောင်းဝန်းထဲက သိမ်ကိုဝင်ပြီးဘုရားကျောင်းဆောင်အတွင်းက မြသပိတ်တလုံးနဲ့ ဘုရားပန်းအိုးတွေကို ဝင်ဖျက်ဆီးသွားတယ်။ လူနေအိမ်က ဆန်၊ ငပိ၊ ငါးခြောက်နဲ့ စားစရာတွေကိုတော့ စားသောက်သွားတယ်။ လယ်စောင့်တဲ့ကတော့ လူမရှိဘူး၊ ဦးအောင်မြင့်အေးအိမ်ကတော့ လူနေတယ်၊ ဆင်လာတော့ သူတို့မိသားစု ၄ ဦးကထွက်ပြေးခဲ့လို့ လူတွေတော့ဘာမှမဖြစ်ဘူး။ ဆုံးရှုံးမှုတန်ဖိုးက စုစုပေါင်း(၁၃၀၀၀၀)ကျပ်ရှိတယ်။ ကျနော်အုပ်စုထဲကို ဒီနှစ်ထဲ တောဆင်ရိုင်း ၃ ကြိမ်ရှိပြီ ဝင်ဖျက်ဆီးတာ” လို့ ပြောပါတယ်။

ပဲခူးရိုးမအနီးက ကျေးရွာတွေကို နှစ်စဉ် တောဆင်ရိုင်းတွေ ဝင်ရောက်ပြီး စိုက်ပျိုးထားတဲ့ စိုက်ခင်းတွေနဲ့ လူနေအိမ်တွေကို ဝင်ရောက်ဖျက်ဆီးပြီး ဆန်၊ ငါးပိ၊ ငါးခြောက်နဲ့ အခြားအစားအစာတွေကို စားသောက်ကြသလို လူနဲ့ပတ်ပင်းတိုးရင် နင်းသတ်တာတွေအထိ ဖြစ်နေတာပါ။

ဇွန်လ ၆ ရက်ကလည်း ဥက္ကံသစ်တောကြိုးဝိုင်းအတွင်း သားမိနှစ်ယောက် အိပ်ပျော်နေစဉ် ဝင်ရောက်နင်းသတ်မှု ဖြစ်ခဲ့ပါတယ်။

No comments:

Post a Comment